ရှယ်ရွန်တိတ်

အမေရိကန် မင်းသမီး၊မော်ဒယ်လ်

ရှယ်ရွန်မာရီတိတ်ပိုလန်စကီး (အင်္ဂလိပ်: Sharon Marie Tate Polanski; ၁၉၄၃ ဇန်နဝါရီ ၂၄ - ၁၉၆၉ ဩဂုတ် ၉) မှာ အမေရိကန် ရုပ်ရှင်မင်းသမီး နှင့် ကိုယ်ဟန်ပြမယ် တစ်ဦးဖြစ်သည်။ ရုပ်ရှင်ကားများ၌ သရုပ်မဆောင်ခင်က ၁၉၆၀ ခုနှစ်များအတွင်း ရုပ်မြင်သံကြား အခန်းအနည်းငယ်သာပါဝင်သော ဇာတ်ကောင်နေရာများတွင် သရုပ်ဆောင်ခဲ့ပြီး ကိုယ်ဟန်ပြမယ်နှင့် မျက်နှာဖုံးရှင်အဖြစ် ဖက်ရှင်မဂ္ဂဇင်းများတွင် ပုံမှန်ထည့်သွင်းဖော်ပြခံရသည်။ ဟာသနှင့် ဒရမ်မာ သရုပ်ဆောင်မှုစွမ်းရည်အပေါ် အပြုသဘော ဆောင်သည့် ဝေဖန်သုံးသပ်ချက်များရပြီးနောက် ဟောလိဝုဒ်၏ အလားအလာအရှိဆုံးလူသစ်များအနက်မှ တစ်ဦးအဖြစ် ကြိုဆိုခံရသည်။

Sharon Tate
Publicity photo of Tate in Valley of the Dolls, 1967.
မွေးဖွားSharon Marie Tate
(1943-01-24)ဇန်နဝါရီ ၂၄၊ ၁၉၄၃
Dallas, Texas, U.S.
ကွယ်လွန်ဩဂုတ် ၉၊ ၁၉၆၉(1969-08-09) (အသက် ၂၆)
Benedict Canyon, Los Angeles, California, U.S.
သေဆုံးရခြင်း အကြောင်းရင်းထိုးသွင်းဒဏ်ရာများ
ထာဝရ နားခိုရာနေရာHoly Cross Cemetery, Culver City
33°59′26″N 118°23′16″W / 33.99056°N 118.38778°W / 33.99056; -118.38778 (Sharon Tate Burial Site)
အလုပ်အကိုင်
  • Actress
  • model
တက်ကြွလှုပ်ရှားနှစ်များ၁၉၆၁–၁၉၆၉
အိမ်ထောင်ဖက်(များ)Roman Polanski (လက်ထပ် 1968)
မိဘများ
  • Paul James Tate (ဖခင်)
  • Doris Gwendolyn Willett (မိခင်)
ဝက်ဘ်ဆိုဒ်sharontate.net
လက်မှတ်

သူမ၏ ပွဲဦးထွက်ရုပ်ရှင်မှာ ၁၉၆၁ ၌ အန်ထော်နီကွင်းနှင့်အတူ သရုပ်ဆောင်ခဲ့သော Barabbas  ဖြစ်သည်။ ၁၉၉၆ ဂိုဏ်းဂဏ-အသားပေး Eye of the Devil ရုပ်ရှင်တွင် ထပ်မံမြင်တွေ့ရသည်။ Valley of the Dolls အမည်ရ ၁၉၆၇ ခုနှစ်ထွက် ကိုးကွယ်ယုံကြည်မှု ဆိုင်ရာ ဂိုဏ်းဂဏ ဂန္ထဝင်ကားတွင် ဂျန်နီဖာနော့သ် ဇာတ်ကောင်အဖြစ် သူမ၏ သရုပ်ဆောင်မှုကို အမှတ်တရရှိကြဆုံးဖြစ်ပြီး ရွှေကမ္ဘာလုံးဆုအတွက် အမည်စာရင်းတင်သွင်းခံရသည်။ တိတ်၏ နောက်ဆုံးဇာတ်ကား 12+1 ကို သူမကွယ်လွန်ပြီးချိန် ၁၉၆၉ မှသာ ဖြန့်ချိခဲ့သည်။[၁][၂]

တိတ်နှင့် အခြားသူ ၄ ဦးမှာ သူမ၏ ခင်ပွန်း ရုပ်ရှင်ဒါရိုက်တာ ရိုမန်ပိုလန်စကီးနှင့်အတူ နေထိုင်သည့်အိမ်တွင် ၁၉၆၉ ဩဂုတ် ၉ ၌ မန်ဆန်မိသားစု အဖွဲ့ဝင်များ၏ သတ်ဖြတ်ခံရသည်။ သေဆုံးချိန်တွင် ၈ လခွဲ သားယောက်ျား ကိုယ်ဝန်ဆောင်ထားရသည်။[၃]

ကိုးကား ပြင်ဆင်ရန်

  1. Sandford၊ C. (2009)။ Polanski: A Biography (ဆွီဒင်ဘာသာစကားဖြင့်)။ St. Martin's Press။ ISBN 978-0-230-61176-4December 24, 2016 တွင် ပြန်စစ်ပြီးCS1 maint: ref=harv (link)
  2. Goble၊ A. (1999)။ The Complete Index to Literary Sources in Film။ De Gruyter။ ISBN 978-3-11-095194-3December 24, 2016 တွင် ပြန်စစ်ပြီးCS1 maint: ref=harv (link)
  3. ၃.၀ ၃.၁ Bugliosi၊ Vincent; Gentry၊ Curt (1974)။ Helter Skelter: The True Story of the Manson Murders။ W.W. Norton & Company, Inc.။ ISBN 978-0-393-08700-0CS1 maint: ref=harv (link)