"တိုင်းလုံ"ဟူသော ဝေါဟာရသည် "ရှမ်းကြီး"ဟု အဓိပ္ပာယ်ရသည်။ ရှမ်းကုန်းပြင်မြင့်ဒေသရှိ ရှမ်းများကို ခြုံ၍ ခေါ်ခြင်းဖြစ်သည်။ နမ့်မောဝ်(ခေါ်) ရွှေလီမြစ်ဝှမ်း ဒေသများတွင် အများဆုံးနေထိုင်ကြသဖြင့် တိုင်းမောဝ်ဟု ခေါ်သည်။ ဗန်းမော်၊ မန်စီ၊ မိုးမောက်၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်၊ ဖားကန့်တို့တွင် ပျံ့နှံ့နေထိုင်ကြ သည်။ ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေး၊ ရန်ကုန်မြို့များတွင်လည်း ပျံ့နှံ့နေထိုင်ကြသည်။