ရှင်နန္ဒာဘိဓဇ (ဆုံထားဆရာတော်; ၁၀၈၀ − ၁၁၄၆) သည် ကျမ်းပြု သာသနာပိုင်ဆရာတော် ဖြစ်သည်။[၁]

ဘဝ ပြင်ဆင်ရန်

ဆရာတော်ကို ၁၀၈၀ ပြည့်နှစ်တွင် အနောက်တိုက် ပေါက်မြင့်ရွာတွင် မွေးဖွားခဲ့သည်။ ငယယ်အမည်မှာ ဦးစံဘလူး ဖြစ်သည်။ ရဟန်းဘွဲ့တော်သည် ရှင်နန္ဒမာလာ ဖြစ်သည်။[မှတ်စု ၁]

ရေမိန်ဆရာတော် အရှင်ကလျာဏဓဇထံတွင် စာပေကျမ်းဂန်များ သင်ယူခဲ့သည်။ ထို့နောက် စလင်းမြို့သို့ ကြွတော်မူခဲ့သည်။ ဝိနည်းတော်တစ်စောင် ပြုစုတော်မူခဲ့ရာ ထိုကျမ်းကို ထန်းတပင်ဆရာတော်က စဉ့်ကူးမင်းအား ပြုသခဲ့သည်။ မင်းကြီးသည် ကြည်ညိုသဖြင့် လေးထပ်ဇေတဝန်ရွှေကျောင်းကို “ဘုံကျော်ဝေယန်” ဟု သမုတ်ကာ လှူဒါန်းခဲ့ည်။

ဆရာတော်သည် ဘိုးတော်ဘုရား၏ သားတော်များ ကိုးကွယ်ခြင်းလည်း ခံရကာ အိမ်ရှေ့မင်း မိဖုရားကျောင်းတော်ကို “မင်္ဂလာဝေယန်” ဟု သမုတ်ကာ လှူဒါန်းခြင်းခံခဲ့ရသည်။ သာသနာပိုင်အဖြစ်လည်း အပ်နှင်ခြင်း ခံခဲ့ရသည်။ ဆရာတော်သည် ရဟန်းပျိုဘဝကတည်းက ကျမ်းဂန်များ ပြုစုခဲ့သည်။[၁]

ရရှိခဲ့သော တံဆိပ်တော်များ ပြင်ဆင်ရန်

ဆရာတော်သည် နရိန္ဒာဘိဓဇမဟာဓမ္မရာဇာဓိရာဇဂုရု၊ နရိန္ဒာဘိသီရိဓဇမဟာဓမ္မရာဇာဓိရာဇဂုရု စသည့် တံဆိပ်တော်များ ကပ်လှူခြင်း ခံခဲ့ရသည်။[၁]

ပျံလွန်တော်မူခြင်း ပြင်ဆင်ရန်

ဆရာတော်သည် ၁၁၄၆ ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။[၁]

ပြုစုခဲ့သည့် ကျမ်းများ ပြင်ဆင်ရန်

၁။ သုတ္တသင်္ဂဟပါဠိတော်နိသျသစ်၊

၂။ ဒွါဒသနိပါတ်ဇာတ်အဋ္ဌကထာနိသျ၊

၃။ တေရသနိပါတ်ဇာတ်အဋ္ဌကထာနိသျ၊

၄။ သုတ္တသင်္ဂဟအဋ္ဌကထာနိသျ၊

၅။ ဝိသုဒ္ဓိမဂ်အဋ္ဌကထာနိသျ၊

၆။ ဇိနာလင်္ကာရစာကိုယ်နိသျ၊

၇။ အဘိဓမ္မတ္ထသင်္ဂဟအဋ္ဌကထာနိသျ၊

၈။ အဖေဂ္ဂုသာရဒီပနီအမေးအဖြေ၊

၉။ သုတ်ပါထေယျအဋ္ဌကထဂဏ္ဌိ၊

၁၀။ သုတ်မဟာဝါအဋ္ဌကထာဂဏ္ဌိ၊

၁၁။ သာသနသုဒ္ဓိဒီပကျမ်း။[၁]

မှတ်စု ပြင်ဆင်ရန်

  1. မင်းလှသီရိသီဟသူ၏ မှတ်တမ်း၌ ရှင်နန္ဒာဘိဓဇဟု ရှိသည်။ ပိဋကတ်တော်သမိုင်း၌ကား နရိန္ဒာဘိသီရိသဒ္ဓမ္မဓဇမဟာဓမ္မရာဇာဓိရာဇဂုရုဘွဲ့ရ ဗန့်ကျီတိုက်စီရင်စု ဆုံထားရွာဇာတိဟု ဖော်ပြသည်။ ဘွဲ့တော်ကိုလည်း ရှင်နန္ဒမာလာ ဟု ဖော်ပြသည်။

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၂၆၊ ၂၇။