ရှင်မွေလ(အင်္ဂလိပ်: Shin Mwe La) သည် မြန်မာ့ မော်ဒယ်နှင့် သရုပ်ဆောင် ဖြစ်ပြီး၊ MRTV-4 ဇာတ်လမ်းတွဲ ကိုလူပျိုနှင့် ပွဲဦးထွက်လာသည်။ မမထိပ်နှင့် အမွေစံအိမ်ပျားရည်အိုင်ကျိန်စာပြယ် ဒဏ္ဍာရီတတိယမြောက် ဆုံမှတ်နှင်းဆီစသည့် ဇာတ်လမ်းတွဲများတွင် ဆက်တိုက် ပါဝင်သရုပ်ဆောင်သည်။[၁]

ရှင်မွေလ
နိုင်ငံလူမျိုးမြန်မာနိုင်ငံ
အလုပ်အကိုင်ရုပ်ရှင်သရုပ်ဆောင်
ထင်ရှားသည့်
လုပ်ဆောင်မှု
မမထိပ်နှင့် အမွေစံအိမ်ပျားရည်အိုင်ကျိန်စာပြယ် ဒဏ္ဍာရီတတိယမြောက် ဆုံမှတ်နှင်းဆီ
အိမ်ထောင်ဖက်(များ)-
သားသမီး-
မိဘ(များ)ဦးဝင်းဇော်ထွန်း၊ ဒေါ်ဆည်းဆာ

မိသားစု ပြင်ဆင်ရန်

အဖ ဗမာ ဦးဝင်းဇော်ထွန်း၊ အမိ ကရင်လူမျိုး ဒေါ်ဆည်းဆာမှ ၁၉၉၆ တွင် မွေးဖွားပြီး၊ မွေးချင်းသုံးဦးအနက် အကြီးဆုံးသား ဖြစ်သည်။ ခရစ်ယာန် ဘာသာဝင် ဖြစ်ကာ၊ ရှင်မွေလဟူသော အမည်သည် သမ္မာကျမ်းစာအုပ်ထဲမှ ယူထားခြင်း ဖြစ်သည်။[၁]

အနုပညာ ပြင်ဆင်ရန်

အိမ်တွင် ဗွီဒီယိုခွေငှားဆိုင် ဖွင့်ထားရာ၊ ခွေငှားသူများကို ဇာတ်လမ်းပြန်ပြောနိုင်ရန် ဗွီဒီယိုကားများကို ကြည့်ရှုရာမှ သရုပ်ဆောင် ဖြစ်ရန် စိတ်ပါဝင်စားလာသည်။ ၎င်းနောက် ၂၀၁၂ စက်တင်ဘာတွင် ဂျွန်လွင် မော်ဒယ်သင်တန်း တက်ရောက်သည်။ နောက် ဆာတိုရီဗွီဒီယိုနှင့် လက်တွဲပြီး သူငယ်ချင်းများ ဗွီဒီယိုတစ်ကား ရိုက်ကူးရာ ထုတ်လုပ်ခဲ့ခြင်းမရှိပေ။ MRTV-4 မှ ခေါ်ယူသော လူရွေးပွဲ၌ အရွေးခံရပြီး၊ သင်တန်းတက်ရပြီးနောက် MRTV-4 မှ ထုတ်လွှင့်သော ဇာတ်လမ်းတွဲများတွင် ပါဝင်လာရာ ရှင်မွေလဟူသော အမည်ရင်းဖြင့် ထင်ရှားလာသည်။ [၁]

ပါဝင်သရုပ်ဆောင်ခဲ့သော ဇာတ်ကားနှင့် ဇာတ်လမ်းတွဲများ ပြင်ဆင်ရန်

ရုံတင်ဇာတ်ကားများ ပြင်ဆင်ရန်

ခုနှစ်-2017 ရုပ်ရှင်အမည်-မုဒြာ​ရဲ့ခေါ်သံ ထုတ်လုပ်ရေး ဒါရိုက်တာ-ခရစ္စတီးနားခီ ဇာတ်ဆောင်အမည် မှတ်ချက်

ရုပ်ရှင်ဇာတ်ကား ပြင်ဆင်ရန်

ခုနှစ် ရုပ်ရှင် ရုပ်ရှင်ထုတ်လုပ်ရေး ဒါရိုက်တာ မှတ်ချက်

ရုပ်သံဇာတ်လမ်းတွဲများ ပြင်ဆင်ရန်

ခုနှစ် ဇာတ်လမ်းတွဲအမည် ဇာတ်ဆောင်အမည် ထုတ်လွှင့်ရုပ်သံ မှတ်ချက်
၂၀၁၆ ကိုလူပျို MRTV-4
မမထိပ်နှင့်အမွေစံအိမ်
၂၀၁၈ ပျားရည်အိုင်
ကျိန်စာပြယ်ဒဏ္ဍာရီ
၂၀၁၉ တတိယမြောက်ဆုံမှတ်
နှင်းဆီ ဇော်
၂၀၂၀ ဂျီဟောသူ လင်းညို

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ "ဖေမြိုင် သို့မဟုတ် ရှင်မွေလနှင့် တွေ့ဆုံခြင်း" (မတ် ၂၀၁၉). ရွှေအမြုတေမဂ္ဂဇင်း (အမှတ် ၃၅၂): ၄-၉.