ရှင်သန်နိုင်သော စွမ်းရည်

ရှင်သန်နိုင်သောစွမ်းရည်များသည် မည်သည့် သဘာဝပတ်ဝန်းကျင်မဆို အသက်ရှင်ရန် လူပုဂ္ဂိုလ်အသုံးပြုသော နည်းပညာများဖြစ်သည်။ ထိုနည်းပညာများသည် လူသားဘဝအတွက် မရှိမဖြစ်လိုအပ်သော အခြေခံများဖြစ်ပြီး ရေ၊အစားအစာနှင့် ခိုလှုံရာနေရာများပါဝင်သည်။ ထိုစွမ်းရည်များသည် ရှေးယခင်က တိရစ္ဆာန်နှင့် အပင်များနှင့်အတူ အသက်ရှင်နိုင်ရန် အထောက်အကူပေးသော သင့်လျော်သော အသိပညာနှင့် တုံပြန်မှုဖြစ်သည်။ ရှင်သန်နို်င်သော စွမ်းရည်များမှာ နှစ်ထောင်ပေါင်းများစွာကတည်းက တီထွင်ကာ အသုံးပြုခဲ့သော အခြေခံစိတ်ကူးနှင့်စွမ်းရည်များဖြစ်သည်။ အပြင်ဘက်လှုပ်ရှားမှုများတွင် ခရီးဝေးလမ်းလျှောက်ခြင်း၊ ကျော်ပိုးအိတ်တစ်လုံးနှင့် လျှောက်သွားခြင်း၊ မြင်းစီး၍သွားခြင်း၊ ငါးမျှားခြင်းနှင့် အမဲလိုက်ခြင်းနှင့် တောတွင်းရှင်သန်နိုင်သော အခြေခံစွမ်းရည်များဖြစ်သည်။ အထူးသဖြင့် ရုတ်တရက်ဖြစ်ပေါ်လာသော အရေးပေါ်နေထိုင်မှု Bushcraft နှင့် ရှေးဦးအခြေခံနေထိုင်မှုများဖြစ်ပြီး ကိုယ်တိုင်ဆောင်ရွက်ခြင်းဖြစ်ပြီး ကိုယ်တိုင်ဆောင်ရွက်ခြင်းဖြစ်ပြီး တူညီသောစွမ်းရည်များရှိရန် လိုအပ်သည်။

သိရိလင်္ကာပြည်တွင်းစစ်ပွဲအတွင်း တုတ်ချောင်းများကို အသုံးပြု၍ ရွက်ဖျင်တဲ ပြုလုပ်ကြသည်။

ပထမဆုံးအထောက်အပံ့ ပြင်ဆင်ရန်

ပထမဆုံးအထောက်အပံများသည် လူပုဂ္ဂိုလ်ကို ဒဏ်ရာနှင့်နေမကောင်းဖြစ်ခြင်းမှ အသက်ရှင်နို်င်ရန် အကူအညီဖြစ်စေသည်။ အန္တရာယ်ရှိသော ထိခိုက်ဒဏ်ရာများမှာ

-အကိုက်ခံရခြင်း (မြွေ၊ ပင့်ကူနှင့် အခြား တိရစ္ဆာန်များ) -အရိုးကျိုးခြင်း -မီးလောင်ခြင်း -ခေါင်းကိုက်ခြင်း -နှလုံးရောဂါ -သွေးထွက်ခြင်း -ကိုယ်အပူချိန်ကျဆင်းခြင်း -ရောဂါကူးစက်ခြင်း(အစားအသောက်၊ တိရစ္ဆာန်ကိုင်တွယ်ခြင်း၊ မသန့်ရှင်းသောရေများစသဖြင့်) -အဆိပ်မိခြင်း (အဆိပ်ရှိသော အပင်များ (သို့) အဆိပ်ရှိသောမှိုများမှ တစ်ဆင့်) -အဆစ်အကြောများနာကျင်ခြင်း (ခြေဆစ်စသဖြင့်) ဒဏ်ရာရခြင်း (အဆိပ်အတောက်ပျံနှံခြင်းစသဖြင့်) ရှင်သန်သူများသည် ပထမထောက်ပံနိုင်သော အသုံးဆောင်ပစ္စည်းများ သို့မဟုတ် ဗဟိုသုတအသိများ ပိုင်ဆိုင်လျင် ကြုံကြိုက်သော ဆေးဘက်ဝင်အပင်များ(သို့)စွမ်းရည်မဲ့နေသော အဖော်ကို သယ်ယူနိုင်သည်။

ခိုလှုံရာ ပြင်ဆင်ရန်

ခိုလှုံရာကို သဘာဝမှရရှိနိုင်သည်။ ဂူများ၊ အပေါ်မှမိုးနေသောကျောက်များ(သို့)သစ်ပင်များ သင့်တော်သော ယာယီခိုလှုံရာနေရာ(သို့) ယာယီရွက်ဖျင်တဲများဖြစ်သည်။

မီး ပြင်ဆင်ရန်

မီးပြုလုပ်ခြင်းသည် အသိအမှတ်ပြုထားသော အရေးပါသောစွမ်းရည်တစ်ခုဖြစ်သည်။ မီးခြစ်မပါဘဲ အမှတ်တမဲ့ မီးပြုလုပ်ခြင်းတွင် ဥပမာအားဖြင့် သဘာဝမီးခတ်ကျောက် သို့ လောင်စာအဖြစ်ပြုလုပ်ခြင်း အသက်ရှင်ရေးစာအုပ်နှင့် အသက်ရှင်ရေးသင်တန်းများ မကြာခဏပါဝင်သော အကြောင်းအရာတစ်ခုဖြစ်သည်။ တောရိုင်းဒေသများသို့ မသွားမှီ မီးပြုလုပ်ခြင်းကို အလေးထား၍ လေ့ကျင့်ကြသည်။ ဆန့်ကျင်သော အခြေအနေများတွင် နေရောင်ခြည်စွမ်းအင်သုံးမီးခြစ်နှင့် မီးပြွန်များဖြင့် လွယ်ကူစွာပြုလုပ်ကြသည်။ မီးကို စတင်အသုံးပြုခြင်းတွင် ယမ်းမှုန့်ကို အသုံးပြုခြင်းလည်းပါဝင်သည်။ သေနတ်ကို အသုံးပြုခြင်းသည် ဒဏ်ရာနှင့်သေခြင်းရှောင်ကြဉ်ရန်အသုံးပြုကြသည်။ လောင်စာကို အသုံးပြုခြင်းနည်းပညာများထဲတွင် အဝတ်နှင့်လွန်းကြိုးများကို အသုံးပြုကြသည်။ နောက်တစ်ခုမှာ အချက်ပြရာတွင် အသုံးပြုသည်။ မီးသည် အသက်ရှင်ရေးအတွက် လိုအပ်သော အသုံးဆောင်တစ်မျိုးဖြစ်သည်။ မီးမှရရှိသော အနွေးဓာတ်သည် ခန္ဓကိုယ်ကို နွေးထွေးစေသည်။ အဝတ်စိုများကို ခြောက်သွေ့စေသည်။ ရေကိုပိုးသတ်စေသည်။ အစားအစာကို ချက်ပြုတ်စေသည်။ မရှိမဖြစ်လိုအပ်သော စွမ်းအင်အရင်းအမြစ်တစ်ခုဖြစ်သည်။ မီးသည် ရှင်သန်သူကြားနှင့် တိရစ္ဆာန်ကြားများဝင်ရောက် ခြင်းကို ကာကွယ်ပေးသည်။ မည်သို့ပင်ဆိုစေ အလင်းရောင်နှင့်မီး၏အပူသည် တောရိုင်း တိရစ္ဆာန်ကို ဆွဲဆောင်နိုင်သည်။

ရေ ပြင်ဆင်ရန်

လူသားသည် ရေမရှိဘဲပျှမ်းမျှသုံးရက်မှ ငါးရက်အထိအသက်ရှင်နိုင်သည်။ အသက်ရှင်နေထိုင် ရေး အခြေအနေတွင် ရေဆုံးရှုံးခြင်းမှာ ကာကွယ်ရန် လိုအပ်သည်ဟုညွန်ကြားထားသည်။ လှုပ်ရှားမှုများသည်နှင့် ရေလိုအပ်မှုတိုးလာသည်။ လူတစ်ယောက်သည် ပုံမှန်အခြေအနေတွင် ၂လီတာမှ ၄ လီတာအထိရေလိုအပ်သည်။ တောဒေသများတွင် ရေဆုံးရှုံးခြင်းမှ ကာကွယ်ရန်နှင့် ခန္ဓာကိုယ်လှုပ်ရှားရန် ၆ လီတာအထိလိုအပ်သည်။ အမေရိကန်စစ်တပ်ရှင်သန်ရေးတွင် မည်မျှသောက်သုံးရန် အမိန့်မပေးထားချေ။ ရေဆာသည့် အချိန်သောက်ရန်ဖြစ်သည်။ အခြားအုပ်စုများသည် စားနပ်ရိက္ခာ အပေါ်မှုတည်၍ ရေကို စည်းကမ်းထုတ်ထားသည်။ ရေနည်းပါခြင်းသည် ရေဓာတ်ကုန်ခမ်းခြင်းကို ဖြစ်စေသည်။ ငိုက်မျဉ်းခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊စိတ်ရှုပ်ထွေးခြင်းနှင့်သေခြင်းအထိတောင်ဖြစ်ပေါ်စေသည်။ ရေဓာတ်ကုန်ခမ်းခြင်းသည် ခံနိုင်ရည်ကို နှင့် အာရုံစိုက်ခြင်းကို လျော့နည်းစေသည်။ ငုင်းမှာ အန္တရာယ်ရှိသော အသက်ရှင်နေထိုင်မှု အခြေအနေဖြစ်သည်။ အဝါနက်ရောင်(သို့) အညှိရောင်သည် ကျန်းမားရေးချို့ယွင်းနေသော အခြေအနေ ရေဓာတ်ဆုံးရှုံးခြင်းဖြစ်သည်။ ရေကျိုချက်ခြင်းနှင့်ရေစစ်သုံးခြင်းသည် ဓာတုဗေဒနည်းဖြင့်အသုံးပြုခြင်းထက် လုံခြုံသည်။