ရှင်အဂ္ဂဝံသ
ရှင်အဂ္ဂဝံသ (၅၀၀ ခန့်) သည် ပုဂံခေတ် အလောင်းစည်သူမင်းလက်ထက်တွင် ထင်ရှားသည့် ရဟန်းတစ်ပါး ဖြစ်သည်။ မင်းဆရာတော်လည်း ဖြစ်သည်။
ဦးလေးတော်စပ်သူသည် လောကုပတ္တိပကာသနီကျမ်းဆရာ ရှင်အဂ္ဂပဏ္ဍိတ ဖြစ်သည်။ ဦးလေးသည် ဒုတိယအဂ္ဂပဏ္ဍိတဘွဲ့ကို ရပြီး ရှင်အဂ္ဂဝံသသည် တတိယအဂ္ဂပဏ္ဍိတဘွဲ့ကို ရခဲ့သည်။ ဦးလေးတော်စပ်သူ၏ ဆရာဖြစ်သူမှာ ပထမအဂ္ဂပဏ္ဍိတဘွဲ့ရသူ ဖြစ်သည်။[၁]
စာပေဆိုင်ရာ
ပြင်ဆင်ရန်ရှင်အဂ္ဂဝံသသည် ပိဋကတ်ကို ကျွမ်းကျင်၏။ ထင်ရှားကျော်ကြားသည့် သဒ္ဒနီတိကျမ်းကြီးကို ပြုစုခဲ့သည်။ မြန်မာစာပေသမိုင်းတွင် ထင်ရှားသည့် သဒ္ဒါကျမ်းတတ်ပုဂ္ဂိုလ်ကျော် ၄ ပါးတွင် အပါအဝင် ဖြစ်ခဲ့သည်။[၁]
ပြုစုခဲ့သည့် ကျမ်းများ
ပြင်ဆင်ရန်၁။ သဒ္ဒနီတိပဒမာလာ (၅၁၆)၊
၂။ သဒ္ဒနီတိသုတ္တမာလာ၊
၃။ သဒ္ဒနီတိဓာတုမာလာ။[၁]