ရှင်ဒိသာပါမောက်ကျောက်စာ

ရှင်ဒီသာပါမောက် ကျောက်စာ အေဒီ ၁၂၈၅။

ယခုလက်ရှိ ပုဂံပြတိုက် အတွင်းတွင် Plate - 271 အဖြစ်မင်ကူး၍ စာအိတ်- အတွင်း အခြားကျောက်စာနှစ်ခုနှင့် အတူ ထိန်းသိမ်းထားသော သျှင်ဒိသာ ပါမောက္ခ ကျောက်စာ (မူလ- မင်္ဂလာစေတီ၊ပုဂံ)တွေ့ရသည် ။ (တင်၊လု့စ်၊ လန်ဒန်၊၁၉၃၆) ။ -ဤကျောက်စာမှ ၁၃ ရာစုအတွင်း မြန်မာနိုင်ငံ ကိုမွန်ဂိုတို့ ကျူးကျော်ခဲ့သော အဖြစ်ကို သိရပါသည် ။ တရုတ်မှတ်တမ်း - များနှင့် တိုက်ဆိုင် -စစ်ဆေး၍ သမိုင်းတွင် ဖြစ်ပျက်ခဲ့သော အဖြစ်မှန်ကို ကျွနု်ပ်တို့ ပြင်ဆင် -ပေးနိုင်ပါသည် ။ ထို့ကြောင့် - ပထမဦးစွာ မြန်မာ့ -ရာဇဝင် ကျမ်းများထဲတွင် တွေ့ရသော နရသီဟပတေ့မင်း -( တရုတ်ပြေးမင်း ) အေဒီ ၁၂၅၄-၁၂၈၇ လက်ထက် မွန်ဂိုကျူးကျော်စစ် ၏ အဖြစ်အပျက် များကို မှတ်တမ်းတင်ထားမှုကိုဦးစွာဖော်ပြပေးပါမည် ။ မြန်မာ့ အစောဆုံး ရာဇဝင်ကျမ်း ဖြစ်သော ဦးကုလားမဟာရာဇဝင် (၁၇၁၄) နှင့် ဘုရင့်အမိန့်နှင့်အဖွဲ့လိုက်ရေးသော မှန်နန်းရာဇဝင် (၁၈၂၉) တွင် အောက်ပါအတိုင်းဖော်ပြထား ပါသည် ။ သက္ကရာဇ်- ၆၃၄(အေဒီ ၁၂၈၁) တွင် နိုင်ငံတော် ဖြစ်သော မုတ္တမကို စားသော အလိမ္မာ-အမတ်ကို မွန်(တလိုင်း) ဝါရီရူ လုပ်ကြံ၍မင်းပြုလေသည် ။ ထိုသက္ကရာဇ်တွင် တရုတ် ဥတည်ဘွားက ရွှေ-ထမင်းအိုး ၊ ရွှေပေါင်းချောင် ၊ ငွေပေါင်းချောင် ၊ရွှေယောက်မ ၊ ငွေ ယောက်မ ၊ ရွှေဟင်းချို ၊ ငွေဟင်းချို -အနော်ရထာမင်းစော ဆက်ဖူးသည်ဟူ၍ အမတ်တကျိတ်နှင့် မြင်းသည် - တစ်ထောင် တို့ကိုစေ၍ -တောင်းလာသည် ။ အချို့ရာဇဝင်မှာ ဆင်ဖြူတောင်းလာသည် ဟု၍လည်းဆိုသည် ။တောင်းလာသော - တရုတ်သံတို့သည်လည်း မင်းရှေ့တွင်မကော်မရော် မကျစ်မလစ်ပြုချေ၏ ။ အမတ်တစ်ကျိတ်နှင့် မြင်းသည်-တစ်ထောင်ကို မလွတ်သတ်လေဟုအမိန့်ရှိလေသည် ။ ထိုအခါအနန္တပစ္စည်းအမတ်ဤသို့နားတော်လျောက်၏ ။ " ဘုန်းကြီးသောဘုရား တရုတ်ဥတည် ဘွား သံတို့သည် ရာဇဝတ်၌ မလိမ္မာမချေငံကျင့် မိလေမှတ်သား၍ ဥတည်ဘွား သို့စေတော် မူသင့်သည် ။ သည်းခံ၍ ပြည်ရေးပြည်ရွာမှုကို- ပြေလည်အောင် မိန့်တော်မူ သင့်လည်းမိန့်ရမည် ။ မင်းအဆက်ဆက် တို့သည် သံတမန်ကို သတ်သော ထုံးစံ မရှိ ။ သည်းခံတော်မူမှ သင့်မည်ဟူ၍ - နားတော်လျောက်၏ ။ မင်းကြီးလည်း ငါသို့သောမင်းကြီး ကို မခံ့မရည်းကျင့်သည် သတ်လေဟုမိန့်တော်မူလိုက်သည် ။ အမတ်တို့လည်း -မင်းကြီး အာဏာတော်ကို ကြောက်၍တစ်ယောက်မလွတ် သတ်လေသည် ။ သံတို့အားသတ်လေသော အကြောင်းကို ဥတည်ဘွားကြားလေ လျှင်အမျက်ပြင်းစွာထွက်၍ မြင်းသည် ခြောက်သန်းခြေသည် နှစ်ကုဋေမျှ လောက်သော စစ်အင်္ဂ ါတို့ကို စီရင်၍ ချီလာရ၏ ။ တရုတ်ဥတည်ဘွား စစ်သည်တို့ ချီလာပြီ ဟူ၍ နရသီဟပတေ့ ကြားတော်မူသော် စစ်သူကြီးအနန္တ ပစ္စည်း ၊ ရန္တပစ္စည်း တို့ကို သူရဲ - လေးသိန်း ၊ ဆင်လုံး မြင်းရင်း အများပေး၍ ချီလာသော တရုတ်စစ်သည် တို့ကို ဆီးဆို့တိုက် ရမည် ဟုချီစေ၏ ။ စစ်သူကြီးလေးယောက် တို့လည်းချီစေ၍ ငဆောင်ချမ်းမြို့သို့ရောက် လျှင် မြို့ပြ ကျုံးမြောင်း ကောင်းမွန်အောင် ပြင်ဆင်လုပ် ဆောင်၍ ဗန်းမော် မြစ်ကူးကတိုက်သည ်။ သုံးလတိုင်တိုင်ဆင်ကံကျွေး ၊ မြင်းကံ ကျွေးမျှ မလွတ်ရအောင် သတ်သည်ဖြစ်၍ သေလေသည်ကိုလည်းတရုတ် ဥတည်ဘွားက တစ်သိန်းကုန် လျှင် နှစ်သိန်း ၊ နှစ်သိန်း-ကုန်လျှင် လေးသိန်းထပ်လောင်းလာ၍ ပင်ပန်းလာကာ တရုတ်တို့ မြစ်ကိုကူးမိလျှင် ငဆောင်ချမ်းပျက်လေသည် ။ မင်းကြီးလည်း မှူးတော် မတ်တော် တို့ကို ခေါ်၍ တိုင်ပင် တော်မူ၏ ။ ယခုပုဂံမြို့ သည် မြို့လည်း ကျဉ်းလှသည် ၊ မြို့စောက်လည်း နိမ့်သည် ၊ သူရဲ ဗိုလ်ပါ ဆင်လုံးမြင်းရင်း နေ၍မခံသာ ဖြစ်သည် ။ အရှေ့မြစ် သာ ပထင်းရွာကသည် တောင်ကိုအဖြောင့် သွား၍ ရွာသာမြို့ကို အတွင်းသွင်းပြီးသော် ခိုင်လုံအောင်မြို့တည်မည် ငါအကြံရှိသည် ။ ယခု အုတ်ကျောက် အလျင်မရသာ ဖြစ်သော ကြောင့် ဘုရား -ဂူကျောင်းကို ဖျက်၍ အုတ်ကိုယူမှ အလျင်ပြီး လွယ်မည်ဟု အမိန့်တော်ရှိ၍ ဖျက်လေသည်ကား ဂူကြီး တစ်ထောင် ၊ဂူငယ် - တစ်သောင်း ၊ ကုလား ကျောင်း-သုံးထောင် ပျက်သောဟူ၏ ။ ထိုသ်ု့ိဖျက်ရာတွင် ဂူကြီး တစ်လုံး၌ကြေးနီပုရပိုက်နှင့် အနုံရာဇသိုက် ရ၍ဖတ်စေသော် ပုဂံပြည်တွင် သားမွှာဘ - လက်ထက် တရုတ်ဖျက်၍ပျက်လတ္တံ့ ဟု စာတွင်ပါသော ကြောင့် ကိုယ်လုပ်တော်တို့ကို မေးစစ်သော် ကိုယ်လုပ်တော် - ငယ်တွင်သားမြွှာဖွားကြောင်း သိရလေ၏ ။ မင်းကြီးလည်း မြို့တည်လုပ်၍ ခံသော် လည်း မခံနိုင်ရာချေ ဟု ရဲလှေသမ္ဗန် တိုက်လှေကြီး တစ်ထောင်တို့ ကိုပြင်ဆင် စေ၍ ရွှေငွေ အစရှိသော ဘဏ္ဍာ အပေါင်းတို့ ကိုတင်စေ၏ ။ ကုန်လှေ တစ်ထောင်တို့ကိုစပါးတင်စေ၏ ။ လှော်ကားကျော့လှေတစ်ထောင်၌ မှူးမတ်အပေါင်းကိုစီးစေ၏ ။ ရွှေလှော်ကားတစ်ထောင်၌ မောင်းမ မိဿံ မင်းထိန်း မင်းယတို့ ကိုစီးစေ၏ ။ လူများ၍မစီးသာ ရှိလျှင်အတွင်း စေ မိန်းမတို့ကို အလွတ်ပစ်ထားခဲ့လျှင် တရုတ်တို့ယူမည် ဖြစ်၍ခြေနှင့်လက်ကို တုပ်ပြီးလျှင် ရေမှာပစ်လေဟုမိန့်တော်မူ၏ ။ ဆရာတော် မဟာထေရ်က နောင်လာလတ္တံ့သော မင်းတို့အစဉ်ဆိုချင်စရာ ဥဒါန်းမော်ကွန်း မဖြစ်လေအောင် လှေတွင်မဆံ့ သမျှသော အတွင်း စေမိန်းမတို့ကို ရဟန်းရှင်လူမည်သူမဆိုအလိုရှိသူယူပစေဟု ခွင့်ပြုတော်မူလျှင် အသက်အလှူကိုပြုရာ ရောက်သည်ဟုဆိုသည်။ မင်းကြီးလည်း ဟုတ်လှပေသည် ဟု သုံးရာသော အတွင်းစေ မိန်းမတို့ကိုလွှတ်၏ ။ မင်းကြီးလည်း ရတနာ ရွှေဖောင်စီး၍ တလိုင်း ၊ မွန် ၊ ပုသိမ် သို့စုန်တော်မူလေ၏။ စစ်သူကြီး အနန္တပစ္စည်း ၊ရန္တပစ္စည်း တို့ လည်း ငဆောင်ချမ်း ပျက်လျှင်ဆုတ်ခဲ့၍ မလည်တောင်ယံ အရှေ့၌ မြို့နှစ်မြို့ တည်၍ ခံပြန် လေ၏ ။ စစ်သူကြီးနှစ်ယောက်တို့ သည် ပြဒါးသေငုံပြီး သော် ကောင်းကင်သို့ နှစ်ဆယ့်ငါးတောင် နှစ်ဆယ့်ခြောက်တောင် တိုင်အောင်ခုန်၍ တရုတ်တို့ကိုလုပ်ကြံကြသည် ။ ထိုသို့လုပ်ကြံရာတွင် အနန္တပစ္စည်းကို နတ် ချင်းပစ်သော မြားသင့်သဖြင့် ကောင်းကင်က ကျ၍ ရှုံးချေ၏ ။ ယင်းသို့လျှင် တရုတ်တို့ ကလည်း ဗိုလ်ပါများလှသောကြောင့် အောင်ခြင်းသို့မရောက်နိုင်ချေ ။ ပျက်ပြန်၏ ။ တရုတ်တို့ကလည်း အမီပင်ထပ်၍ လိုက်လာသည် ။ စစ်သူကြီးတို့လည်း ဗိုလ်ပါအရုံးအစု မပျက်အောင် အုပ်ချုပ်၍ပြန်ခဲ့သည် ။ ပုဂံသို့ရောက် သော် မင်းအစရှိသော တစ်ပြည်လုံး မွန်ပြည်သို့ အလွတ်ခွာ၍ ပြေးလေပြီဖြစ်သော ကြောင့်ပုသိမ်သို့ လိုက်လေသည် ။ တရုတ်တို့လည်း ထပ်၍လိုက်သည် ။ တရုတ်မော် သို့ရောက်လျှင် ခရီးမြေတာဝေးသည် နှင့် စစ်သည်ဗိုလ်ပါများလှသော ကြောင့် အစားအသောက် စွန့်ပါး၍ ပြန်လေသည် ။ သက္ကရာဇ် ခြောက်ရာ လေးဆယ့်ခြောက်ခု ရောက်သောအခါ ပြည့်နက္ခတ် သတ္တဗီသမပြည့်ခင် နှစ်ပါဒ်ကြွင်း၌ နရသီဟပတေ့ မင်းကြီးသည် တရုတ်ကိုကြောက်၍ ပြေးသည် ။ ထို့ကြောင့် နရသီဟပတေ့ မင်းကြီးကို တရုတ်ပြေးမင်းဟု ခေါ်တွင်လေသည် ။ (မှန်နန်း ၊ ၁ ၊ ၁၉၆၇ )။ ယူနန်အစိုးရမှ ပိုင်အိ ( Pai-I ) ကိုတိုက်တွန်း၍ ၁၂၇၁တွင် (၁၂၇၃တွင် နောက် တစ်ဖွဲ့စေလွှတ် ) ပုဂံသို့သံအဖွဲ့တစ်ဖွဲ့စေလွှတ်ခဲ့ ရာတွင်ပဏ္ဍာဆက်စေရန် ခြိမ်းချောက်၍ စတင်ထိပါး ခဲ့သည် ။ (ထိုသံအဖွဲ့သည် ယူနန် သို့ပြန်လည်ရောက်ရှိလာ ခြင်းမရှိပါ ) ။ ၁၂၇၆ ယူနန်မှတ်တမ်း များအရ “ ကျွနု်ပ်တို့လူလွှတ်၍ သံအဖွဲ့၏သတင်းကိုစုံစမ်းစေသော် လည်း ပု (P'u)သူပုန်တို့ ကတားဆီးသော်ငြား နောင်တွင်ကျွန်ုပ်တို့ထံအ ညံ့ခံ၍ မတားဆီးတော့ချေ ။ လွှတ်လိုက်သောအဖွဲ့သည် ခရီးဆက်ရာ မြန်မာ (Mien) တို့ထံအရောက်တွင်ထိုသံအဖွဲ့ဘေးကင်းစွာ ရောက်ရှိကြောင်း သိရသည် ။ (၁၂၇၇ တွင် မြန်မာတို့က အဟို (A-ho) ကိုနှစ်ရက် အကြာလာရောက် တိုက်ခိုက်ခဲ့သည် ။ မအောင်မြင်ပဲနှင့် မည်သို့ အလစ်အငိုက်ဖမ်း၍ တိုက်ခိုက်မှုကို ဖန်တီးသည့်ခေါင်းဆောင်ပေလဲ ။ အလွန်ဆိုးဝါးသော ရန်စခြင်းကိုပြုမူ လိုက်သည်ကို ၎င်းတို့နားလည်သင့်သည် ။ မွန်ဂိုတို့ကပြန်လည် လက်တုံ့ပြန်ရန်နှေးကွေးနေလေ့ရှိသော လူစားမျိုးမဟုတ်ပါ ။ ၁၂၇၇ ခုနှစ်နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်းMongols,Ts’uan, P’o and Mo-so လူမျိုးစုတို့ နှင့် အတူ ယူနန်ပြင်ပ ဒေသရှိ အိမ်ခြေယာခြေ အတည်နေလေ့ မရှိသောသူ ၃၈၅၀ယောက် ကို စည်းရုံးအုပ်ချုပ် ထားသော စစ်သေနာပတိ နာဆရီဒင် (Na sired-Din) ကိုစေလွှတ်၍မြန်မာ(Mien) နိုင်ငံကိုထိပါး တိုက်ခိုက် စေခဲ့သည် ။ သူသည် သစ်လုံးခံတပ် ၃၀၀နှင့်အိမ်ထောင်စုပေါင်း ၃၆၂၀၀ ကိုကွပ်ကဲခွင့်ရှိသည် ။ ရာသီဥတုကြောင့် ငဆောင်ချမ်း သို့ရောက်သော် ငြားလည်း တပ်ဖွဲ့ကို - ဆုတ်ခွာခဲ့ရသည်ဆို၏ ။ ငဆောင်ချမ်းသို့ရောက် ဟန်လည်းမတူပေ ။ နာဆရီဒင်ပိုင်သော - စစ်တပ်ပေါ်တွင် ယူနန်လူမျိုးတို့၏ အသက်များစွာတို့ တည်နေပါသည် ။ သို့သော်လည်း သူနှင့်တကွ တရုတ် -ဧကရာဇ်တို့မှာ မြန်မာပြည်ကို အောင်မြင်စွာတိုက်ခိုက်ဖို့ ဆိုလျှင် မြောက်မြားစွာသောစစ်သည်အင်အား လိုအပ်မည်ကိုနားလည်ထားကြပါသည်။ ၁၂၈၃ ခုနှစ်၏ ဆောင်းဦးရာသီတိုင် အင်အားစုစည်းရန် မဖြစ်နိုင်သေးပေ ။ ၁၂၈၃ ခုနှစ်စက်တင်ဘာလတွင်အင်အားမည်မျှ ရှိမည်ကို မခန့်မှန်းနိုင်သောစစ်တပ်ကြီး ယူနန်မှ ရောက်လာခဲ့သည် ။ နိုဝင်ဘာလ ၇ ရက်နေ့ -တွင် (Nan-tien) သို့ ရောက်ရှိသည် ။ ၎င်းကိုအပိုင်း သုံးပိုင်းခွဲ ပြီး( T’ai pu ) မှသတ်မှတ်ထားသော လမ်းကြောင်းအတိုင်းချီကာ (lo-pi itaties)မှတဆင့် ( Mong Hum) သို့ ။ ထို့နောက် နိုဝင်ဘာ ၂၂ တွင်( Yagan-tigin )ကိုကျော်၍ (A-his (Nam Ti)and A-ho ( Ta-p’ing ) ) -လမ်းကြောင်း အတိုင်း ။ (Chen-(Kan-yai)) ကိုကျော်ဖြတ်ကာ လှေ ၂၀၀ ကိုတည်ဆောက်လျက် (Chiang-t’ou) မြစ်ကို ဖြတ်သန်း ခဲ့ကြ သည် ။- ခေါင်းဆောင်သူမင်းသား( Prince -Sangqudar) သည် (Ta-p’ing) ၏ မြောက်ဖက် ( p’iao-tien) လမ်းကြောင်းအတိုင်း ချီလာပြန်၏ ။ ဒီဇင်ဘာလ ၃ ရက်နေ့တွင် လမ်းကြောင်းများစွာ မှ ချီလာသော စစ်ကြောင်းတို့ ပေါင်းစည်းပြီး စတင်တိုက်ခိုက်ခဲ့ ကြပါတော့သည် ။ (ကျွန်တော့ အမြင်ကား ၎င်းတို့သည် ငဆောင်ချမ်း စစ်ပွဲကိုဆိုးဆိုးဝါးဝါး တိုက်ရလိမ့်မည်ဟု ရည်ရွယ်ထားဟန် မရှိပါ )။ ဒီဇင်ဘာလ ၉ ရက်နေ့တွင်( Chiang-t’ou ) မြို့ကိုသိမ်းယူပြီး တိုက်ပွဲအတွင်း မှာ လူပေါင်း ၁၀၀၀ ကျော်ကို နှိမ်နင်းသတ်ဖြတ်ခဲ့ သည် ။ စစ်သည်တို့ သဘောကျသော သုံ့ပန်းပေါင်း ၁၀၀၀၀ ကိုဖမ်းခေါ်ခဲ့သည် ။ တရုတ် ဧကရာဇ်ထံသို့ ပထမဆုံး အစီရင်ခံစာကို ပေးပို့ရာ ၁၂၈၄ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့တွင်ရောက်သည် ။ ဤအစီရင်ခံစာ တွင် မြန်မာ ဘုရင်ထံသို့ သမ္ဗန်စာပေးပို့ခဲ့သော်လည်း အကြောင်းမပြန်ကြောင်း ၊ ပုဂံရှိ မြန်မာလုူမျိုးတို့က ၎င်းတို့အား ကျူးကျော်သူများကို တရုတ်ဟု ခေါ်ကြောင်း ၊ ဖြစ်နိုင်သည်မှာ ဒေသကွာခြားမှုကြောင့် ဖြစ်မည် ထင်ကြောင်း တို့ပါဝင်သည် ။ မွန်ဂိုတပ်မတော်တွင် အများစုအဖြစ် တူရကီ မျိုးနွယ်စုများ ဖွဲ့စည်းပါရှိပါသည် ။ ပုဂံနေပြည်တော်သည် အလွယ်တကူ အလျော့မပေးခဲ့ပါ ။ ၁၂၈၄ မေလ ၁၀ ရက်နေ့တွင် Quduq Tamar ၏ တပ်များနှင့် မြန်မာတို့ ရင်ဆိုင် တိုက်ပွဲဖြစ်ရာ သူပုန်တို့-ကိုအပြီးအပိုင် ချေမှုန်းနိုင်ခဲ့သည် ။ စစ်ကူလည်း စေလွှတ်ပေးခဲ့သည် ။ ၁၂၈၅ ဩဂုတ်လ ၂၆ ရက်နေ့ ၊ ယူနန် - အစီရင်ခံစာ တွင် မြန်မာတို့ကို နှိမ်နင်းဖို့ဒီနှစ် တစ်နှစ်လုံးအချိန်ယူလို့ မဖြစ်ပါဘူးဟူ၍ဖြစ်သည် မြန်မာဘုရင်မှ ငြိမ်းချမ်းရေး အဖွဲ့ကို -စေလွှတ်ရာ ဒိသာပါမောက္ခ ကျောက်စာတွင်ရေးထိုး မှတ်တမ်းတင်ခဲ့ပါသည် ။ဒါပေမယ့် ထိုခရီးစဉ်အကြောင်းမဆက်မီ မင်းနန်သူတွင် ကျွန်တော်တို့ရှာတွေ့ထားသောကျောက်စာကိုကိုးကား ကြည့်ချင်ပါ သေးသည် ။ ၁၂၇၈ ခုနှစ် အတွင်းမှာ အနန္တ ပစ္စည်းအမတ်ကြီးသည် ထေရကျောင်းကြီးတစ်ဆောင် ဆောက်ရန်ပြင်ဆင်ခဲ့သည်မှာ သိက္ခာတော်ရ မဟာ-ကဿဖ-အရှင်အတွက် ကျောင်းကြီးတစ်ဆောင် မရှိဖူးသေး၍ ဖြစ်သည် ။ ဤကျောင်း ကြီးဆောက်ဖို့မဆိုထားနှင့် ခြံဝင်းခတ်ရန်ပင် အပြီးမသတ်လိုက်ပေ ။ အနန္တပစ္စည်းအမတ်ကြီးကို ငဆောင်ချမ်းသို့စေလွှတ်ခံရသည် ။ ထိုအရပ်တွင်ပင် အစောင့်အဖြစ် နေထိုင်သွားသည် ။ အလောင်းစည်သူမင်းလက်ထက်တွင် ငဆောင်ချမ်းခံတပ် သည်အင်ပါယာကြီး၏မြောက်ဘက်နယ်နိမိတ်ဖြစ်ပြီး ကောင်းစင်ကို မြောက်ပိုင်း အုပ်ချုပ်ရေး ဗဟိုဌာနအဖြစ် ထားရှိသည် ။ အနန္တပစ္စည်း အမတ်သည် စွမ်းဆောင်ရည်ထက်မြက်သော နယ်ခြားစောင့် ကွပ်ကဲနိုင်သူဖြစ်သည် ။ ဒီဇင်ဘာလ ၃ရက် ၁၂၈၃ တွင်မွန်ဂိုတို့သိမ်းယူသွားသော ငဆောင်ချမ်းစစ်ပွဲမှ အသက်ရှင် လွတ်မြောက်ခဲ့ရာသူသည် အနားယူတော့ မည် ။ ဒီဇင်ဘာလ ၉ရက် ၁၂၈၃ တွင် ကောင်းစင်ကျသွား သည် ။ မွန်ဂိုတို့သည် တောင်ဘက်သို့ဆက်လက် ထိုးဖောက် လာပြီး ၁၂၈၄တွင် တကောင်းကို သိမ်းယူနိုင်ခဲ့သည် ။ ထို့ကြောင့် မြန်မာနိုင်ငံ မြောက် ပိုင်း ဒေသသည် တရုတ်တို့၏ နယ်ပယ်(Cheng Mein) ဖြစ်သွားသည် ။ မြန်မာတို့သည် သျှင်ဒိသာပါမောက္ခ ခေါင်းဆောင်သော ငြိမ်းချမ်းရေးသံအဖွဲကို စေလွှတ်ခဲ့ရာ မွန်ဂိုတို့၏တပ်ဖွဲ့များကိုပြန်လည် ရုပ်သိမ်းပေးရန်အောင်မြင်စွာ ဖျောင်းဖျနိုင်ခဲ့သည် ။ ၎င်းကို သျှင်ဒိသာပါမောက္ခကျောက်စာတွင် အောက်ပါအတိုင်း မှတ်တမ်းတင်ထားပါသည် ။ နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ။ သက္ကရာဇ်၆၄၇ ခု အေဒီ-၁၂၈၅တွင် မြကသိုဝ်နှစ် ပြည် အနောက်ဖက် လှည်းကျနှိုတ် မင်းကြီးနေတော်မူ၏ ။ အနန္တပစ္စည်း၊ မဟာဗိုလ်ကို နင်တို့တရုပ်၏ အလားအလာကို သိအောင်မူလေဟုစေတော်မူ။ အနန္တပစ္စည်း မဟာဗိုလ် ဆို၏ ။ ဤအမှုကားကြီးစွာ ။ တုမ်တပဲလေ လွတ်ရသည်မရှိ၊၊သုဝဏ္ဏလိပ် ပြုအံသည်သူလည်းမရှိ၊၊ သျှင်ဒိဿပြမုတ်တည်းပါမူက အမှုဆောင်နိူင်အံ ။ ဤသို့ပန်ရကားငါကိုခေါ်၍ မင်းကြီးဤအမှုနှင်၏ ၊၊ ဤအမှုကား ကြီးစွ ။သုဝဏရွှေပေလွှာကို မည်သူ ကရေး၍ ကျွန်ုပ်တို့ဘုရင်မှမွန်ဂိုတို့ ဘုရင် ထံမည်သူ့ ကို စေလွှတ်ရမည် မသိပါ ။ သျှင်ဒိသာပါမောက္ခ ပါတော်မူလျှင်ကား အောင်မြင် ဖွယ်ရှိသည် ။ ထို့ကြောင့် အများဆန္ဒနှင့် အသနားခံစာစေ၏ ။ မင်းကြီးသည် ငါ့ကိုယုံ၍စေလွှတ်ခြင်းဖြစ်သည် ။ သစ်ဆိမ့် နှင့် ဟန်လင်း နှိုက် နေမူလေ၏ ၊။ သုဝဏ္ကလိပ်ပြု၍ တရုပ်မင်းကိုလွွှတ်၏ ။ တရုတ်မင်းဆို၏ ။ ဤသုဝဏ္ကလိပ်ကား မင်းလွှတ်သည်မဟုတ် ။ အမတ်တို့ လွှတ်လတ်သော ။ သုဝဏ္ကလိပ် တကား၊။ သုခမိန်ကား မင်းဝယ်လွတ်သောလှည့်ထ ။ ခေါ်ခြေ ငါသုခမိန်မူ အံ့ (ပြုအံ့) ဟုခေါ်၏ ၊၊ ပုဂံ မဟာရာဇ် (စသော)မင်းတို့က တမန်ကိုမချုပ်ရာ ၊ (ငါ) ကိုလျှင်ငါတို့ တမန်မူလျက်အံဟူ၍ ။ သုဝဏ္ကလိပ်ပြု၍ ငါကိုလွွှတ်၏၊ ။ တရုတ်ပြည် ရောက်လေ၏ ။ တရုတ်မင်းကား ပုဂံသို့ပို့စေဟူ၍ သုသုတ္တိက မင်းသားအားသူရဲ ၂၀၀၀၀ ။ ပုညဓမ္မိကာ မဟာထေရ် ၊ ဂြီဓမ္မက သင်္ဃာထေရ် ၊ နှင့်ထေအပေါင်း ၇၀ကား သင်တွယ် (သင်းတွဲ= တကောင်း ) ပြည်ရောက်အောင်လျှင် ချ၍နေစေသတည်း ။ သန်ထန်လာသည်( မိုးကျလာသည်) နှင့်အညီ နေစိမ့်ဟု တန့်စေ (နားစေ) သတည်း။ ငါရောက်လေ၏ ။ ထိုနှုက်တန့်လင့်သော အရှင်တို့သည် ငါ့ကိုဝ် လက်ဆောင်လက်နက်ဆက်၍ ဤသို့ဆိုလင့်၏ ။ ငါသျှင်ကိုမင်းတောင့်တစွ။ မင်းလေသဒ္ဓါစွ ။ ပုဂံသာသနာကိုငါတို့မပြုရကြောင်း ဆိုပါလေသော။ငါလေ။ဤပုဂံ နေသော သူတို့၏ ။ နေရာကို လွန်ဖိရုယ်( လွန်ခဲ့၍) ယဆည်လျှင် ဝါဆိုလေ၏ ။ တန်ဆောင်မုန်းကားတယ်တူတက်လေ၏ ၊။ ပြာသိုရောက်လေ၏ ။ တရုတ်မင်းလည်း နှစ်လိုစွာရှိ၍ အမေးအမြူ စကားလျှင်ဆိုကြ၏ ။ ပြည်မှုကားမဆိုရ ။ အဆုံးမှ (ကား)ပြည်တယ် (တိုင်းရေးပြည်ရေး) စကားကိုဆိုကြလေ၏၊။ ပဏ္ဍိတ်ဤ ငါသူရဲ၂၀၀၀၀ နှင့် မဟာထေရ် သ-င်္ဃာထေရ်သျှင်နှင့် သာသနာပြုအံ့ ဟု နှင် (လွတ်)၏ ။ ငါဆိုလိုက်၏ ။ မဟာရစ် ဤသူရဲ အလုံး ၊ သင်္ဃာအလုံး စပါးရှိမှတည်း တည်ကြည်အံ။ စပါးကား ပြည်စည်းစိမ်အမြစ် မဟုတ်လော ။ ဤသူရဲတို့သည်ထန်းကိုတည်း ချက်၍စားပြီးကား ဝမ်းနာ၍မူသေကုန် မဟုတ်လော ကြွင်း သော သံင်္ဃာတို့လည်း ပြည်တွင်းမဝင်၍ ။ တောသို့ဝင်၍ သေကုန်ခံ သောတကား ။ မင်းကြီး မပြီးသော အမှုမဟုတ်လော ။ ဥယျာဉ်စိုက်သောယောက်ကျား ကား ။ ရေသွန်း၍ သစ်ပင်ကိုကြီးစေ၏၊ အညွန့်ကို မဆိတ်တကား ။ သစ်ပင်သီးပြီးသော အခါ မှ အသီးစား၏ ။ တံပြတိက် ပြည်ကိုလေ ရေသွန်းဦးလတ် သး ။ ငါမူလည်း သာသနာမြတ်စွာ ။ မင်းကြီးကား ဘုရား ဆုတောင်းသော သူမဟုတ်လော ။ အဖ-ဂေါတမ - သာသနာကို မပျက်စီးလေလတ်(လို)သိယ် (သော) ။ မင်းကြီးနိုင်သော ပြည်ကားများလဲများစွ ၊ ကြီးလဲ ကြီးစွ ၊တံပြတိတ်ပြည်ကားအငယ် တွယ်(အငယ်လေးတကား) ။ သာသနာရှိသောကြောင့်ရကား ဘုရားလောင်းတို့ကား ပြည်မြတ်၏ ။ သူရဲ (တို့ကို ) မဝင်စေလေသေး၊၊ ငါကားကောက်ပဲစိုက်လေဦးအ ံ့။ ကောက်ပဲပြီးပြီသောကား ဝင်၊ ဤသို့ဆိုပေသောတည်း ။တရုတ်မင်းဆို၏ ။ ဤစကားတွင်ငါ့ဖို့လဲ ပါ၏ ။ ပဏ္ဍတ်လာ၍ ပြည် ပြည်သသျင် တို့ကိုခေါ်လေကောက်ပဲလေးစိုက်လေ ။ ပြီးပြီသော ငါကိုလွတ်လတ်တုံ ။ ဤသို့ဟူ၍ ငါလာရသတေ(တည်း) ။ အမှုလေလျာရလျှင်သတေ ။ (အမှုလေထမ်းရအောင် မြင်ရသတည်း ) ဤသို့- ငါ့ကျေးဇူးရှိရကား ငါကိုပေးတော်မူသော ၊ တန်လင်မြေ၄၀၀ ၊ ကြံတူမြေ သန် မုရင်း ပျိုးခင်းစုံ ၄၀၀ ၊ အပေါင်း မြေ ၈၀၀ ၊ကျွန်နွားအလုံး ရတနာ- ၃ ပါးကိုရည်၍ ပန်ပွတ်ရပ်စေတီနှိုက် လှူ၏ ။ သျှင်ဒိသာပါမောက္ခကျောက်စာတွင် ရေးထိုးထားသော အချက်အလက်များမှ မြန်မာ့ရာဇဝင်ကျမ်းများနှင့် တရုတ်အထောက်အထား များကိုပြန်လည်တိုက်ဆိုင် ဖြည့်စွက်ခြင်း နှင့် အမှားပြင်ဆင်ခြင်း ကို ကျွန်ုပ်တို့ပြုလုပ်နိုင်ပြီဖြစ်ပါသည် ။ ပထမဦးစွာပြောနိုင်သည်မှာကား ၁၂၇၃ ခုနှစ်တွင် ပုဂံသို့ စေလွှတ်လိုက်သော သံတမန်တို့ယူနန်သို့ ပြန်မရောက်သည်ဆိုငြား ပုဂံ-မင်းကြီးမှ သတ်ဖြတ်သည်ဆိုခြင်းမှာ မဟုတ်ပါပေ ။ အဖြစ်နိုင်ဆုံး ဟုယူဆဖွယ်ရာများမှာ ထိုအချိန်အခါက ၎င်းတို့သည် နယ်စပ်ဒေသ၌် လူရမ်းကားတို့ တိုက်ခိုက်ခြင်းခံရ၍ သေဆုံးပျက်ဆီးသွားခြင်းဖြစ်မည် ။ ဒုတိယအားဖြင့် ပုဂံမင်းကြီးသည် တရုတ်တို့ ရန်ကိုရှောင်ရန်အလို့ငှာ ပုသိမ်သို့ခိုလှုံ ပုန်းအောင်းသည် ဆိုရာမှာ မဟုတ်ပဲ-ပုဂံ (သို့) ပြည် ၏ အနောက်ဖက် ဒေသရှိ လှည်းကျ အရပ်တွင်သွားရောက် နေထိုင်ခဲ့ခြင်းပင်ဖြစ်သည် ။ တတိယတွင်မူ ပုဂံမင်းကြီးသည် ၎င်းမှစေလွှတ်လိုက်သော မွန်ဂိုတို့နှင့်စစ်ပြေငြိမ်းရန် အကျိုးဆောင်နိုင်ခဲ့သူစာပေတတ်ပုဂ္ဂိုလ် ငြိမ်းချမ်းရေး သံအမတ် သျှင်ဒိသာပါမောက္ခအား မြေယာများနှင့် ကျွန်များချီးမြှင့်ခဲ့သည် ။ ထိုအချိန်က သျှင်ဒိသာပါမောက္ခ ရေးထိုးထားခဲ့သော ခေတ်ပြိုင်ကျောက်စာသည် မြန်မာရာဇဝင်ကျမ်းများတွင်ရေးသားထားသော အကြောင်းအရာများ၏ အမှားအနည်းအများကို စစ်ထုတ်ကြည့်ရန် အကောင်းဆုံးသက်သေခံပင်ဖြစ်သည် ။