ရှင်သီဝလိရဟန္တာ သည် ဗုဒ္ဓဘုရားရှင်လက်ထက်တွင် လာဘ်ပေါများသည့်အရာတွင်ဧတဒဂ် ရသူ ဖြစ်သည်။ ရှင်သီဝလိဂါထာကို သဒ္ဓါထက်သန်ယုံကြည်စွာ ရွတ်ဖတ်ပူဇော်ပါက မိမိ၏ လိုအင်ဆန္ဒများ ပြည့်ဝနိုင်သည်။[၁]

ရှင်သီဝလိဂါထာတော် ပါဠိ ပြင်ဆင်ရန်

၁။ သီဝလိ စ မဟာနာမံ၊ သဗ္ဗလာဘံ ဘဝိဿတိ။
ထေရဿ အာနုဘာဝေန၊ သဗ္ဗေ ဟောန္တု ပိယံ မမ။

၂။ သီဝလိ စ မဟာဝီရော၊ ယေ ယေ ပဿန္တု မံ ပိယံ။
တေ တေ ပဿန္တု ပရမံ၊ ဇနပဒံ ပူဇယန္တု။

၃။ သီဝလိ စ မဟာထေရော၊ မမ သီသေ ဌပေတွာန။
ဇမ္ဗုဒီပမဏ္ဍလေန၊ ဇယော မန္တာ သုခါဝဟာ။

၄။ သီဝလိ စ မဟာနာမံ၊ ဣန္ဒာ ဒေဝါ သဗြဟ္မကာ။
မနုဿပုရိသော ဣတ္ထိ၊ မဟာလာဘံ ဘဝိဿတိ။

၅။ သီဝလိ စ မဟာလာဘံ၊ နာနာ ဒေတိ ဝရံ ဝရံ။
ဣဒမ္ပိ ပူဇိတံ ဒေတိ၊ မဟာသုခံ ဘဝိဿတိ။

၆။ ဝဏ္ဏံ ဒန္တံ နရာတိတ္တိ၊ အာဏာ မယှံ ဘဝေ ဘဝေ။
တဝ ရုက္ခေ ရာဇဓီတာ၊ သဗ္ဗေ ကောဓံ ဝိနဿန္တု။

၇။ သီဝလိ စ မဟာလာဘံ၊ သဗ္ဗလာဘံ ဘဝိဿတိ။
ထေရဿ အာနုဘာဝေန၊ သဒါ ဟောတု ပိယံ မမ။

၈။ သီဝလိ စ မဟာထေရော၊ ယေ ယေ ပဿန္တု မံ ပိယံ။
တေ တေ ပဿန္တု မံ ပိယံ၊ ဇနပဒံ ပူဇိဿန္တိ။

၉။ သီဝလိ စ မဟာထေရော၊ မမ သီသေ ဌပေတွာန။
မန္တတေဇ ဇယောမန္တံ၊ အဟံ ဝန္ဒာမိ သဗ္ဗဒါ။

၁၀။ သီဝလိ စ မဟာထေရော၊ ဒေဝမနုဿပူဇိတော။
သော ရဟော ပစ္စယာဒိနံ၊ မဟာလာဘံ ကရောတု မေ။[၁]

ရှင်သီဝလိဂါထာ မြန်မာပြန် ပြင်ဆင်ရန်

၁။ မဟာနာမံ − ကြီးမြတ်သော အမည်ရှိသော။ သီဝလိ စ − ရှင်သီဝလိမထေရ်သည်လည်း။ သဗ္ဗလာဘံ − အလုံးစုံသောလာဘ် ပူဇော်သက္ကာရ ဟူသမျှကို။ ဘဝိဿတိ − ဖြစ်စေလတ္တံ့။ ထေရဿ − ရှင်သီဝလိမထေရ်မြတ်၏။ အာနုဘာဝေန − တန်ခိုးတေဇော် အာနုဘော်တော်ကြောင့်။ သဗ္ဗေ − ခပ်သိမ်းသောလူတို့သည်။ မမ − အကျွန်ုပ်အား။ ပိယံ (ပိယာ) − မေတ္တာသက်ဝင် ချစ်ခင်ကြကုန်သည်။ ဟောန္တု − ဖြစ်ကြစေကုန်သတည်း။


၂။ သီဝလိ − ရှင်သီဝလိမထေရ်မြတ်သည်။ မဟာဝီရော စ − ကြီးမြတ်သော ရဲရင့်ခြင်းလည်း ရှိတော်မူ၏။ တဿ − ထိုရှင်သီဝလိမထေရ်၏။ တေဇေန − တန်ခိုးတော်အားဖြင့်။ ယေ ယေ − အကြင်အကြင်သူတို့သည်။ မံ − အကျွန်ုပ်ကို။ ပိယံ − ချစ်ချစ်ခင်ခင်။ ပဿန္တု − ရှုမြင်ကြစေကုန်သတည်း။ တေ တေ − ထိုထိုသူတို့သည်။ ပရမံ − ထူးမြတ်လှစွာ။ ပဿန္တု − ရှုကြည့်ကြစေကုန်သတည်း။ ဇနပဒံ − ဇနပုဒ်သည် (ဝါ) ဇနပုဒ်နေသူ များဗိုလ်လူသည်။ ပူဇယန္တု − ပူဇော်လာကြစေကုန်သတည်း။


၃။ မဟာထေရော − ကြီးမြတ်သော မထေရ်တစ်ပါး ဖြစ်တော်မူသော။ သီဝလိ စ − ရှင်သီဝလိမထေရ်မြတ်သည်လည်း။ မမ − အကျွန်ုပ်၏။ သီသေ ဦးခေါင်းရတနာ မြတ်အင်္ဂါ၌။ ဌာတု − တည်ပါစေသတည်း။ ဌပေတွာန − ဤသို့တည်နေသောကြောင့်။ ဇမ္ဗုဒီပမဏ္ဍလေန − ဇမ္ဗူဒိပ်ကျွန်းအဝှန်းနှင့်အမျှ။ ဇယော − အောင်မြင်ခြင်းသည်။ ဟောတု − ဖြစ်ပါစေသတည်း။ မန္တာ − အောင်မြင်ကြောင်းမှန်ဂါထာမန္တန်တို့သည်။ သုခါဝဟာ − ချမ်းသာကို ဆောင်ကြသည်။ ဟောန္တု − ဖြစ်ကြပါစေကုန်သတည်း။


၄။ မဟာနာမံ − ကြီးမြတ်သောနာမ ရှိတော်မူသော။ သီဝလိ စ − သီဝလိထေရ်သည်လည်း။ အတ္ထိ − ရှိတော်မူ၏။ ကဿာနုဘာဝေန − ထိုရှင်သီဝလိထေရ်၏ အစွမ်းအာနုဘော်တော်ကြောင့်။ သဗြဟ္မကာ − ဗြဟ္မာနှင့်တကွ ဖြစ်ကုန်သော။ ဣန္ဒာ ဒေဝါ − သိကြား၊ နတ် တို့သည်လည်းကောင်။ မနုဿပုရိသော ဣတ္ထိ စ − လူယောက်ျား၊ လူမိန်းမတို့သည်လည်းကောင်း။ မဟာလာဘံ − ကြီးစွာသော လာဘ်သပ်ပကာကို။ ဘဝိဿတိ − ရသည်ဖြစ်လတ္တံ့သတည်း။


၅။ သီဝလိ − ရှင်သီဝလိ မထေရ်မြတ်သည်။ ဝရံ − တောင့်တအပ်မြတ်သော။ မဟာလာဘံ − လာဘ်လာဘအများအပြားကို။ နာနာ − အမျိုမျိုး။ ဒေတိ − ပေးတတ်၏။ ဝရံ − မြတ်သော။ ဣဒမ္ပိ ပူဇိတံ − ပူဇော်အပ်သော ပစ္စည်းဝတ္ထုများကိုလည်း။ ဒေတိ − ပေးတတ်ပေ၏။ တေန − ထိုရှင်သီဝလိထေရ်၏ ဘုန်းတော်ကြောင့်။ မဟာသုခံ − ကြီးမြတ်သောချမ်းသာသည်။ ဘဝိဿတိ − ဖြစ်ပေလတ္တံ့။


၆။ ဘန္တေ − ထေရ်ရှင်သီဝလိ အရှင်ဘုရား။ တေ အရှင်ဘုရား၏။ ဝဏ္ဏံ − အဆင်းတော်သည်လည်းကောင်း။ ဒန္တံ − ယဉ်ကျေးသိမ်မွေ့တော်မူပုံသည်လည်းကောင်း။ နရာတိတ္ထိ − လူတို့အား မရောင့်ရဲစေနို်င်ပါ။ တဝ − အရှင်ဘုရား၏။ ရုက္ခေ − ရုက္ခမူကျောင်း၌။ ရာဇဓီတာ − ရုက္ခစိုးနတ်သမီးသည်။ ရက္ခတု − စောင့်ရှောက်မှု မြဲပါစေသတည်း။ သဗ္ဗေ − ခပ်သိမ်းသော သတ္တဝါတို့သည်။ ကောဓံ − အမျက်ဒေါသကို။ ဝိနဿန္တု − ပယ်ဖျောက်နိုင်ကြပါစေသတည်း။ မယှံ − အကျွန်ု်ပ်၏။ အာဏာ −− အာဏာစက်သည်လည်း။ ဘဝေ − ဖြစ်စေလိုရာ၌။ ဘဝေ − ဖြစ်ပါစေသတည်း။


၇။ သီဝလိ စ − ရှင်သီဝလိထေရ်မြတ်သည်လည်း။ မဟာလာဘံ − ကြီးမြတ်သော လာဘ်လာဘ ရှိတော်မူ၏။ မမ − အကျွန်ုပ်အား။ သဗ္ဗလာဘံ − ခပ်သိမ်းသော လာဘ်လာဘသည်။ ဘဝိဿတိ − ဖြစ်ပေလတ္တံ့။ ထေရဿ − ရှင်သီဝလိထေရ်၏။ အာနုဘာဝေန − တန်ခိုးတေဇော် အာနုဘော်တော်ကြောင့်။ သဒါ − အခါခပ်သိမ်း။ မမ − အကျွန်ုပ်အား။ ပိယံ − လူအပေါင်းတို့က ချစ်မြတ်နိုးအပ်သည်။ ဟောတု − ဖြစ်ပါစေသတည်း။


၈။ သီဝလိ စ − ရှင်သီဝလိ မထေရ်မြတ်သည်လည်း။ မဟာထေရော − ကြီးမြတ်သော ထေရ်တစ်ပါး ဖြစ်တော်မူ၏။ တဿ − ထိုရှင်သီဝလိမထေရ်မြတ်၏။ အာနုဘာဝေန − တန်ခိုးတေဇော်အာနုဘော်တော်ကြောင့်။ ယေ ယေ − အကြင် အကြင် သူတို့သည်။ မံ − အကျွန်ုပ်ကို။ ပိယံ − ချစ်မြတ်နိုးစွာ။ ပဿန္တု− ရှုကြည့်ကြပါစေသတည်း။ တေ တေ − ထိုထိုသူတို့သည်။ မံ − အကျွန်ုပ်ကို။ ပိယံ − ချစ်မြတ်နိုးစွာ။ ပသန္တု − ရှုကြည့်ကြပါစေသတည်း။ တေ တေ − ထိုထိုသူတို့သည်။ မံ − အကျွန်ုပ်ကို။ ပိယံ − နှစ်နှစ်သက်သက်။ ပဿန္တု − ကြည့်မြင်ကြပါစေကုန်သတည်း။ ဇနပဒံ − ဇနပုဒ်နေ ပြည်သူအပေါင်းသည်။ ပူဇိဿန္တိ − ပူဇော်ကြပေကုန်လတ္တံ့။


၉။ မဟာထေရော − မဟာထေရ်မြတ်ဖြစ်တော်မူသော။ သီဝလိ စ − ရှင်သီဝလိ ရဟန္တာသည်လည်း။ မမ− အကျွန်ုပ်၏။ သီသေ − ဦးခေါင်းရတနာ၌။ ဌာတု − တည်ပါစေသတည်း။ ဌာပေတွာန − တည်နေပြီး၍။ မန္တတေဇ ဇယောမန္တံ − ထက်မြတ်သော မန္တန်၊ အောင်အပ်သော မန္တန်ကို ပေးတတ်သော။ တံ− ထိုထေရ်ရှင်သီဝလိကို။ အဟံ − အကျွန်ုပ်သည်။ သဗ္ဗဒါ− အမြဲမပြတ်။ ဝန္ဒာမိ − ရှိခိုးပါ၏ဘုရား။


၁၀။ ဒေဝမနုဿပူဇီတော − နတ်လူတို့သည် ပူဇော်အပ်သော။ ပစ္စယာဒီနံ − ပစ္စည်းလေးပါး အစရှိသော ပူဇော်အထူးတို့ကို။ ရဟော − ခံယူတော်မူထိုက်သော။ သော သီဝလိ မဟာထေရော − ထိုအရှင်သီဝလိ မဟာထေရ်မြတ်သည်။ မေ − အကျွန်ုပ်အား။ မဟာလာဘံ − လာဘ်လာဘပေါများခြင်းကို။ ကရောတု − ပြုတော်မူပါစေသတည်း။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ဗုဒ္ဓဘာသာကောင်းတစ်ယောက်။ သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန။ ၂၀၀၅။