ရှမ်းအမျိုးသမီးများ လှုပ်ရှားမှုကွန်ယက်

ရည်မှန်းချက်ပန်းတိုင် ရောက်ရှိရေး အတွက် မိမိတို့၏ သန္နိဌာန် ပြင်ဆင်ရန်

မိမိတို့သည် မြန်မာနိုင်ငံတွင်း နိုင်ငံရေးနှင့်လူမှုရေး ပြုပြင်ပြောင်းလဲမှုများဖြစ်ပေါ်စေရေး လှုပ်ရှားမှုကြီး၌ မိမိတို့ရပ်ရွာ အသိုင်းအဝိုင်းကို ခြေပြုသည့် အရေးယူ ဆောင်ရွက်ချက်များ၊ သုတေသနလုပ်ငန်းများနှင့် စည်းရုံးလှုံ့ဆော်ရေးများကို လှုပ်ရှားဆောင်ရွက်ခြင်းအားဖြင့် ရှမ်းအမျိုးသမီးများ ကျား-မ တန်းတူ ညီမျှ ရေးနှင့် တရားမျှတမှုများ ခံစားရရှိလာစေရေးကို လှုပ်ရှားဆောင်ရွက် သွားပါမည်။

SWAN ဆိုသည်မှာ ပြင်ဆင်ရန်

SWAN အသင်းကို ထိုင်းနိုင်ငံတွင်းနှင့် ရှမ်းပြည်တွင်း လှုပ်ရှားဆောင်ရွက်နေသည့် ရှမ်းအမျိုးသမီး များ၏ ကွန်ယက်အဖွဲ့ ဖြစ်သည်။ အသင်းကို ၁၉၉၉ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့သည်။

SWAN ၏ ဦးတည်ချက်များ ပြင်ဆင်ရန်

• အမျိုးသမီးအခွင့်အရေးနှင့်ကလေးများအခွင့်အရေးကို မြှင့်တင်ပေးရန်။ • အမျိုးသမီးများနှင့် ကလေးများအပေါ် အကြမ်းဖက်မှုနှင့် ခေါင်းပုံဖြတ် အမြတ်ထုတ်မှု များကို ဆန့်ကျင်တားဆီးရန်။ • မိမိတို့၏ လူမှုအဖွဲ့အစည်းတွင်း ငြိမ်းချမ်းရေးနှင့် လွတ်လပ်ခွင့်များအတွက် အတူတကွ လှုပ်ရှားဆောင်ရွက်ရန်။ • အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စွမ်းရည်မြင့်တင်ပေးရန်။ • သဘာဝအရင်းအမြစ်များနှင့် ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ အသိအမြင်များ မြင့်မားလာစေရေး အတွက် ဆောင်ရွက်ရန်။

SWAN ၏ နောက်ခံ သမိုင်းကြောင်း ပြင်ဆင်ရန်

မိမိတို့အသင်းကို ထိုင်းနိုင်ငံအတွင်းနှင့် ထိုင်း-မြန်မာနယ်စပ်တွင် အခြေပြုလှုပ်ရှား ဆောင်ရွက် နေကြသည့် ရှမ်းအမျိုးသမီး များက ၁၉၉၉ ခုနှစ်၊ မတ်လ ၂၈ရက်နေ့တွင် စတင်၍ ရှမ်းအမျိုးသမီးများ၏ လိုအပ်ချက်များကို ကူညီဖြည့်ဆီးနိုင်ရန် ဖွဲ့စည်း ခဲ့ကြသည်။ မိမိတို့အသင်း မဖွဲ့စည်းခင်ကတည်း ကပင် နေရာအသီးသီးတွင် ရှိနေကြသည့် ရှမ်းအမျိုး သမီးများမှာ၊ ဘဝတူအမျိုးသမီးများကို ကူညီပေး သည့်လုပ်ငန်းစီမံချက်အမျိုးမျိုးတွင် လုပ်ဆောင်နေနှင့်ကြပြီးဖြစ်သည်။ ပုံမှန်မဟုတ်သည့် ဆက်သွယ် ဆောင်ရွက်မှုများ ရှိနေ ကြသော်လည်း၊ စနစ်တကျ ကွန်ယက်ဆက်စပ်၍ ဆောင်ရွက်နိုင်ပါက ရှမ်းအမျိုးသမီးများ အတွက် လက်တွေ့အားဖြင့် ပို၍ထိထိရောက်ရောက် ကူညီပေးနိုင် လိမ့်မည်၊ မဟာဗျူဟာ အရ လိုအပ်ချက်များကိုလည်း ပို၍ဖြည့်ဆီးပေးနိုင်မည်ဟု သုံးသပ်ခဲ့ကြ၍ ဤသို့စုစည်း ခဲ့ခြင်း ဖြစ်သည်။

ဤရှမ်းအမျိုးသမီးများ၏ ဆက်စပ်မှုကွန်ယက်သည် မြန်မာနိုင်ငံမှ အခြားသော အမျိုးသမီး အဖွဲ့များနှင့် သော်လည်းကောင်း၊ အမျိုးသမီးများအရေးနှင့်ပတ်သက်၍ ဆောင်ရွက် နေကြသည့် ဒေသဆိုင်ရာ အဆင့်၊ နိုင်ငံအဆင့်၊ နိုင်ငံတကာအဆင့်ရှိ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်း (အဲန်ဂျီအို)များနှင့် သော်လည်းကောင်း၊ ပိုမို၍ဆက်စပ် ဆောင်ရွက် နေပါသည်။

ယေဘုယျ နောက်ခံ သမိုင်းကြောင်း ပြင်ဆင်ရန်

ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့ဘက်ခြမ်းတွင် တည်ရှိပြီး၊ ဧရိယာ စတုရန်း ကီလိုမီတာ ၆၄,ဝ၀ဝ ကျော် ရှိသည်။ တရုတ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသည့်လူထု များသည်လည်း မြန်မာနိုင်ငံ၏ အခြားသောဒေသများမှ ပြည်သူများနည်းတူ မြန်မာစစ်အစိုးရ၏ လူ့အခွင့် အရေးချိုးဖောက် ဖိနှိပ်မှုများကို ကြုံတွေ့ခံစား နေကြရသည်။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ (AI) နှင့် အာရှလူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch Asia) တို့၏ အဆိုအရဆိုလျှင် မြန်မာစစ်အစိုးရသည် ကမ္ဘာပေါ်ရှိ အဆိုးရွားဆုံး ဖိနှိပ်သည့်အစိုးရများအနက် တခုအပါအဝင်ဖြစ်သည်။ မြန်မာစစ်တပ်သည် ရှမ်းပြည်နယ်တွင် နေထိုင်သည့် လူထုများကို ဖိနှိပ်ညှဉ်းပမ်းသည့် အတွက်ကြောင့် လူများစွာသည် ထိုင်းနိုင်ငံအတွင်းသို့ ပြေးဝင်ခိုလှုံနေကြရသည်။

သို့သော်လည်း ထိုင်းနိုင်ငံအစိုးရသည် ရှမ်းပြည်နယ်မှ ထွက်ပြေးခိုလှုံလာသူများကို ကရင်ပြည်နယ်နှင့် ကရင်နီပြည်နယ်မှ လူထုများကဲ့သို့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု လက်ခံခြင်းမရှိပါ။ ထိုင်း-မြန်မာ နယ်စပ်တွင်လည်း ဒုက္ခသည်စခန်းများ တည်ထောင်၍ ခိုလှုံခွင့်မပေးပါ။ သို့ အတွက်ကြောင့် ထိုင်းနိုင်ငံအတွင်း ထွက်ပြေးလာသူ ရှမ်းဒုက္ခသည် များမှာ မိမိတို့၏ မိသားစုဝင်များဖြစ်သော ကလေးငယ် များနှင့် အိုမင်းသောမိဘများအား ကြွေးမွေးရန်နှင့် မိမိဝမ်းစာရေးအတွက် ထိုင်းနိုင်ငံ၏ မကျွမ်းကျင် သော အလုပ်သမားဆိုင်ရာ ဈေးကွက်တွင်း ရွေ့ပြောင်း အလုပ်သမားများအဖြစ် သုံးဒီဟု အင်္ဂလိပ် အမည်ပေးထားသော- လူအများမလုပ်လိုကြသည့် ညစ်ပတ်၊ ခက်ခဲပင်ပန်း၍ အန္တရာယ်များ သည့် အလုပ်မျိုးကို လုပ်ကိုင် ကြရသည်။ သူတို့၏ တရားမဝင်သော အခြေအနေကြောင့် အလုပ် လုပ်ရာ တွင်လည်း အထူးထိခိုက် နစ်နာနေကြကာ မတရားခေါင်းပုံဖြတ်မှုများနှင့် လူ့အခွင့် အရေး ချိုးဖောက်မှု များကိုဆက်လက်တွေ့ ကြုံနေကြရသည်။ ဤသို့အတိ ဒုက္ခရောက် နေသော်လည်း စစ်အစိုးရ၏ ရှမ်းပြည်တွင်းရှိ ပြည်သူများအပေါ် အစီအစဉ်ချ လူ့အခွင့်ရေး ဖောက်ဖျက်မှုများနှင့် တကွ မတရား ဖိနှိပ်ချုပ်ချယ်သော ဤမူဝါဒများကြောင့် ရှမ်း ဒုက္ခသည်များ ထိုင်းနိုင်ငံတွင်းသို့ ဆက်လက်၍ ထွက်ပြေး ခိုလှုံနေကြဆဲ ဖြစ်သည်။ ထိုင်းနိုင်ငံအတွင်း တရားမဝင်အလုပ်လုပ်ကိုင်နေကြသူ ရှမ်းဒုက္ခသည်အရေအတွက် ထောင်သောင်းချီ ရှိနေပြီး အထူးသဖြင့် ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် နေထိုင်လုပ်ကိုင် နေကြသည်။

SWAN ၏ ဖွဲ့စည်းတည်ဆောက်ပုံ ပြင်ဆင်ရန်

SWAN ၏ သဘောသဘာဝ ပြင်ဆင်ရန်

• အမှီအခိုကင်းခြင်း • အမျိုးသမီးများ အမျိုးသားများ နည်းတူအခွင့်အရေးရရှိရေး လှုပ်ရှားကျင့်သုံးခြင်း • လူထုအသိုင်းအဝိုင်းခြေပြုခြင်း • အသင်းအဖွဲ့ဖြင့် စုပေါင်းလုပ်ဆောင်မှုကို အခြေခံခြင်း • အမြတ်အစွန်းအတွက် မဆောင်ရွက်ခြင်း • အစိုးရ၏ အဖွဲ့အစည်းမဟုတ်ခြင်း

SWAN အသင်းဝင်များအတွက် စံနှုန်းထားများ ပြင်ဆင်ရန်

• ရှမ်းအမျိုးသမီး • အဖွဲ့အစည်းတရပ်ရပ် သို့မဟုတ် တသီးပုဂ္ဂလ တဦးဦး၏ ဩဇာလွှမ်းမိုးမှုမှ ကင်းလွှတ်သူ • လူ့အခွင့်အရေးများ၊ အမျိးသမီးလူ့အခွင့်အရေးများဆိုင်ရာနှင့် တိုးတက်ဖွံ့ဖြိုး ရေးဆိုင်ရာ များကို လုပ်ကိုင် ဆောင်ရွက်ရန် စိတ်ပါဝင်စားသူ။ • SWAN ၏ ဦးတည်ရည်မှန်းချက်များနှင့် လူ့အခွင့်အရေးဆိုင်ရာ ခံယူချက်များကို ဆန္ဒရှိစွာ ဖြင့် ထောက်ခံလှုပ်ရှား လိုသူ။ • ဆန္ဒရှိစွာဖြင့် အချိန်ပေး လုပ်ကိုင်လိုသူ။