ရှင်သုဇာတ (၁၁၉၁ − ၁၂၆၅) သည် သာယာဝတီမင်းလက်ထက်တွင် ထင်ရှားခဲ့သည့် ဆရာတော်တစ်ပါး ဖြစ်သည်။[]

ဆရာတော်ကို ၁၁၉၁ ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ ဆရာတော်သည် လယ်ကိုင်းဆရာတော်၏ တပည့် ဖြစ်သည်။ သာယာဝတီမင်းလက်ထက်တွင် “ကလျာဏဘိဝံသသဒ္ဓမ်မဓဇမဟာဓမ္မရာဇဂုရုဘွဲ့” နှင့် မင်းတုန်းမင်းကြီးလက်ထက် “သုဇာတာဘိသီရိဓဇမဟာဓမ္မရာဇဂုရုတံဆိပ်” နှင့် သီပေါမင်းလက်ထက်တွင် “သုဇာတာတိသီရိဓဇဓိပဓိပဝရမဟာဓမ္မရာဇာဓိရာဇဂုရု” တံဆိပ်တော်များ ဆက်ကပ်ခြင်း ခံခဲ့ရသည်။

ဆရာတော်သည် မိုးထားဝန် ဆောက်လုပ်လှူဒါန်းသည့် ကျောင်းတွင် သီတင်းသုံးသဖြင့် “မိုးထားဆရာတော်” ဟု တွင်ခဲ့သည်။ ၁၂၆၃ ခုနှစ်တွင် မဟာသံဃရာဇာသာသနာပိုင်အဖြစ် တင်မြှောက်ခြင်း ခံခဲ့ရသည်။[]

ပျံလွန်တော်မူခြင်း

ပြင်ဆင်ရန်

ဆရာတော်သည် ၁၂၆၄ ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။[]

ပြုစုခဲ့သည့် ကျမ်းများ

ပြင်ဆင်ရန်

ဆရာတော် ပြုစုတော်မူခဲ့သည့် ကျမ်းများအနက် ဝိနယရာသီကျမ်းသည် ထင်ရှားသည်။[]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၁၁၀။