Wild Asparagus (ရှဉ့်မတက်) ပြင်ဆင်ရန်

  • Botany Term : Asparagus acerosus Willd
  • Species/Family : Liliaceae
  • common name : Asparagus racemosus (satavar, shatavari, or shatamull, shatawari)
 
ရှဉ့်မတက်ပင်

ပုံသဏ္ဌာန် ပြင်ဆင်ရန်

နှစ်ရှည်ခံရစ်ပတ်နွယ်ပင်မျိုးဖြစ်သည်။ အညိုနုရောင် ပင်စည် သည် မာကျောပြီး ဆူးများပါရှိသည်။ ရွက်ထီးဖြစ်ပြီးအပ်ချောင်း ပုံရွက်ဖတ်ကလေး များစု၍ ထွက်သည်။ ပန်းခိုင်တွင် စိမ်းဝါရောင်ပန်းပွင့်ကလေးများ ပွင့်သည်။ လုံးဝန်းသောအစေ့ များခွံပျော့သီးဖြစ်သည်။ အစေ့ (၂) စေ့မှ (၆) စေ့ခန့် အထိ ပါရှိသည်။

အပင် ပြင်ဆင်ရန်

ချုံနွယ်ပင် မျိုးဖြစ်၏။ ဆူးငယ်များ အများ အပြား ရှိ၏။ အပင်အောက် မြေကြီးထဲ ၌ဥများ အမြောက် အမြား စီတန်း ပေါက်ရောက်နေ၏။ ပင်စည်လုံး သေးငယ်ပြီး ဝါခြောက်ခြောက်အရောင် ရှိသည်။ မြောက်မြားစွာသော ဥများ မြေကြီးထဲမှ ပေါက်ရောက်နေကြသဖြင့် "'ဥတစ်ရာပင်"' ဟု နိဂဏ္ဌုကျမ်းတို့၌ ဖော်ပြကြသည်။

အရွက် ပြင်ဆင်ရန်

ငှက်မွေး ရွက်ပေါင်း ဖြစ်သည်။ ရိုးတံ ပေါ်တွင် ၇ရွက်စီ စု၍ ရွက်လွဲ ထွက်သည်။ ရွက်မြွှာများ အစိမ်းရင့်ရောင် ရှိပြီး အပ်ချောင်း သဏ္ဌာန် ရှိသည်။ အနည်းငယ် ကောက်ကွေး နေသည်။ ရွက်ညှာ အောက်ဘက်၌ ဆူးတစ်ချောင်း စီထွက်၏။

အပွင့် ပြင်ဆင်ရန်

ဖြူ၏။ သေးငယ်၏။ မွှေးကြိုင်သော အနံ့ရှိ၏။ အခိုင်လိုက် ပွင့်၏။

အသီး ပြင်ဆင်ရန်

ငရုတ်ကောင်းစေ့ ခန့်ရှိသည်။ အစေ့များ ခွံပျော့သီး ဖြစ်၏။ မှည့်သောအခါ အနီရောင် ရှိ၏။ အသုံးပြုနိုင်သည့်

• အစိတ်အပိုင်းများ  : ဥ။
• မြန်မာနိုင်ငံတွင်တွေ့နိုင်သောနေရာများ  : မြန်မာ နိုင်ငံ အနှံ့ အပြားတွင် ပေါက်ရောက်သည်။
• ပေါက်ရောက်ပုံ : သဘာ၀ အလျောက် ပေါက်ရောက်သည်။
• အသုံးဝင်ပုံ(အာနိသင်) : မြန်မာ ဆေးကျမ်းများ အလိုအရ ရှဉ့်မတက်ဥသည် ချိုဆိမ့်၏။ ခါး၏။ ခွန်အား ကို ဖြစ်စေ၏။ ဝမ်းမီးကို တောက်စေ၏။ ၀ဖြိုးစေ၏။ သုက်၊ နို့ရည် ကို ပွားစေ၏။ နှလုံးရောဂါ၊ ဝမ်းသက်၊ သွေးအန်၊ သွေးကျ၊ အဆုတ်နာ တို့ကို ပျောက်စေတတ်၏။ လေ၊သလိပ်၊သည်းခြေ တို့ကို နိုင်၏။ သွေးလုံး လေလုံး ရောဂါ၊ ဖောရောင်ခြင်း၊မျက်စိရောဂါ၊ အဖျား ရောဂါတို့ကို ပယ်၏။ ၎င်း၏ စွမ်းရည်သည် တစ်ကိုယ်လုံးသို့ ပျံ့နှံ့၍ အကျိုးပြု၏။ အသက်ကို ရှည်စေ၏။

အသုံးပြုပုံ ပြင်ဆင်ရန်

ပြင်ဆင်ရန်

  1. ရှဉ့်မတက်ဥ ကို ချက်ပြုတ် စားခြင်း၊ နွားနို့ နှင့် နို့ထမင်း ကဲ့သို့ ပြုလုပ် စားခြင်းဖြင့် အားတိုး စေသည်။
  2. ချောင်းခြောက် ရောဂါ အတွက် ရှဉ့်မတက်ဥ၊ မုယားကြီးရွက် သကြားခဲ ရော၍ သောက်ရ၏။
  3. အဆစ်ရောင်ခြင်း၊ ကိုက်ခြင်း စသော တစ်ကိုယ်လုံး ဖောက်ပြန်သော လေရောဂါ အတွက် ရှဉ့်မတက်ဥ ရည်သက်သက် ဖြင့် ချက်ထားသော ဆီသက်သက် ကို လိမ်းကျံ ပေးရ၏။
  4. ရှဥ့်မတက်ဥ ကို ကျို၍ ၎င်းတွင် သကြားခဲ ရောပြီး ပျားရည် ထည့်သောက် သော် ဆီးပူရောဂါ နှင့် ဆီးအောင့် ရောဂါ ပျောက်၏။
  5. ရှဉ့်မတက်ဥ ရည်တွင် ပျားရည် နှင့် နွားနို့ ရော၍ နံနက်၌ သောက်သော် အပူအကိုက် နှင့် အမျိုးမျိုး သော သည်းခြေ ရောဂါ ပျောက်၏။
  6. ရှဉ့်မတက်ဥ ကြိတ်ညှစ်ရည်တွင် နွားနို့ ရောသောက်သော် ကျောက်တည် ရောဂါ ပျောက်၏။
  7. ရှဉ့်မတက်ဥ ကြိတ်၍ ရသော အရည် တွင် ပျားရည် ရောသောက်သော် မီးယပ် ရောဂါ ပျောက်၏။
  8. ရှဉ့်မတက်ဥ မှုန့်ကို နွားနို့ နှင့် ရောသောက်သော် သားသည် မိခင်များ နို့ရည် တိုးပွားစေ၏။
  9. ရှဉ့်မတက်ဥရည် တွင် နွားနို့ ရောသောက်သော် အဆိပ် သင့်ခြင်း အမျိုးမျိုး ပျောက်၏။
  10. ရှဉ့်မတက်ဥကို အခြားသော ဆေးဖက် များနှင့် ရောစပ်၍ သွေးအန်၊ သွေးဝမ်း၊ ခေါင်းကိုက်၊ အသံပျက်၊ အသံဝင်၊ ဝက်ရူး၊ပန်းနာ ရောဂါပျောက် ဆေးများ အဖြစ် သုံးစွဲ နိုင်၏။
  11. ရှဉ့်မတက်ဥ ကို အခြောက် ပြုလုပ်၍ အမှုန့်ကြိတ် ပြီး ပျားရည်၊ ငရုတ်ကောင်း အနည်းငယ် ရော၍ သောက်သုံးပါက ခွန်အား တက်ကြွ စေသည်။

[၁]

ကိုးကား ပြင်ဆင်ရန်

  1. http://arogyamonline.com/commodity/materials/?raw=144[လင့်ခ်သေ]

https://en.wikipedia.org/wiki/Asparagus_racemosus