ရှင်ဓမ္မိက (၁၂၃၂ − ၁၃၁၆) သည် “လေသာဆရာတော်” ဟု ထင်ရှားခဲ့သည့် ကျမ်ပြုဆရာတော် ဖြစ်သည်။ [၁]

ဘဝ ပြင်ဆင်ရန်

ဆရာတော်ကို ၁၂၃၂ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက် စနေနေ့တွင် မြင်းခြံခရိုင်၊ တောင်သာမြို့အပိုင် နွားခေါင်းရွာ၌ ဖွားမြင်ခဲ့သည်။

အသက် ၂၀ အရွယ်တွင် ရှင်ဓမ္မိက ဟူသည့် ဘွဲ့ဖြင့် နွားခေါင်းရွာတောကျောင်းဆရာတော်ထံတွင် ရဟန်းပြုခဲ့သည်။ ဆရာတော်သည် ပခုက္ကူမြို့၊ လေသာတောရတိုက်တွင် သီတင်းသုံးခဲ့ဖူးသဖြင့် “လေသာဆရာတော်” ဟု တွင်ခဲ့သည်။

ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်တွင် ဝိနယဝိနိစ္ဆယပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်နေရာမှ သထုံမြို့၊ တလိုင်းကုန်းရွာမှ ပင့်ဆောင်သဖြင့် ကြွရောက်ကာ သီတင်းသုံးခဲ့သည်။ ထို့နောက်တွင် ထားဝယ်ဟင်္သာတနှင့် ရန်ကုန်မြို့ သရက်တောကျောင်းတိုက် စကားဝါပင်ကျောင်းတွင် သီတင်းသုံးတော်မူခဲ့သည်။

ဆရာတော်သည် ၁၂၉၅ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်နေ့တွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်ကပ်လှူခြင်း ခံခဲ့ရသည်။ [၁]

ပျံလွန်တော်မူခြင်း ပြင်ဆင်ရန်

ဆရာတော်သည် ၁၃၁၆ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ဗုဒ္ဓဟူးနေ့တွင် ပျံလွန်တော်မူခဲ့သည်။ [၁]

ကျမ်းများ ပြုစုခြင်း ပြင်ဆင်ရန်

ဆရာတော်သည် ကျမ်းပေါင်း ၁၀ ကျမ်းပြုစုခဲ့သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၁၄၄၊ ၁၄၅။