ရှင်ပညာ (မဟာဝိသုတာရာမဆရာတော်)
ရှင်ပညာ (၁၄၀ - ၁၂၇၆) သည် "မဟာဝိသုတာရာမဆရာတော်" ဟု ထင်ရှားခဲ့သည့် ကျမ်းပြုဆရာတော်တစ်ပါး ဖြစ်သည်။[၁]
ဘဝ
ပြင်ဆင်ရန်ဆရာတော်ကို ၁၂၄၀ ပြည့်နှစ်၊ ကဆုန်လဆန်း ၂ ရက်နေ့တွင် ငသရောက်နယ်၊ ခွေးတောက်ပြုတ်ရွာတွင် ဖွားမြင်ခဲ့သသည်။
ငယ်စဉ်အခါက ရှင်နန္ဒမာလာထံတွင်လည်းကောင်း၊ ရှင်ဉာဏထံတွင်လည်းကောင်း စာပေများ လေ့လာသင်ကြားခဲ့သည်။ ဆင်ဖြူကျွန်းစေတီလှကျောင်းတွင်လည်း ပညာများ ဆည်းပူးခဲ့ပြီး ရေစကြိုဆရာတော်ထံသို့ ချဉ်းကပ်တော်မူခဲ့သည်။ ရွှေရေးဆောင်ဆရာတော်ကြီးထံ၌လည်း ပညာများ ဆည်းပူးခဲ့သေးသည်။[၁]
ပျံလွန်တော်မူခြင်း
ပြင်ဆင်ရန်ဆရာတော်သည် ၁၂၇၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။[၁]
ကျမ်းများ ပြုစုခြင်း
ပြင်ဆင်ရန်ဆရာတော်သည် အောက်ပါကျမ်းများကို ရေးသားပြုစုတော်မူခဲ့သည်။
၁။ ပါရာဇိကဏ်ပါဠိတော်နိသျ၊
၂။ သမ္မောဟဝိနောဒနီအဋ္ဌကထာနိသျ၊
၃။ အဘိဓမ္မတ္ထဘာဝနီဋီကာနိသျ၊
၄။ မင်္ဂလာဒိဝိနိစ္ဆယ။[၁]