ရှင်မာလဲဘုရားသည် မန္တလေးမဟာမုနိဘုရား ပရဝိုဏ်အတွင်း တွင်တည်ရှိသည်။ မူလရှင်မာလဲဘုရားနှင့်ရှင်မာလဲဘုရားဟူ၍ နှစ်ဆူရှိသည်။မူလရှင်မာလဲမှာ ဘုရားကြီးအနောက်ဘက်မုခ် ဝါဆိုခြင်းလုံးရုံ အနီးတွင် ရှိသည်။ နောက်တစ်ဆူမှာ ဘုရားကြီး မြောက်ဘက် အပြင်မီးတားတံတိုင်းအနီးတွင် တည်ရှိသည်။ ဤဘုရား၏ ထူးခြားချက်မှာ တန်ဆောင်တိုင်ပွဲတော်၌ ကြာပန်းတစ်မျိုးတည်းသာ လှူဒါန်းကြသည့်ပွဲကို စည်ကားစွာ ကျင်းပခြင်းပင် ဖြစ်သည်။[၁]

ရှင်မာလဲဘုရား
ရှင်မာလဲဘုရား သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ရှင်မာလဲဘုရား
မြန်မာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
တည်နေရာမဟာမြတ်မုနိ ပရဝိုဏ်အတွင်း၊ မန္တလေးမြို့
ကိုဩဒိနိတ်21°34′17″N 96°26′24″E / 21.5713°N 96.440°E / 21.5713; 96.440ကိုဩဒိနိတ်: 21°34′17″N 96°26′24″E / 21.5713°N 96.440°E / 21.5713; 96.440
ဘာသာရေး နှီးနွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ
ဗိသုကာ
တည်ထောင်သူမင်းရှင်စော
ဘုရားကြီး မြောက်ဘက် အပြင်မီးတားတံတိုင်းအနီးရှိ ရှင်မာလဲစေတီတော်

သမိုင်း ပြင်ဆင်ရန်

ရှင်မာလဲဘုရားကို ပုဂံပြည့်ရှင် အလောင်းစည်သူမင်း၏ သားတော်ကြီး မင်းရှင်စော တည်ခဲ့သည်ဟု သိရသည်။ [၂]မင်းရှင်စောသည် မန္တလေးရွှေတောင်အရပ်ဖြစ်သော ထွန်တုန်းပူတက်( ယခု ဗိုလ်တက်ကုန်း)တွင် ထီးနန်းစိုက်စံ နေတော်မူစဉ်က တည်ခဲ့သည်ဟု သိရသည်။ မင်းရှင်စောသည် ရှင်မာလဲဘုရားကို တာဝတိံသာနတ်ပြည်မှ စူဠာမဏိစေတီတော် ပုံစံအတိုင်း ရည်မှန်းတည်တော်မူပြီး ကြာပန်းတစ်မျိုးတည်းသာ ကပ်လှူပူဇော်ခဲ့သည်။

နှစ်စဉ် တန်ဆောင်မုန်းလဆန်း ၁၄၊ ၁၅ ရက်ရှင်မာလဲဘုရားပွဲတော် ရောက်ပြီဆိုလျှင် မင်းရှင်စော ထီးနန်းတည်ခဲ့သည့် ဗိုလ်တက်ကုန်း၊ အောင်ပင်လယ်၊ နန္ဒါကန်နှင့် ဇောင်းကလောကန်ဒေသရွာများမှ အနွယ်တော်များသည် လှည်းများဖြင့် ရှင်မာလဲဘုရားပွဲတော်သို့ စုရုံးရောက်ရှိလာကြသည်။ လှည်းများကို ဘုရားကြီးအရှေ့ ၄၅တာကွင်းတွင် ချွတ်ပြီး ရပ်နားကြသည်။ ထိုနေ့ညစာအတွက် ပါလာသော စားအိုးစားခွက်များဖြင့် ချက်ပြုတ်စားသောက်ကြသည်။ ပြီးလျှင် ဖီးလိမ်းသန့်စင်ကာ မဟာမုနိဘုရားအား ဖူးမြော်ကြသည်။ မဟာမုနိဘုရားဖူးပြီးနောက် မိမိတို့ဒေသမှ ခူးဆွတ်လာသော ကြာပန်းများကို ရှင်မာလဲဘုရားအား တင်လှူပူဇော်ကြသည်။ အရုဏ်ဦးတွင် ရှင်မာလဲဘုရားအား ဃနာနို့ဆွမ်းကပ်လှူရန် ရည်မှန်း၍ အသင့်ယူဆောင်လာကြသော ဆန်တစ်ဆုပ်၊ ဆီတစ်မှုတ်မှအစ တတ်နိုင်သလောက် လှူဒါန်းကြသည်။ အချို့အလှူရှင်များက ဃနာနို့ဆွမ်းအတွက် နွားနို့ညှစ်လှူရန် နို့များများထွက်သော ကလေးအမေ နွားသားအမိကို လှူဒါန်းကြသည်။ ဃနာနို့ဆွမ်းအတွက် နွားသားအမိကို လှူဒါန်းရခြင်းမှာ မိမိအတွက် ကုသိုလ်ထူးများ ရရှိရုံသာမက ကာယကံမြောက် နို့ရည်လှူဒါန်းသော နွားသားအမိလည်း နောင်ဖြစ်လေရာ ဘဝတွင် ကောင်းသောဘဝရစေခြင်းငှာ ရည်ရွယ်လှူဒါန်း ကြခြင်းဖြစ်သည်။

ရသဝါဟိနီကျမ်းတွင် ရှင်မာလိယဒေဝမဟာထေရ် (ရှင်မာလဲ)သည် သီဟိုဠ်ကျွန်း၊ (ဝေရိယ)ဝိဟာရကျောင်း၌ သီတင်းသုံးနေခိုက် လေနာရောဂါ စွဲကပ်လာသဖြင့် စူဠာကလ္လရွာမှ ရွာသားတစ်ဦးထံက ဆေးယာဂု(နို့ဆွမ်း) အလှူခံ၍ ဘုန်းပေးတော်မူသည်။ လေနာရောဂါ သက်သာလာသည့်အခါ ဆေးယာဂု လှူသော ရွာသားကို တာဝတိံသာရှိ စူဠာမဏိစေတီအား ဖူးမြော်ရန် ခေါ်ဆောင်သွားခဲ့သည်။ စူဠာမဏိစေတီတော်တွင် အရိမေတ္တယျဘုရားအလောင်း နတ်သားနှင့် တွေ့ရသည်။ ထိုအပြင် အရိမေတ္တယျဘုရားပွင့်သည့်အခါ ဖူးတွေ့နိုင်စေသည့် အကြောင်းတရားများကိုလည်း ပြောပြလိုက်သည်ဆို၏။ ဤကား ရှင်မာလဲမထေရ်အား ဆေးယာဂု(နို့ဆွမ်း) ဆက်ကပ်လှူဒါန်းခဲ့သော အကျိုးပင်ဖြစ်ပေသည်။

ဤအကျိုးကြောင့်ဖြစ်သော အကြောင်းတရားကိုရည်မှတ်၍ မင်းရှင်စောက ရှင်မာလဲဘုရားပွဲတော်တွင် ဃနနို့ဆွမ်းအတွက် လှူဒါန်းသော နွားသားအမိကို ရှင်မာလဲဘုရားအနီး သတ်မှတ် ဆောက်လုပ်ထားသော နွားတင်းကုတ် မဏ္ဍပ်တွင် နွားတန်ဆာအပြည့်အစုံ ဆင်ယင်၍ ထားကြသည်။ နွားသားအမိအတွက် အကောင်းဆုံးသော မြက်စိမ်းနှင့် အစားအစာ ကျွေးမွေးပြုစုထားသည်။ အရုဏ်ဦးဆွမ်းချက်သည့်အခါ ထိုလှူထားသော နွားမကြီးထံမှ နို့ညှစ်၍ ဃနာနို့ဆွမ်းချက်သည်။ နို့ဆွမ်းချက်သည့်နေရာတွင် အုတ်ခင်းသွတ်မိုး အဆောက်အဦကိုလည်း သတ်သတ်မှတ်မှတ် ဆောက်လုပ်ထားသည်။ နို့ဆွမ်းကျိုချက်ပြီး အရုဏ်တက်ချိန်၌ အရုဏ်ဆွမ်းအဖြစ် ကပ်လှူပူဇော်ကြသည်။[၃]

ကြာပစ်ပွဲ ခေါ် ကြာပန်းပစ်ပွဲ ပြင်ဆင်ရန်

ရှင်မာလဲ ဘုရားပွဲတော် ပထမရက် တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့ နံနက်စောစောအချိန်တွင် ကျင်းပသည်။

ဘုရားပေါ် တက်ခွင့်မရသော အမျိုးသမီးများက ကြာပန်းများကို ဘုရား‌ေါ်သို့ ပစ်တင် ပူဇော်ကြရာမှ ကြာပစ်ပွဲ ဖြစ်ပေါ် လာသည်။

ဆင်နွှဲလိုသူများသည် ၁၃ ရက်နေ့ ညနေပိုင်းတွင် ကြိုတင်လာရောက်သည်လည်းရှိသည်။ ၁၄ ရက်နေ့ မိုးသောက်ချိန်တွင်မှ ရောက်လာကြသူများလည်းရှိသည်။

လူပျိုကာလသားများက ဘုရား ပစ္စယံများပေါ်တက်ပြီး ကြာပန်းများ ပူဇော်ကြသည်။ အပျို ကာလသမီးများက အောက်မှ နေ၍ ကြာပန်းများကို ပစ္စယာများထက်သို့ ‌ောက်အောင် ပစ်တင် ပူဇော်ကြသည်။

ဆင်နွှဲလိုသူများသည် နံနက်စော‌ော ဘုရားသို့ အရောက်လာရပေသည်။ ‌နောက်ကျပါက လူသိပ်မရှိပဲ ဘုရားနှင့် ပန်းတောင်ကြီးသဖွယ် ကြာပန်းပုံကြီးကိုသာ ‌တွေ့ကြရသည်။

ကိုးကား ပြင်ဆင်ရန်

  1. မန္တလေးမြို့ ရှင်မာလဲ ဘုရားကြာပန်းပစ်ပွဲကို တန်ဆောင်မုန်းလဆန်း(၁၄)ရက်နေ့မှာ ကျင်းပမည်Duwn (၁၇ အောက်တိုဘာ ၂၀၁၉)။ ၁၇ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. တာဝတိံသာပွဲVoice of Myanmar (၇ နိုဝင်ဘာ ၂၀၂၂)။ ၁၇ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. ရွှေရိုး(မန္တလေး)၊ မန္တလေးမြို့ပ​ေါ်ရှိ တန်ခိုးကြီးရ​ှေးဟ​ောင်းဘုရားများသမိုင်း၊ စာ-၄၄