ရှင်လုကာခရစ်ဝင်

ဓမ္မသစ်ကျမ်း

၁။ စံတော်မီ ဝိသေသလက္ခဏာ

ဘုရားတရား မယုံကြည်သူများပင်လျှင် သဒ္ဒါလင်္ကာမြောက်စွာချီးမွမ်းကိုးကွယ်နိုင်သော ကျမ်းစာအုပ်ဖြစ်သည်။ ပြင်သစ်ဝေဖန်ရေးဆရာ Renan ကလုကာ၏ ခရစ်ဝင်သတင်းကောင်းကို အတိမ်း အစောင်းမခံနိုင်သော ဧဝံဂေလိဆရာများ၏ မူရင်းလက်စွဲကျမ်းအဖြစ်ထောက်ခံသည်။ ရှင်လုကာသည် တပါးအမျိုးသားထဲမှ ဘုရားသခင် ကလောင်တန် ပေးအပ်ထားသူဖြစ်သည်။ ဂရိရောမ ယဉ်ကျေးမှုကို နောက်ခံထား၍ အနောက်တိုင်းသားများအား ဆွဲဆောင်စည်းရုံးသော ကျမ်းစာ ဖြစ်သည်။

ဒေါက်တာလုကာ၏ မီးမောင်းထိုးပြချက်မပါရှိလျှင် လူများသည် ဝိညာဉ်ရေးရာနှင့် အမှု တော်ဆောင်လုပ်ငန်းတွင် ဆင်းရဲသထက်ဆင်းရဲ ချို့တဲ့ကြမည်။ ကိုယ်တော်ဘုရားသည် ယုဒလူမျိုးသာမ က လူသားအားလုံးအား ချစ်ခင်၍ ကယ်တင်ခြင်း ရရှိစေလိုသည်။ ဆင်းရဲချမ်းသာ၊ အယုတ်အလတ်မရွေး လူတိုင်းက စိတ်ဝင်စားသည်။ ရှင်လုကာသည် ချီးမွမ်းခြင်း (အခန်း ၁နှင့် ၂ကို ကနဦး ဓမ္မသီချင်းများတွင် စပ်ဆိုကျူးဧထားသည်) ဆုတောင်းခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်တွင် မွေ့လျော်သူဖြစ်သည်။

၂။ ကျမ်းရေးသူ

အန္တီအုတ်သားဆေးသမားဆရာ လုကာသည် ပေါလု၏ လုပ်ဖော်ဆောင်ဖက်၊ မိတ်ကောင်း ဆွေမွန်ဖြစ်သည်။ တခြားသော တမန်တော်များကဲ့သို့ အသက်တာပြောင်းလဲခြင်းကို ဦးစားသူဖြစ်သည်။ ကျမ်းနှစ်စောင်တွင် ဆေးပညာကို ဝိညာဉ်ရေးရာအတွက် ဖက်စပ်အသုံးပြုထားသည်။

အပြင်ပန်းလက္ခဏာအားဖြင့် Eusebius က Historia Ecclesiatica (iii,4) တွင်စာရေးသူ သည်ကနဦး ခရစ်ယာန်ယုံကြည်သူဖြစ်သည်ဟု ဆိုထားသည်။ Irenaeus ကလည်း ရှင်လုကာ၏ လက်ရာ ဖြစ်ကြောင်း အသိအမှတ်ပြုထားသည်။ Justin Martyr, Heqesippus, Clement of Alexandira နှင့် Tertullian တို့ကလည်း ရှင်လုကာ၏ လက်ရာဖြစ်သည်ဟု ဆိုကြသည်။ Muratorian Canon တွင် ဤတတိယခရစ်ဝင်ကျမ်းကို လုကာ စီရင်ရေးသားသည်ဟု ရေးမှတ်သည်။

လုကာတပါးတည်းသာလျှင် သူ၏ ဧဝံဂေလိလုပ်ငန်းကို အစီအစဉ်အကျ ရေးမှတ်သူရှိ သည်။ တမန်တော် ဝတ္ထုတွင် ပိုမိုရှင်းလင်းစွာ တွေ့ရှိရသည်။ အချို့နေရာတွင် “ကွန်ုပ်တို့”ဟူသော နာမ်စား (၁၆:၁၀၊ ၂၀:၅-၆၊ ၂၁:၁၅၊ ၁၇:၁၊ ၂၈:၁၆၊ ၂တိ ၄:၁၁ နှင့် ယှဉ်ဖတ်) သုံးလေ့ရှိသည်။ အချိန်ကာလအ ပိုင်းအခြားစနစ်တကျမှတ်တမ်းတင်သည်။ ထို့ကြောင့် ရှင်လုကာခရစ်ဝင်ကျမ်းနှင့် တမန်တော် ဝတ္ထုတွင်ပါ သော အချိန်ကာလကို တိုက်ကြည့်လျှင် စာရေးသူ တယောက်တည်းဖြစ်ကြောင်းပေါ်လွင်သည်။

ပေါလုက လုကာကို “အချစ်ဆုံးဆေးဆရာကြီး”ဟုခေါ်သည်။ ယုဒခရစ်ယာန်များနှင့် ကွဲပြား၍ပေါလုက နာမည်သီးသန့်ဖော်ပြလေ့ရှိသည် (ကော ၄:၁၄)။ ဓမ္မသစ်ကျမ်းတွင် စာရေးသူလုကာ တဦးတည်းသာရှိသည်။ ရှင်လုကာခရစ်ဝင်ကျမ်းနှင့် တမန်တော်ဝတ္ထုသည် အခြားသော ပေါလု၏ ပေးစာ များထက် ပိုမိုနှံ့စပ်သည်။

အတွင်းသရုပ်သည် ပြင်ပလက္ခဏာများထက် အသင်းတော်၏ အစဉ်အလပိုမိုပီပြင် ခိုင်မာ သည်။ ဝေါဟာရအသုံးအနှုံးများသည် အခြားဓမ္မသစ်ကျမ်းများထက်ဆေးဘက်ဆိုင်ရာ ဝေါဟာရပိုများ သည်။ ဂရိပညာတတ်လေးသံလွမ်းမိုးသောကြောင့် တပါးအမျိုးသားဆရာဝန် ခရစ်ယာန်မှန်သိလာသည်။ သို့သော် အသက်တာပြောင်းလဲသော ယုဒလူမျိုး၏ ရည်ရွယ်ချက်နှင့်ဆင်သည်။ (၁:၁-၄၊ ၃:၁) တို့ကို ထောက်ရှုခြင်းအားဖြင့် ပထမဦးဆုံးအသင်းတော်သမိုင်းပညာရှင်ဖြစ်သည်။

၃။ အချိန်ကာလ

ပထမရာစုနှစ် (၆၀)ခုနှစ် ဝန်းကျင်ဖြစ်ဖို့များသည်။ (တချို့က ၇၅နှင့် ၈၅အကြား သို့မဟုတ် ဒုတိယရာစုနှစ်ဟုဆိုကြသည်)။ ထိုစကားအရဆိုလျှင် သခင်ခရစ်တော်၏ ယေရုရှလင်ဗိမာန်တော်ပျက်စီး မည့်ဗျာဒိတ်လေးချက်နှင့် ဆန့်ကျင်သွားမည်။ ယေရုရှလင်ဗိမာန်တော်သည် အေဒီ ၇ဝခုနှစ်တွင် ပျက်သုဉ်း သဖြင့် ထိုသို့ ပျက်သုဉ်းမည့်အကြောင်း ပရောဖက်ပြုချက်သည် ထိုကာလမတိုင်မီက ဖြစ်သည်။

ရှင်လုကာခရစ်ဝင်ကျမ်းသည် တမန်တော်ဝတ္ထုနှင့် အခန်းဆက်ဖြစ်သည်ဟု ယူဆကြ သည်။ တမန်တော်ဝတ္ထုသည် အေဒီ ၆၃ခုနှစ်၊ ရောမတွင် ပေါလုရှိနေချိန်၊ ပေါလုက လုကာအား လှမ်းခေါ် ချိန်၌ ပြီးစီးသည်။ ရောမမြို့ မီးလောင်၍ ခရစ်ယာန်များညှဉ်းပန်းနှိပ်စက်ခြင်းခံရချိန်သည် နေရူးလက်ထက် အေဒီ ၆၄တွင်ဖြစ်သည်။ ပေတရုနှင့် ပေါလုတို့ မာတုရခံရခြင်းသည်လည်း အသင်းတော် သမိုင်းနှင့် အထင်ရှားဆက်နွယ်သောကြောင့် အေဒီ ၆၁-၆၂ဖြစ်တန်ရာသည်။

၄။ နောက်ခံသမိုင်းနှင့် ရည်ရွယ်ချက်

ဂရိများသည် ဘုန်းတန်ခိုးနှင့် ပြည့်စုံသော လူသားကို ရှာဖွေကြသည်။ အမျိုးသားအမျိုး သမီးများတွင် အကောင်းဆုံး အကျင့်လက္ခဏာများ ရှာဖွေကြသော်လည်း တာရှည်မခံ။ ထိုအကြားတွင် လုကာက ခရစ်တော်အားလူသားတော်အဖြစ် တင်ဆက်သည်။ ခိုင်မာသည်။ သနားကြင်နာတတ်သည်။ လူသားဘဝလည်း ထင်ရှားသည်။

အခြားသော ခရစ်ဝင်ကျမ်းများထက် ဆုတောင်းခြင်းပိုမိုထင်ရှားသည်။ သူ၏ သနားကြင် နာမှု၊ စာနာမှုသည် အတိုင်းမသိကျယ်ပြန့်သည်။ မိခင်နှင့်သား သမီးအကြားရျိ ချစ်ခင်ကြင်နာမှုများကို တင်စားသည်။ ရှင်လုကာ ခရစ်ဝင်ကျမ်းကို သာသနာပြန့်ပွားရေးသတင်းကောင်းဟု လူသိများ ထင်ရှား သည်။ ဤခရစ်ဝင်ကျမ်းသည် တပါးအမျိုးသားများထံသို့ ပျံ့နှံ့၍ သခင်ယေရှုအား ကယ်တင်ရှင်သခင်အ ဖြစ် ဖော်ပြသည်။ ရှင်းရှင်းပြောရလျှင် ဤကျမ်းသည် တပည့်တော်ဖြစ်နည်းကျမ်းဖြစ်သည်။ သခင်ဘုရား၏ ခြေတော်ရာကိုလျှာက်ခြင်းဖြင့် တပည့်တော်အဖြစ်ခံမည့်အကြောင်း၊ နောက်လိုက်တော်များအား သွန်သင် လေ့ကျင့်ပုံအကြောင်းတို့ကို တွေ့ရသည်။ ထိုအချက်များသည် ယုံကြည်သူများ လိုက်လျှောက်ရမည့် လမ်း စဉ်ဖြစ်သည်။ ကိုယ်တော်၏ လူ့ဘဝ သက်တော်စဉ်သည် လူသားများ၏ စံနမူနာဖြစ်သည်။ ကိုယ်တော်၏ တုနှိုင်းဖွယ်ရာမရှိသော စကားတော်များက လူတိုင်းအား လက်ဝါးကပ်တိုင်ပေါ်မှ လှမ်းခေါ်နေသယောင် ရှိသည်။

ရှက်လုကာ ခရစ်ဝင်ကျမ်းကို လေ့လာပြီးလျှင် ကိုယ်တော်ဘုရား၏ ခေါ်သံကြားယောင်ကြ မည်။ လူတိုင်းအား နောက်တော်သို့ လိုက်စေချင်ကြောင်း သိရှိကြမည်။ နာခံခြင်းသည် ဝိညာဉ်ရေးရာအသိ တရားကြွယ်ဝခြင်းဖြစ်သည်။ သမ္မာကျမ်းစာကို ပိုမိုကျွမ်းဝင်သိရှိလာကြမည်။ ကျမ်းစာ သွန်သင်ဖော်ပြချက် အတိုင်း လိုက်လျှောက်ချင်ကြပေမည်။

ပါဝင်သည့်အချက်များ

၁။ နိဒါန်းရည်ရွယ်ချက်နှင့် နည်းလမ်း (၁:၁-၄)

၂။ ရှေ့တော်ပြေးနှင့်လူသားတော်ကြွလာခြင်း (၁:၅-၂:၅၂)

၃။ အမှုတော်စတင်ရန် လူသားတော်ပြင်ဆင်ခြင်း (၃:၁-၄:၃၀)

၄။ ဘုန်းတန်ခိုးပြည့်စုံကြောင်း၊ သက်သေထူခြင်း (၄:၃၁-၅:၂၆)

၅။ လူသားတော်မှ သူ၏အမှုတော်အား ရှင်းပြခြင်း (၅:၂၇-၆:၄၉)

၆။ အမှုတော်မှ သူ၏အမှုတော်အား ရှင်းပြခြင်း (၃:၂၇-၆:၄၉)

၇။ လူသားတော်အား ဆန့်ကျင်သူများပြားလာခြင်း (၉:၅၁-၁၁:၅၄)

၈။ ယေရုရှလင်လမ်းတွင် သွန်သင်ခြင်းနှင့် အနာရောဂါကင်းငြိမ်းစေခြင်း (အခန်းကြီး ၁၂၊ ၁၆)

၉။ လူသားတော်က တပည့်တော်များသို့ သွန်သင်ညွှန်ကြားချက် (၁၇:၁-၁၉:၂၇)

၁၀။ ယေရုရှလင်ရှိလူသားတော် (၁၉:၂၈-၂၁:၃၈)

၁၁။ လူသားတော်ဝေဒနာခံစားခြင်းနှင့် အသေခံတော်မူခြင်း (အခန်းကြီး ၂၂၊ ၂၃)

၁၂။ လူသားတော်အောင်ပွဲခံခြင်း (အခန်းကြီး ၂၄)

TAGS: ရှင်လုကာခရစ်ဝင်

ကိုးကား ပြင်ဆင်ရန်