ရှင်ပေတရုဩဝါဒစာပထမစောင်

၁။ စံတော်မီ ဝိသေသလက္ခဏာ

         မွတ်စလင်နှင့် ကွန်မြူနစ် တိုင်းပြည်များရှိ ခရစ်ယာန်များသည် ဖိနှိပ်ခြင်း၊ ချုပ်ချယ်ခြင်း၊ စုံစမ်းစစ်ကြောခြင်းများစွာ ခံစားကြရသော်လည်း မျှော်လင့်ချက် မပျက်ပြယ်ကြပါ။ ထိုသူများအတွက် ပေတရုဩဝါဒ ပထမစာစောင်သည်များစွာ အကူအညီထောက်ပံ့ပေးသည်။ ခံစားသောဝေဒနာများသည် လိုအပ်သော အရည်အချင်း ပြည့်မှီဖို့ ဘုရားသခင်က ခွင့်ပြုခြင်းဖြစ်သည်။

အနောက်တိုင်း ခရစ်ယာန်နိုင်ငံ အထူးသဖြင့် အင်္ဂလိပ်စကား သုံးနှုန်းသော တိုင်းပြည်များတွင် သမ္မာကျမ်းစာအမွေသည် အများပြည်သူအား ယုံကြည်ခြင်း၌ အချိုးအစား မျှတမှုမရှိကြသေး။ ယနေ့ခေတ်ကာလတိုင်အောင် လူမှုအဖွဲအစည်း၏ အခြေခံအကျဆုံးသော အိမ်ထောင်မိသားစု၌ ပင်လျှင် “သင့်အတွက် ရွေးချယ်စရာအသင်းတော်” ဟုနောက်ပြောင်ခံနေရသည်။ မကြာပါ။ အထူးသဖြင့် ဒေသန္တရ အာဏာပိုင် အစိုးရများက တရားစီရင်ဖို့ ပညာရေးသိပ္ပံ၊ အထူးသဖြင့် လူထုဆက်သွယ်ရေးက အမြင်စောင်းလျက် ပြောင်လှောင်သရော်ကြသည်။ ရေဒီယိုရုပ်မြင်သံကြား ရုပ်ရှင်၊ စာနယ်ဇင်းနှင့်လူအဖွဲ့အစည်းများက အရက်သေစာ၊ အပျော်အပါးများဖြင့် ဆန့်ကျင်အပြစ်တင်ကြသည်။ ယခုအချိန်တွင်မူ ခရစ်ယာန်သည် “တန်ပြန်ယဉ်ကျေးမှု” အဖြစ် ရှင်ပေတရု၏ ပထမဩဝါဒစာစောင်က သွန်သင်ပေးသည်။ ၂၀ရာစုနှစ်ကုန်ပိုင်းနှင့် ၂၁ ရာစုနှစ်ဦး ကာလများတွင် ဘုရားရှင်အလိုတော်ရှိလျှင်သာ၍ ပြန်လာထွန်းကားလာဦးမည်။

၂။ ကျမ်းရေးသူ ပြင်ပလက္ခဏာ

ဤစာစောင်ကို ရှင်ပေတရုက ရေးသားကြောင်း လူသိရှင်ကြား အထင်အရှားဖြစ်သည်။ Eusebius က ပထမဩဝါဒစာစောင်သည် ယုံကြည်သူတိုင်း (hono logoumena) အဖြစ်လက်ခံကြသည်ဟုဆိုသည်။ Polycarps နှင့် Clement of Alexandria ကလည်းလက်ခံကြသည်။ Marcion ၏ “Canon” ကမူရှင်ပေါလု ပေးစာများကိုသာ လက်ခံသောကြောင့် ဤစာစောင်၏ အချက်အလက်များကိုသာ လက်ခံသောကြောင့် ဤစာစောင်ကို လက်မခံသော်လည်း အထောက်အထားပိုင်း အစအဖြစ် လက်ခံအသုံးပြုသည်။

၃။ အချိန်ကာလ

ပေတရု၏ သွန်သင်ချက်တွင် အုပ်စိုးသူမင်းများကူညီရန် (၁ပေ ၂:၁၃၁၇) ဆိုထားသဖြင့် ခရစ်ယာန်များနေရိုး၏ ရက်စက်ကြမ်းကြုတ်မှု စတင်ခံစားရသည့် နောက်ပိုင်းတွင်ဖြစ်သည်။ အထူးသဖြင့် အေဒီ ၆၄ သို့မဟုတ် ၆၅ ဖြစ်သည်။ ထို့ထက် ခြားနားစရာမရှိနိုင်။

၄။ နောက်ခံသမိုင်းနှင့်ရည်ရွယ်ချက်

ရှင်ပေတရု၏ ခရစ်ယာန်အသက်တာသည် ဆင်းရဲဒုက္ခ ဒဏ်ရာချက်များဖြင့် ပြည့်နှက်နေသည်။ သူ့ပရိတ်သတ်များသည် ရစရာ မကျန်အောင်ပြောင်လှောင် သရော်ခံကြရသည် (​၄:၁၄-၁၅)။

ထောင်ချခြင်း၊ ဉစ္စပစ္စည်းများကို မင်းဘ ဏ္ဍာအဖြစ်အနိုင်အထက် သိမ်းဆည်းခံရခြင်း၊ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခံရခြင်းများ ကြုံတွေ့ကြရသည်။ သို့သော်ထိုသူများ၏ ဆင်းရဲဒုက္ခခံစားရပုံကို ဤကျမ်းစာတွင် အသားပေးလိုခြင်း မဟုတ်ပါ။ ဧဝံဂေလိ သတင်းကောင်း လက်ခံရရှိခြင်း၊ ယုံကြည်သူများ ဤလောကနှင့်ဆက်ဆံနေရပုံ၊ နိုင်ငံတော် အစိုးရမိသားစု၊ အသင်းတော် သင်းအုပ်များနှင့် စည်းကမ်းတကျ ဆက်ဆံရခြင်းစသည့် ကောင်းကြီးမင်္ဂလာ အမွေခံပတ်ဝန်းကျင် ဆောက်တည်ရပုံတို့ကို တိုက်တွန်း သွန်သင်ခြင်းဖြစ် ပါသည်။

ဗာဗုလုန်မှ ယုဒလူ့အဖွဲ့အစည်းသို့မဟုတ်ဝိညာဉ်ရေးရာ ဗာဗုလုန်ခေါ် တိဘာ (ရောမ) မှ အရှေ့ဖက်ဒေသယခု တူရကီနိုင်ငံတိုင်အောင် ရေးသားပို့သောစာစောင်ဖြစ်သည်။။

ပါဝင်သည့်အချက်များ

၁။ ယုံကြည်သူ၏ ရပိုင်ခွင့်နှင့်ဝတ္တရား (၁:၁–၂:၁၀)

(က) နှုတ်ခွန်းဆက်ခြင်း(၁:၁-၂)

(ခ) အမှုတော်တွင် ပေတရု၏အခန်းကဏ္ဍ (၁:၃-၁၂)

(ဂ) အလင်းရောင်ထဲမှညွှန်ကြားချက် (၁:၁၃-၂:၃)

(ဃ) အိမ်ထောင်သစ် ယဇ်ပုရောဟိနှင့်အခွင့်ထူ (၂:၄-၁၀)

၂။ ယုံကြည်သူ၏ ဆက်ဆံရေး (၂:၁၁–၄:၆)

         (က) သာဝကဘဝဖြင့် လောကကိုဆက်ဆံခြင်း (၂:၁၁-၁၂)

(ခ) နိုင်ငံသားအနေဖြင့် အုပ်စိုးသူမင်းအားဆက်ဆံခြင်း (၂:၁၃-၁၇)

(ဂ) ​အစေခံကသခင်အားဆက်ဆံခြင်း (၂:၁၈-၂၅)

(ဃ) ဇနီးသည်က ခင်ပွန်းသည်အားဆက်ဆံခြင်း (၃:ရ)

(င) ခင်ပွန်းသည်က ဇနီးသည်အားဆက်ဆံခြင်း (၃:၇)

(စ) အစ်ကိုကြီးအရာဖြင့် မိဿဟာယဝင်များအားဆက်ဆံခြင်း (၃:၈)

(ဆ) ဆင်းရဲဒုက္ခသည်က စုံစမ်းနှောင့်ယှက်ခြင်းခံရသူအားဆက်ဆံခြင်း (၃:၉-၄:၆)

၃။ ယုံကြည်သူ၏ ဆက်ကပ်မှုနှင့် ဆင်းရဲဒုက္ခ (၄:၇–၅:၁၄)

         (က) နောက်ဆုံးနေ့ရက်များအတွက် အရေးပေါ်အမိန့်တော် (၄:၁-၁၁)

(ခ) ဆင်းရဲဒုက္ခများအပေါ်ရှင်းပြခြင်းနှင့် တိုက်တွင်းချက် (၄:၁၂-၁၉)

(ဂ) တိုက်တွန်းချက်၊နှိုးဆော်ချက်နှင့် နှုတ်ဆက်ခြင်း (၅:၁-၁၄)

၂ပေ၃:၁ ကျမ်းချက်အရ ပထမဩဝါဒစာသည် အဦးဆုံးစာဖြစ်ကြောင်း ဆိုထားပါသည်။ ဒုတိယစာသည် ရှင်ပေတရုရေးသားသော စာမဟုတ်ဟုယုံကြည်သူများရှိကြသည့် (၂ပေနိဒါန်းကိုကြည့်) တိုင်အောင် ၂ပေ၃:၁ ကိုတန်ပြန်ရည်ညွှန်းကိုးကားပါက သက်သေအထောက်အထားခိုင်လုံပါသည်။

အတွင်းသရုပ်

အတွင်းစာသား ရေးသားဟန်သည် အလွန်ကောင်းမွန်သောဂရိ  Petrine လက်ရာဖြစ်၍ သံသယ ဖြစ်ဖွယ် ရှိသည်။ ဂါလိလဲတံငါသည်က ဤမျှကောင်းမွန်သော စာပေရေးသားနိုင်မည်လား။ လူအများက မဟုတ်နိုင်ဘူးဟုဆိုကြသည်။ မည်သို့ပင်ဆိုစေ ပညအခြေခံမရှိသော်လည်း ပရိတ်သတ်ရှေ့တွင် မကြာခဏ စကားပြောခြင်းသည် တက္ကသိုလ်နှင့် ကျောင်းတော်ကြီးများတွင် သင်ကြားခြင်းထက် လက်တွေ့အရည်အချင်း ဖြစ်ထွန်းစေသည် မဟုတ်လား။ ရှင်ပေတရုသည် နှစ်ပေါင်း(၃၀)မျှ တရားဟောဒေသနာ အတွေ့အကြုံရှိသည်။ သန့်ရှင်းသော ဝိညာည်တော်မှုတ်သွင်း ခြင်းဖြင့် Silvanus ကကူညီရေးသားပေးခြင်း ဖြစ်ပါသည်။ (တ၄:၁၃) ရှင်ပေတရုနှင့် ရှင်ယောဟန် သည် စာတတ်ပေတတ် မဟုတ်ဟု ဆိုခြင်းမှာ ဓမ္မကထိက ရဟူဒီဘုန်းတော်ကြီး သင်တန်းတက်ရောက် သင်ကြားခြင်းမရှိ ဟု ဆိုလိုသည်။

ရှင်ပေတရု၏ အသက်တာနှင့် အမှုတော်ထမ်းရွက်ခြင်းကို ပထမစောင်တွင် အောက်ပါအတိုင်း အသေးစိတ်ဖော်ပြထားပုံကို နမူနာပြသချင်သည်။

၁ပေ ၁:၈ သူ့စာဖတ်ပရိတ်သတ်များက သခင်ယေရှုအားမမြင်ကြဘူးကြပုံကို “ထိုသခင်ကို သင်တို့သည် မမြင်ဖူးသော်လည်း ချစ်ကြ၏။ ယခုမှာလည်း မမြင်ဘဲလျက်” ဟု ဆိုထားသည်။ အခြားကျမ်းပိုဒ်တွင် ရှင်ပေတရုသည် ထိုသခင်နှင့် အတူရှိကြောင်းတွေ့ရသည်။

အခန်း၂၏ ပထမကျမ်းပိုဒ ၁၀ထိတွင် ခရစ်တော်အား တိုက်ထောင့်အုတ်မြစ်အဖြစ် ဖော်ပြသည်။ ထိုကျမ်းပိုဒ်သည (မ ၁၆:၁၃-၂၀) ပါသခင်ယေရှု ဖိလိပ္ပုကဲသရိမြို့၏ ကျေးလက်သို့ကြွ သွားစဉ် တပည့်တော်များသို့ ပြောသည့်စကားကို ထပ်ကြော့ခြင်းဖြစ်သည်။ ပေတရုက ခရစ်တော်အား အသက်ရှင်တော်မူသော ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း ဝန်ခံသောအခါ ယေရှုက ပေတရုအား ဤကျောက်ပေါ်မှာ ငါ့အသင်းတော် တည်ဆောက်မည်ဟု ဆိုသည်။ ထိုစကားသည် အသက်ရှင်တော် မူသောဘုရားသား၊ ယေရှုခရစ်တော်၏ သမ္မာစကား ဖြစ်သည်။ ကိုယ်တော်သည် အသင်းတော၏ အုတ်မြစ်တိုက်ထောင့် ဖြစ်သည်။

၂:၅ မှအသက်ရှင်သော ကျောက်ဆိုသည်မှာ (ယော ၁:၄၂)ပါရှိမုန်အား ကေဖ (အာရာဗိ) သို့မဟုတ် ပေတရု (ဂရိ) (နှစ်ခုစလုံးကျောက်ခဲဟု အဓိပ္ပါယ်ရသည်) ကိုဆိုလိုသည်။ သို့ဖြင့်ပေတရု သည်ခရစ်တော်ကို ယုံကြည်သော အသက်ရှင်သည့် ကျောက်ဖြစ်လာသည်။ အခန်း ၂ပါကျောက်သည် ထူးဆန်းအံ့ဩဖွယ်ရာ မဟုတ်ပါ။ (၂:၇)တွင်ကျောက်သည် (ဆာ၁၁၈:၂၂) “တိုက်ကို တည်လုပ်သော သူများသည် ပယ်ထားသောကျောက်ကို နောက်တစ်ဖန် တိုက်ထောင့် အထွဋ်အဖျားသို့ ရောက်ပြန်၏” ဟူသောကျမ်းချက်ကို ကိုးကားခြင်း ဖြစ်သည်။ ထိုကျမ်းချက်ကို ပေတရုက ယေရုရှလင်မြို့ အုပ်ချုပ်သူ များသင်းအုပ်များ ကျမ်းတက်ပုဂ္ဂိုလ်ရှေ့တွင် တဖန်ဟောပြောခဲ့သည် (တ၄:၁၂)။

ပေတရုက အုပ်ချုပ်သူမင်းများ၏ အမိန့်ကိုနာခံခြင်းမရှိ။ ယဇ်ပုရောဟိတ်၏ တပည့်နားရွတ် ကိုခုတ်ဖြတ် (ယော ၁၈:၁၀)သော်လည်း (၂:၁၃-၁၇)တွင် အုပ်ချုပ်သူမင်းများ၏ အမိန့်ကိုနာခံရန် ပရိတ်သတ်အား သွန်သင်ခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ သွန်သင်ချက်ကိုခံယူပြီးအသက်တာ အတွေ့အကြုံအရ တိုက်တွန်းနှိုးဆော်ခြင်းဖြစ်သည်။

၂:၂၁-၂၄သည် သခင်ယေရှု၏ စုံစမ်းစစ်ကြောခြင်းနှင့် အသေခံခြင်းအကြောင်းကို မျက်မြင် ထွက်ဆိုဖြစ်သည်။ ကယ်တင်ရှင်၏ ယဉ်ကျေးသိမ်မွေ့ပုံ ဆင်းရဲဒုက္ခဝေဒနာ ခံစားပုံတို့ကို မျက်ဝါးထင်ထင် တွေ့မြင်ရသောအခါ မေ့ပျောက်နိုင်စွမ်းမရှိ၊ မြင်ကွင်းထဲမှာ ပျောက်ကွယ်မသွားနိုင်တော့ပါ။ (၂:၂၄)မှ ကယ်တင်ရှင်အသေခံရပုံ လက်ဝါးကပ်တိုင်တွင် သေပွဲဝင်ပုံတို့ကို ပေတရု၏ ရင်တွင်းဖြစ်ပဲ့ တင်သံကို (တ ၅:၃၀နှင့် ၁၀:၃၉) ဖြင့် ကြားရသည်။

သိုးထိန်းနှင့် ဝိညာဉ်သခင်ထံသို့ ပြန်ရောက်သည့် အကြောင်း (၂:၂၅)အရ ပေတရုသည် သခင်ယေရှုအား ငြင်းပယ်ခဲ့ပုံကို ပြန်လည်စဉ်းစားပြီးမှ ဝိညာဉ်ခွန်အား ပြန်လည်ရယူခြင်း ဖြစ်သည် (ယော ၂၁:၁၅-၁၉)။

“ချစ်ခြင်းမေတ္တာသည်များစွာသော အပြစ်တို့ကို ဖုံးအုပ်တော်မူ၏” (၄:၈)ဟု သွန်သင် သော်လည်းပေတရုသည် “သခင်ညီအစ်ကိုတို့သည် အကျွန်ုပ်သည် သူ၏အပြစ်ကို ဘယ်နှစ်ကြိမ် လွတ်ရပါအံ့နည်း၊ ခုနှစ်ကြိမ်မြောက်အောင် လွှတ်ရပါအံ့လောဟု မေးလျှောက်သော် ယေရှုက ခုနှစ်ကြိမ်မြောက်အောင် လွှတ်ရမည် ငါမဆို။ အကြိမ်ခုနှစ်ဆယ် ခုနှစ်လီမြောက်အောင် လွှတ်ရမည် ငါဆို၏ “(မ ၁၄:၂၁-၂၂)ဟု သခင်အား မေးခွန်းထုတ်ခဲ့ဘူးသည်။ တစ်နည်းပြောရလျှင် ရှေ့နောက် မညီညွတ်ခြင်း မရှိပါ။

၄:၁၆ တွင် ခရစ်ယာန်တစ်ဦးသည် နာမတော်မြတ်၌ အရှက်ရလျှင် ထိုအရှက်သည် ဘုရားသခင် ရှေ့၌ကျက်သရေမင်္ဂလာ ရှိသည်ဟု ဆိုသည်။ (တ၅:၄၀-၄၂)နှင့် နှိုင်းယှဉ်ကြည့်ပါ။ ပေတရုနှင့် အခြားတမန်တော်များ လွှတ်တော်၌ ဖမ်းဆီးရိုက်နှက်ခံရပြီး ပြန်လွှတ်သောအခါ “မိမိတို့သည် အရှက်ကွဲခြင်းကို ခံထိုက်သည်ဟု မှတ်တော်မူသောကြောင့် ဝမ်းမြောက်သောစိတ်ရှိ၍ လွှတ်တော်မှ ထွက်သွားကြ၏” ဟု ကျမ်းစကား ဆိုထားသည်။

ရှင်ပေတရုသည် ကိုယ်တိုင်ခရစ်တော်နာမ၌ ဆင်းရဲဒုက္ခခံစားခဲ့ကြောင်း (၅:၁)၌ “ဆင်းရဲဒုက္ခ ဝေဒနာကို သိမြင်သော သက်သေအရာ၌၎င်း” ဟု သက်သေခံခဲ့သည်။ ထိုနေရာမှာ ပေတရုပါဝင်သောကြောင့် ပေတရုလည်း ဆင်းရဲဒုက္ခခံစားခြင်း ဖြစ်ပေမည်။

သင်နှင့်အတူရှိသော ဘုရားသခင်၏ သိုးတော်စုကို ထိန်းခြင်းအမှုမှာ အနိုင်ထိန်းရသော ကြောင့်မဟုတ်” ဟူသောကျမ်းပိုဒ်သည် ကယ်တင်ရှင်က ပေတရုအား ပြောခဲ့သော “ငါသိုးတို့ကို စောင့်ရှောက်လော့ ငါ့သိုးတို့ကို ကျွေးမွေးသော ငါ့သိုးတို့ကိုမိန့်လော့” ဟူသောစကားတော်ကို အရည်ညွန်းသည်။

၅:၅ တွင် “နှိမ့်ချခြင်းတန်ဆာကို ဝတ်ဆင်လော့” ဟူသောကျမ်းသည် (ယော ၁၃)ပါ ကိုယ်တော်တိုင် တပည့်တော်များ၏ခြေကို ဆေးကြောခြင်းအား ရည်ညွှန်းသည်။ (၅:၅-၆) သည် ပေတရုက ဘုရားသခင်ယေရှုအား ဘယ်သောအခါမှ မစွန့်လွှတ်ပါ ဟူသော မိမိကိုယ်ကို မိမိထောင်လွှားစွာ ပြောကြားခဲ့သောစကား (မာ၁၄:၂၉-၃၁) အား၎င်း၊ ဆက်တိုက်သုံးကြိမ်တိတိ ငြင်းပယ်ခြင်း (မာ၁၄:၆၇-၇၂)အား၎င်း ရည်ညွှန်းပါသည်။

နောက်ဆုံးအထောက်အထားမှာ ၅:၈ ပါ”သင်တို့ ရန်သူတည်းဟူသော မာရ်နတ်သည် ဟောက်သောင်ခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက် ရှိ၏” ဟူသော ကျမ်းစကား ဖြစ်သည်။ ထိုကျမ်းပိုဒ်ကို ရေးသားနေစဉ် သခင်ယေရှုက သူကိုပြောသည့် “ရှိမုန်၊ ရှိမုန် ဂျုံဆန်ကုဆန်ခါနှင့် ခါချသကဲ့သို့ စာတန်သည်သင်တို့ကို ချရမည်အကြောင်း အခွင့်တောင်းသည်” ဟူသောစကားတော်ကို ပြန်လည်ကြားယောင်ပါလိမ့်မည်။

TAGS: ရှင်ပေတရုဩဝါဒစာပဌမစောင်

ကိုးကားပြင်ဆင်