ရှင်ဇိန (၁၁၄၁ - ၁၂၁+) သည် "စပါးတောဆရာတော်" ဟု ထင်ရှားခဲသည့် ဆရာတော်ဖြစ်သည်။[၁]

ဘဝ ပြင်ဆင်ရန်

ဆရာတော်ကို ၁၁၄၁ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်နေ့တွင် ပင်းတယမြို့၊ တောင်လက်မြရိပ်ရွာတွင် ဖွားမြင်ခဲ့သည်။ မိဘနှစ်ပါးမှာ တည်တောဗိုလ် နေမျိုးသီဟသင်္ခယာဘွဲ့ရ မောင်ဖြူနှင့် ရှင်ရေးတို့ ဖြစ်သည်။ ဆရာတော်၏ ငယ်မည်မှာ "မောင်လှေး" ဖြစ်သည်။

အရွယ်ရောက်သည့်အခါ "ရှင်ဇိန" ဟူသည့်ဘွဲ့ဖြင့် ရဟန်းပြုခဲ့သည်။ ဆရာတော်သည် အမရပူရမြို့ အနောက်မျက်နှာ ဂူကြီးဘုရားမြောက်ဘက် မြသိန်းတန်ကျောင်းတိုက်တွင် သီတင်းသုံးခဲ့သည်။ ထိုမြသိန်းတန်ကျောင်းတွင် သီတင်းသုံးသဖြင့် "ဒုတိယမြသိန်းတန်ဆရာတော်" ဟုလည် ထင်ရှားသည်။

ဆရာတော်သည် "ဇိနာဘိသဒ္ဓမ္မဓဇမဟာဓမ္မရာဇာဓိရာဇဂုရု" တံဆိပ်တော် ရခဲ့သည်။[၁]

ပျံလွန်တော်မူခြင်း ပြင်ဆင်ရန်

ဆရာတော်သည် ၁၂၁၃ ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၇၁။