ရှင်သူငယ်ဂမုန်းပင်သည် ဗုဒ္ဓံသရဏံပင်နှင့် ခပ်ဆင်ဆင်တူသည်။ အရွက်၏ပုံသဏ္ဌာန်မှာ ဗျက်ကျယ်ပြီး ဘဲဥသဏ္ဌာန် ရှည်မျောမျောပုံ ဖြစ်သည်။ အရွက်များတွင် အဝါစင်းများ ရွက်ရိုးရွက်ကျောများအတိုင်း ပါရှိသည်။ အပင်၏ အမြင့်မှာ အလွန်ဆုံး ၃' ရှိသည်။ ငှက်ပျောပင်ကဲ့သို့ပင် အပင်များ ပွားပါသည်။ အရွက်၏ အရှည်မှာ ၁၂"ကျော် ဗျက်အကျယ်မှာ ၆"ခွဲလောက် ရှိသည်။

ရှင်သူငယ်ဂမုန်းမျိုးများ ပြင်ဆင်ရန်

ရှင်သူငယ်အဝါ၊ ရှင်သူငယ်အနီ၊ ရှင်သူငယ်အဖြူ၊ ရှင်သူငယ်အညို၊ ရှင်သူငယ်အကြား တို့အပြင် ငှက်ပျောရှင်သူငယ်အကြီး၊ ငှက်ပျောရှင်သူငယ်အငယ် ဟူ၍ မျိုးနွယ်တူ၊ မျိုးနွယ်ကွဲပေါင်း (၁၀)မျိုးခန့်ရှိသည်။ ဂမုန်းသည် အများအားဖြင့် အပူဒဏ် မခံနိုင်ကြပါ။ သို့သော် ရှင်သူငယ်ဂမုန်းပင်များသည် အပူဒဏ်ကို အနည်းနှင့်အများ ခံနိုင်ရည် ရှိကြသည်။ နေပူသောအခါ အပင်သည် အသွေးအရောင် ပိုမိုလှပ တောက်ပြောင်လာတတ်သည်။ [၁] ဆေးတစ်လုံးပင်ကဲ့သို့ ရှိ၏။ ငှက်ပျောရွက်ကဲ့သို့ အဖျားက တိတိဝန်းဝန်းရှိ၏။ အရွက်နီ၏။ ခေါင်းမှာ ငှက်ပျောခေါင်း၊ ပိန်းခေါင်းကဲ့သို့ရှိ၏။[၂]

ငှက်ပျောရှင်သူငယ်ဂမုန်း ပြင်ဆင်ရန်

ငှက်ပျောရှင်သူငယ် ဂမုန်းမှာ အပင်ကြီးမျိုး၊ အပင်ငယ်မျိုးဟူ၍ နှစ်မျိုးရှိသည်။ အငယ်မျိုးမှာ ပုံသဏ္ဌာန်အားဖြင့် ငှက်ပျောပင် အငယ်စားလေးပင်ဖြစ်၍ နှစ်ပေထက်မကြီး၊ အရွက်တွင် အညိုကြောင်းကလေးပါပါသည်။ အပင်ကြီးမျိုးသည် အပင်ငယ်ပုံသဏ္ဌာန်အတိုင်း၊ အပင်အရွက်ကြီး၍ ရိုးရိုးငှက်ပျောပင်လောက် ရှိပြီး မြေကောင်းလျှင် ကောင်းသလောက် ကြီးသည်။ ငှက်ပျောရှင်သူငယ်အပင်ကို တချို့က ရွှေရည်ငွေရည် လောင်းပေးကြသည်။ ပင်စည်ကို သင်္ကန်းစည်းပေးထားတတ်သည်။

ရှင်သူငယ်ဂမုန်း(အနီ) ပြင်ဆင်ရန်

အကျိုးပေး ပြင်ဆင်ရန်

တန်ခိုးသတ္တိ ထက်မြက်၍ စီးပွားဥစ္စာ လာဘ်လာဘ တိုးပွားလျက် အလုပ်အကိုင် အကြံအစည်တို့ ထမြောက် အောင်မြင် တတ်သည်။ ထို့ကြောင့် စိုက်ပျိုးပြုစုသူ အလွန်များသော ဂမုန်းမျိုးဖြစ်သည်။ [၃]

ကိုးကား ပြင်ဆင်ရန်

  1. အောင်(ရေကျောင်းအင်ဂျင်နီယာ)၊ စွမ်းအားရှင်ဂမုန်းများ၊ (အောက်တိုဘာလ၊ ၂၀၀၄)
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
  3. ဆရာက၊ တန်ခိုးကြီးသော ဂမုန်းပင်များ