ရှမ်းပြည်နယ် တရားလွှတ်တော်

ရှမ်းပြည်နယ်တရားလွှတ်တော် သည် ရှမ်းပြည်နယ်တွင် အမြင့်ဆုံးတရားရုံးဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒုတိယအမြင့်ဆုံးအဆင့်ရှိ တရားရုံးဖြစ်ကာ ခရိုင်တရားရုံး (၁၀)ရုံး၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး (၁)ရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး (၃)ရုံးနှင့် မြို့နယ်တရားရုံး (၅၀)ရုံးရှိသည်။

ရှမ်းပြည်နယ်တရားလွှတ်တော်
High Court of the Shan State
နိုင်ငံမြန်မာနိုင်ငံ
တည်နေရာသစ်​တောရပ်ကွက်၊ တောင်ကြီးမြို့
လုပ်ပိုင်ခွင့်ပြုခြင်းဖွဲ့စည်းပုံအခြေခံဥပဒေ
ရာထူးနေရာ
ဝက်ဘ်ဆိုဒ်shan.hc.gov.mm
တရားသူကြီးချုပ်
လက်ရှိဦးသန်းဦးလွင်
စတင်တာဝန်ထမ်းဆောင်၅ ဒီဇင်ဘာ ၂၀၂၂

သမိုင်းကြောင်း ပြင်ဆင်ရန်

၂၀၁၁ခုနှစ် မတ်လ ၃၀ရက်နေ့မှစ၍ ၂၀၀၈ အခြေခံဥပဒေအရ ယခင် ရှမ်းပြည်နယ်တရားရုံးကို ရှမ်းပြည်နယ်တရားလွှတ်တော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ထိုစဉ်က တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး(၂)ဦး စုစုပေါင်း (၃)ဦးဖြင့် ဖွဲ့စည်းခဲ့သည်။၂၀၁၇ခုနှစ်တွင် လောက်ကိုင်ခရိုင်တရားရုံးအား ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးအဖြစ်လည်းကောင်း၊ပင်းတယနှင့် ရွာငံမြို့နယ်တရားရုံးများကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး လက်အောက်သို့လည်းကောင်း၊၂၀၁၈ခုနှစ်တွင် ဟိုပုံး၊ဆီဆိုင်နှင့် ပင်လောင်းမြို့နယ်တရားရုံးများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး လက်အောက်သို့လည်းကောင်း၊၂၀၁၉ခုနှစ်တွင် ဟိုပန်မြို့နယ်နှင့် မက်မန်းမြို့နယ်များကို ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး လက်အောက်သို့လည်းကောင်း ပြောင်းလဲဖွဲ့စည်းခဲ့သည်။

တည်နေရာ ပြင်ဆင်ရန်

ရှမ်းပြည်နယ်တရားလွှတ်တော်သည် တောင်ကြီးမြို့တွင် တည်ရှိသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရန်

ရှမ်းပြည်နယ်တရားလွှတ်တော်ကို  ခရိုင်တရားရုံး (၁၀)ရုံး၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး (၁)ရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး (၃)ရုံးနှင့် မြို့နယ်တရားရုံး (၅၀)ရုံးဖြင့် ဖွဲ့စည်းထားသည်။[၁]

ခရိုင်တရားရုံးများ ပြင်ဆင်ရန်

  • တောင်ကြီးခရိုင်တရားရုံး
  • လွိုင်လင်ခရိုင်တရားရုံး
  • လင်းခေးခရိုင်တရားရုံး
  • လားရှိုးခရိုင်တရားရုံး
  • ကျောက်မဲခရိုင်တရားရုံး
  • မူဆယ်ခရိုင်တရားရုံး
  • တာချီလိတ်ခရိုင်တရားရုံး
  • ကျိုင်းတုံခရိုင်တရားရုံး
  • မိုင်းဆတ်ခရိုင်တရားရုံး
  • မိုးမိတ်ခရိုင်တရားရုံး

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/တိုင်း တရားရုံးများ ပြင်ဆင်ရန်

  • ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး
  • ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး
  • ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး
  • ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး

မြို့နယ်တရားရုံးများ ပြင်ဆင်ရန်

  • တောင်ကြီးမြို့နယ်တရားရုံး
  • ဖယ်ခုံမြို့နယ်တရားရုံး
  • ကလောမြို့နယ်တရားရုံး
  • ရပ်စောက်မြို့နယ်တရားရုံး
  • ညောင်ရွှေမြို့နယ်တရားရုံး
  • လွိုင်လင်မြို့နယ်တရားရုံး
  • နမ့်စန်မြို့နယ်တရားရုံး
  • လဲချားမြို့နယ်တရားရုံး
  • မိုင်းရှူးမြို့နယ်တရားရုံး
  • မိုင်းကိုင်မြို့နယ်တရားရုံး
  • ကျေးသီးမြို့နယ်တရားရုံး
  • ကွန်ဟိန်းမြို့နယ်တရားရုံး
  • လင်းခေးမြို့နယ်တရားရုံး
  • မိုးနဲမြို့နယ်တရားရုံး
  • မောက်မယ်မြို့နယ်တရားရုံး
  • မိုင်းပန်မြို့နယ်တရားရုံး
  • လားရှိုးမြို့နယ်တရားရုံး
  • သန္နီမြို့နယ်တရားရုံး
  • တန့်ယန်းမြို့နယ်တရားရုံး
  • မိုင်းရယ်မြို့နယ်တရားရုံး
  • ကွမ်းလုံမြို့နယ်တရားရုံး
  • ကျောက်မဲမြို့နယ်တရားရုံး
  • သီပေါမြို့နယ်တရားရုံး
  • နောင်ချိုမြို့နယ်တရားရုံး
  • နမ္မတူမြို့နယ်တရားရုံး
  • နမ့်ဆန်မြို့နယ်တရားရုံး
  • မန်တုံမြို့နယ်တရားရုံး
  • မူဆယ်မြို့နယ်တရားရုံး
  • နမ့်ခမ်းမြို့နယ်တရားရုံး
  • ကွတ်ခိုင်မြို့နယ်တရားရုံး
  • တာချီလိတ်မြို့နယ်တရားရုံး
  • မိုင်းဖြတ်မြို့နယ်တရားရုံး
  • မိုင်းယောင်းမြို့နယ်တရားရုံး
  • ကျိုင်းတုံမြို့နယ်တရားရုံး
  • မိုင်းခတ်မြို့နယ်တရားရုံး
  • မိုင်းယန်းမြို့နယ်တရားရုံး
  • မိုင်းပျဉ်းမြို့နယ်တရားရုံး
  • မိုင်းဆတ်မြို့နယ်တရားရုံး
  • မိုင်းတုံမြို့နယ်တရားရုံး
  • မိုးမိတ်မြို့နယ်တရားရုံး
  • မဘိမ်းမြို့နယ်တရားရုံး
  • ဟိုပန်မြို့နယ်တရားရုံး
  • မက်မန်းမြို့နယ်တရားရုံး
  • ဟိုပုံးမြို့နယ်တရားရုံး
  • ဆီဆိုင်မြို့နယ်တရားရုံး
  • ပင်လောင်းမြို့နယ်တရားရုံး
  • ပင်းတယမြို့နယ်တရားရုံး
  • ရွာငံမြို့နယ်တရားရုံး
  • လောက်ကိုင်မြို့နယ်တရားရုံး
  • ကုန်းကြမ်းမြို့နယ်တရားရုံး

တရားသူကြီးများ ပြင်ဆင်ရန်

၂၀၂၀ပြည့်နှစ်တွင် ပြည်နယ်တရားလွှတ်တော်၌ တရားသူကြီးချုပ်အပါအဝင် (၃)ဦးရှိသည်။ ပြည်နယ်တရားလွှတ်တော်အောက်တွင် တရားသူကြီးချုပ်ရုံးနှင့် ပြည်နယ်တရားရေးဦးစီးမှူးရုံးတို့ရှိသည်။

ကိုးကား ပြင်ဆင်ရန်

  1. ရှမ်းပြည်နယ်တရားလွှတ်တော်။ ၂၀၂၀ပြည့်နှစ် တရားရုံးနှစ်စဉ်အစီရင်ခံစာ