ရှင်ဉာဏဝံသ (ဂွေးချိုဆရာတော်)

ရှင်ဉာဏဝံသ (၁၁၆၃ - ၁၂၁+) သည် “ဂွေးချိုဆရာတော်” ဟု သိကြသည့် ဆရာတော်ဖြစ်သည်။[၁]

ဘဝ ပြင်ဆင်ရန်

ဆရာတော်ကို ၁၁၆၃ ခုနှစ်၊ နယုန်လဆန်း ၈ ရက်နေ့တွင် ဗန့်ကျီတိုက်ကျားတက်ရွာ၌ ဖွားမြင်ခဲ့သည်။ အရွယ်ရောက်သည့်အခါ ရဟန်းပြုခဲ့သည်။ ရဟန်းဘွဲ့မှာ “ရှင်ဉာဏဝံသ” ဖြစ်သည်။ ပုဂံမင်းလက်ထက် အင်းဝမြို့တော်တောင်ဘက်အတွင်း၌ သီတင်းသုံးသည့် ပုဂံနတ်ထောင့်ဆရာတော်ထံတွင် ပညာများ သင်ယူခဲ့သည်။ မင်းတုန်းမင်းလက်ထက်တွင် အမရပူရမြို့ မြောက်မျက်နှာ ဂွေးချိုကျောင်းတိုက်တွင် မြင်စိုင်းနှင့် မြင်ကွန်းမြို့စားမင်းသမီး ဆောက်လုပ်လှူဒါန်းသည့် ကျောင်းတွင် သီတင်းသုံးခဲ့သည်။

ဆရာတော်သည် “ဉာဏဝဇီရဓဇမဟာဓမ္မရာဇဂုရုတံဆိပ်တော်” ကို ရခဲ့သည်။[၁]

ပျံလွန်တော်မူခြင်း ပြင်ဆင်ရန်

ဆရာတော်သည် ၁၂၁၃ ခုနှစ်နောက်ပိုင်းတွင်မှ ပျံလွန်တော်မူခဲ့သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၉၁။