ရှမ်းရိုးမ (ရှမ်းတောင်တန်းဟုလည်း သိကြသည်။) သည် ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံတစ်လျှောက် သွယ်တန်းတည်ရှိနေသည့် တောင်တန်းတစ်ခု ဖြစ်သည်။ ထိုဒေသတစ်ခုလုံးသည် များစွာသော တောင်တို့ဖြင့် ပြည့်နှက်နေပြီး သေးငယ်သည့် လွင်ပြင်ငယ်ကလေးများသည် ထိုတောင်များကို ခြားနားထားကြသည်။

ရှမ်းတောင်တန်း
ရှမ်းရိုးမ
ရှမ်းပြည်တောင်ပိုင်းမှ ရှမ်းတောင်တန်းများမြင်ကွင်း
အမြင့်ဆုံးအမှတ်
တောင်ထွတ်လွိုင်လန်းတောင်
အမြင့်၂,၆၇၃ m (၈,၇၇၀ ft)
ကိုဩဒိနိတ်22°39′N 98°4′E / 22.650°N 98.067°E / 22.650; 98.067
အတိုင်းအတာများ
အလျား၅၆၀ km (၃၅၀ mi) N/S
အကျယ်၃၃၀ km (၂၁၀ mi) E/W
ပထဝီဝင်
ရှမ်းတောင်တန်းများတည်နေရာ
နိုင်ငံများမြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံ
ဒေသအရှေ့တောင်အာရှ
တောင်တန်း ကိုဩဒိနိတ်21°30′N 98°00′E / 21.500°N 98.000°E / 21.500; 98.000ကိုဩဒိနိတ်: 21°30′N 98°00′E / 21.500°N 98.000°E / 21.500; 98.000
ပင်မတောင်တန်းIndo-Malayan System
ဘူမိဗေဒ
ကျောက်သားအမျိုးအစားဂရင်းနိုက်ထုံးကျောက်
Deforested .နွေရာသီတွင်ကလောမြို့အနီးရှမ်းတောင်တန်းများ၌ သစ်တောများရှင်းလင်းထားသည်ကိုတွေေ့ရစဉ်။
ပြင်ဦးလွင်အနီးနားရှိ အနီးစခန်း
မတ်လ ၂၀၁၁ ငလျင်ကြောတည်နေရာ

အမြင့်ဆုံးနေရာမှာ လွိုင်လန်းတောင် တောင်ဖြစ်ပြီး အမြင့်မှာ ၂၆၇၃ မီတာ ရှိသည်။[၁] အခြားသောတောင်များမှာ ၂၅၆၅ မီတာအမြင့်ရှိသည့် မွန့်လင့်ရှန်းတောင်၊ [၂] ၂၅၆၅ မီတာမြင့်သည့် ဒိုင်အင်သနွန် (Doi Inthanon) နှင့် ၂၅၆၃ မီတာမြင့်သည့် လွိုင်ပန့်နာအို (Loi Pangnao) တို့ ဖြစ်ကြသည်။ တောင်များအားလုံးသည် အရှေ့တောင်အာရှရှိ မြင့်မားသော တောင်ထိပ်ဖျားရှိသည့် တောင်များတွင် ပါဝင်သည်။[၃]

ပထဝီဝင် ပြင်ဆင်ရန်

ရှမ်းတောင်တန်းဧရိယာသည် တောင်စဉ်တောင်တန်းများ၊ လွင်ပြင်များနှင့် ရှမ်းကုန်းပြင်မြင့်ဟု သိကြသည့် အနည်းငယ် ညီညာသော နေရာများ ပေါင်းစပ်တည်ရှိသည်။ မြန်မာနိုင်ငံ၏ နီလာ၊ ပတ္တမြားနှင့် အခြားသော ကျောက်များ အဓိကထွက်ရှိရာ ဒေသလည်း ဖြစ်သည်။ ထို့ပြင် ခဲ၊ ငွေ၊ သွပ် အစရှိသည့် သတ္ထုတွင်းထွက်များလည်း ထွက်ရှိသည်။[၄]

သမိုင်း ပြင်ဆင်ရန်

ဗြိတိသျှကိုလိုနီခေတ်တွင် ရှမ်းတောင်တန်းသည် အဓိက အရေးပါခဲ့သည်။ ပြင်ဦးလွင်မြို့ (အင်္ဂလိပ်ဘာသာဖြင့် မေမြို့ ဟု သိကြသည်။) ရှမ်းတောင်တန်း၏ အနောက်ဘက်ပိုင်းဒေသတွင် တည်ထားသည့် မြို့တစ်ခု ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၀၀၀ အထက်တွင် တည်ရှိပြီး မန္တလေးမြို့မှ သွားပါက တစ်နာရီခွဲ ကြာမြင့်သည်။ ပြင်ဦးလွင်မြို့သည် မြန်မာနိုင်ငံ၏ ပူပြင်းသည့် နွေရာသီကို ခိုလှုံရောင်ရှားရာ မြို့ဖြစ်ခဲ့သည်။ ပြင်ဦးလွင်မြို့သည် ရုက္ခဗေဒဥယျာဉ် တည်ရှိသဖြင့် အထူးကျော်ကြားသည်။ ပြင်ဦးလွင်မြို့တွင် ကိုလိုနီခေတ်က ဗိသုကာလက်ရာများကို မြင်တွေ့နိုင်ပေသည်။ ရှမ်းတောင်တန်းဒေသရှိ အင်းလေးကန်သည်လည်း နိုင်ငံခြားခရီးသွားများ၏ စိတ်ဝင်တစား လာရောက်လည်ပတ်ကြသည့် နေရာတစ်ခု ဖြစ်သည်။[၅]

ရုပ်ပုံများ ပြင်ဆင်ရန်

 
အင်းလေးမှလှမ်းကြည့်လျှင်မြင်ရသောရှမ်းတောင်တန်းများ
အင်းလေးမှလှမ်းကြည့်လျှင်မြင်ရသောရှမ်းတောင်တန်းများ 
 
မယ်ဟောင်သောန်ပြည်နယ်မှ ရှမ်းတောင်တန်းများ
မယ်ဟောင်သောန်ပြည်နယ်မှ ရှမ်းတောင်တန်းများ 
 
သီပေါနှင့်ပြင်ဦးလွင်ကြားမှ ဂုတ်ထိပ်တံတားမြင်ကွင်း
သီပေါနှင့်ပြင်ဦးလွင်ကြားမှ ဂုတ်ထိပ်တံတားမြင်ကွင်း 
 
ချင်းမိုင်နှင့်မြန်မာအကြားမှ နယ်နိမိတ်အဖြစ်တည်ရှိနေသည့် ရှမ်းတောင်တန်း
ချင်းမိုင်နှင့်မြန်မာအကြားမှ နယ်နိမိတ်အဖြစ်တည်ရှိနေသည့် ရှမ်းတောင်တန်း 

ကိုးကား ပြင်ဆင်ရန်