ရှင်အာစာရ
ရှင်အာစာရ (၁၂၀၅ − ၁၂၈၇) သည် “ဒက္ခိဏာရာမဆရာတော်” ဟု သိကြသည့် ဆရာတော် ဖြစ်သည်။[၁]
ဘဝ
ပြင်ဆင်ရန်ဆရာတော်ကို ၁၂၀ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက်နေ့တွင် မိတ္ထီလာမြို့နယ်၊ ကဖြူရွာတွင် ဖွားမြင်ခဲ့သည်။ ၁၂၂၈ ခုနှစ်တွင် “ရှင်အာစာရ” ဟူသည့် ဘွဲ့ဖြင့် ရဟန်းပြုခဲ့သည်။ ပထမဒက္ခိဏာရာမဆရာတော် ရှင်ဇာဂရသည် ဥပဇ္ဈာယ်ဆရာ ဖြစ်သည်။
ဆရာတော်သည် ပဏ္ဍိတာဘိသီလာလင်္ကာရမဟာဓမ္မရာဇာဓိရာဇဂုရုတံဆိပ်တော်ရ ဆရာတော်ဦးမင်းထံတွင် ပညာများ သင်ယူခဲ့ဖူးသည်။
ဆရာတော်သည် ပွဲစားကြီးဦးကျော် ဆောက်လုပ်လှူဒါန်းခဲ့သည့် အုတ်ကျောင်းကို အလှူခံတော်မူခဲ့သည်။ ထို့နောက် မန္တလေးမြို့တောင်ပြင် ဒက္ခိဏာရာမကျောင်းတိုက်တွင် ဆက်လက်သီတင်းသုံးခဲ့သည်။[၁]
ပျံလွန်တော်မူခြင်း
ပြင်ဆင်ရန်ဆရာတော်သည် ၁၂၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၁၄ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။[၁]