ရှင်မိနောက် သည် အင်းဝဘုရင် မင်းခေါင် ၏ မိဖုရားခေါင်ကြီး ဖြစ်သည်။ သူသည် မင်းရဲကျော်စွာ၏ မိခင်လည်း ဖြစ်သည်။

ကြင်ယာတော်ဖြစ်လာခြင်း

ပြင်ဆင်ရန်

မင်းခေါင် နန်းတက်သည်နောက် မောမင်း သိုငံဘွားက သမီး ရှင်မိနောက်ကို ဆက်သည်။ ရှင်ဘို့မယ်ကို မယုံသည်နှင့် နန်းချသည်တွင် တောင်မိဖုရား ခေါ် မိဖုရားခေါင် ဖြစ်လာသည်။

ရာဇာဓိရာဇ်က နန်းတင်ခြင်း

ပြင်ဆင်ရန်

၇၆၉ ခုတွင် ရခိုင်အရေးနှင့်ပတ်သက်၍ ဗမာတို့ မွန်သို့ စစ်ချီလာသည်။ ရိက္ခာထောက်တပ်တို့ကို မွန်တို့က ဖြတ်တိုက်သဖြင့် အစာရေစာ ဆွံ့ရှားသောကြောင့် တပ်ပြန်ဆုတ်သည်တွင် မွန်တို့ လိုက်တိုက်ရာ တပ်ပျက်လျှင် ရှင်မိနောက်ကို မွန်တို့ ရ၏။

ရှင်မိနောက်မှာ ထိုစဉ်က အသက် ၃၅ နှစ်မျှရှိပြီး အပြင်အလျာကောင်းလှသဖြင့် ရာဇာဓိရာဇ်က နန်းတင်သည်။ []

သားသမီးများ

ပြင်ဆင်ရန်

ဘုရင် မင်းခေါင်နှင့် မြင်သော သားသမီးများမှာ -

  1. သားတော် မင်းရဲကျော်စွာ
  2. နှမတော် ရွှေပြည့်ချမ်းသာ၊ ရခိုင်မိဖုရား
  3. မောင်တော် သီဟသူ
  4. ညီတော် မင်းသားညို (မထင်ရှား)


  1. မှန်နန်း မဟာရာဇဝင်