ရှာရွန်ဆာ့ဘတ်

အမေရိကန် စာရေးဆရာ

ရှာရွန်ဆာ့ဘတ် (၁၉၅၂ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့ဖွား) သည် နယူးယောက်တိုင်း၏ ရောင်းအားအကောင်းဆုံး စာရေးဆရာနှင့် [၁] အနောက်နိုင်ငံများတွင် ဗုဒ္ဓဝိပဿနာတရားပြဆရာမတစ်ဦး ဖြစ်သည်။[၂][၃] ၁၉၇၄ ခုနှစ်တွင် သူမသည် ဂျိုးဆက်ဂိုးစတိန်း၊ ဂျက်ကွန်ဖီးတို့နှင့်အတူ ပူးတွဲကာ ဝိပဿနာတရားအဖွဲ့ (Insight Mediation Society) ကို မက်ဆာချူးဆက်ပြည်နယ်၊ Barre (ဘာရီ) တွင် တည်ထောင်ခဲ့သည်။ သူမသည် ဝိပဿနာနှင့် မေတ္တာတရားတို့အပေါ် အလေးထားကာ အားထုတ်ခဲ့ပြီး [၄] သူမသည် ဆယ်စုနှစ်သုံးခုကျော် ကမ္ဘာတစ်ဝန်း တရားအားထုတ်မှုများကို ဦးဆောင်ဆောင်ရွက်ခဲ့သည်။[၅][၆] ထိုတရားအားထုတ်သည့် နည်းလမ်းအားလုံးသည် ထေရဝါဒတရားတော်လာ နည်းလမ်းများ ဖြစ်ကြသည်။ သူမ၏ စာအုပ်များတွင် Lovingkindness: The Revolutionary Art of Happiness (1995), A Heart as Wide as the World (1999), Real Happiness - The Power of Meditation: A 28-Day Program (2010) စသည်တို့သည် ၂၀၁၁ ခုနှစ် နယူးယောက်တိုင်း၏ ရောင်းအားအကောင်းဆုံးစာရင်းတွင် ပါဝင်ခဲ့သည်။[၇] ၂၀၁၃ ခုနှစ်တွင် Real Happiness at Work စာအုပ်ထွက်ရှိခဲ့သည်။

ရှာရွန်ဆာ့ဘတ်
Sharon Salzberg
ရှာရွန်ဆာ့ဘတ်၊ ၂၀၂၀ ခုနှစ်
မွေးဖွား (1952-08-05) ၅ ဩဂုတ်၊ ၁၉၅၂ (အသက် ၇၁)
နယူးယောက်မြို့
နိုင်ငံလူမျိုးအမေရိကန်
အလုပ်အကိုင်
  • Author
  • meditation teacher
ဝက်ဘ်ဆိုဒ်sharonsalzberg.com

ဘဝအစောပိုင်း ပြင်ဆင်ရန်

ဂျူးမိသားစုမှ နယူးယောက်မြို့တွင် ဖွားမြင်ခဲ့သူ ဖြစ်သည်။ သူမ လေးနှစ်သမီးအရွယ်က မိဘနှစ်ပါးသည် ကွာရှင်းပြတ်စဲခဲ့ကြသဖြင့် သူမ၏ ဘဝအစောပိုင်းကာလသည် အခက်အခဲများ ရှိခဲ့သည်။ သူမ၏ ဖခင်သည် မိသားစုကို ခွဲခွာသွားခဲ့သည်။[၈] အသက်ကိုးနှစ်အရွယ်တွင် မိခင်ဖြစ်သူ သေဆုံးခဲ့ပြီး ဖခင်ဖြစ်သူ၏ မိဘများနှင့်အတူ သွားရောက်နေထိုင်ခဲ့သည်။[၈] သူမ ၁၁ နှစ်အရွယ်တွင် ဖခင်ဖြစ်သူ ပြန်လည်ရောက်ရှိလာခဲ့သည်။ သို့သော်လည်း ဖခင်ဖြစ်သူသည် ဆေးအလွန်အကျွံသောက်သုံးသဖြင့် နောက်ပိုင်းတွင် ဆေးရုံတင်ခဲ့သည်။ သူသည် မသေဆုံးခင်အချိန်အထိတိုင်အောင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများ ရှိခဲ့သည်။ အသက် ၁၆ နှစ်အရွယ်အထိ ရှာရွန်သည် မတူညီသည့်မိသားစု ငါးခုတွင် အသက်ရှင်နေထိုင်ခဲ့သည်။

ရှာရွန်သည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ကျန်းမာရေး အရေးပေါ် အခြေအနေ ဖြစ်ပေါ်ခဲ့ပြီး အသေးစိတ်ကိုမူ မသိရပေ။[၉]

၁၉၆၉ ခုနှစ်၊ State University of New York, Buffalo ၏ ဒုတိယနှစ်ကျောင်းသူဘဝတွင် သူမသည် အာဆီယံဖီလိုဆိုဖီ၏ ဗုဒ္ဓဘာသာသင်တန်းတစ်ခုနှင့် ကြုံကြိုက်ခဲ့သည်။[၈] နောက်ပိုင်းနှစ်တွင် သူမသည် အိန္ဒိယနိုင်ငံသို့ လွတ်လပ်စွာလေ့လာရန် ခရီးထွက်ခဲ့သည်။ ၁၉၇၁ ခုနှစ်၊ ဇန်နဝါရီလတွင် ဗုဒ္ဓဂါယာ၌ ပထမဆုံးတရားစခန်းတစ်ခုကို တက်ရောက်ခဲ့သည်။ နောက်နှစ်များစွာတွင် သူမသည် ဆရာကြီးဦးဂိုအင်ကာ အပါအဝင် ဆရာများစွာနှင့် လေ့လာအားထုတ်မှုများ ပြုလုပ်ခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် အမေရိကန်သို့ ပြန်လာခဲ့ကာ သူမသည် ဝိပဿနာတရားအားထုတ်ခြင်းကို သင်ကြားပြသခဲ့သည်။[၈][၉]

အသက်မွေးမှု ပြင်ဆင်ရန်

သူမသည် ဒိပမား[၁၀], Anagarika Munindra[၁၁], ဆရာတော်ဦးပဏ္ဍိတ[၈]နှင့် အခြားသော အာဆီယံရှိ ဆရာများထံတွင် တပည့်ခံကာ လေ့ကျင့်ခဲ့သူဖြစ်သည်။ ၁၉၇၄ ခုနှစ်တွင် ဂျက်ကွန်ဖီး၊ ဂျိုးဆက်ဂိုးစတိန်းတို့နှင့်အတူ မက်ဆာချူးဆက်ပြည်နယ်၊ ဘာရီတွင် ဝိပဿနာတရားအဖွဲ့ကို တည်ထောင်ခဲ့သည်။[၁၂][၁၃] သူမနှင့် ဂျိုးဆက်ဂိုးစတိန်းတို့သည် ဝိပဿနာတရားအဖွဲ့ ကို ၁၉၈၉ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ကိုးနှစ်ကြာပြီးနောက်တွင် တောရကယ်ဆယ်ရေးစခန်း (Forest Retreat Refuge) ကို တည်ထောင်ခဲ့သည်။ ယနေ့အချိန်တွင် သူမသည် ဝိပဿနာတရားပျံ့ပွားမှု၏ ထင်ရှားသည့် တရားပြဆရာမတစ်ဦး ဖြစ်သည်။

Lenore Friedman က သူမနှင့်အတူတွေ့ဆုံ၍ စေ့စေ့စပ်စပ်ပြုလုပ်ခဲ့သည့် အင်တာဗျူးမှ အကြောင်းအရာများသည် Meetings with Remarkable Women: Buddhist Teachers in America စာအုပ်တွင် ရေးသားဖော်ပြခဲ့သည်။ (၂၀၀၀ ခုနှစ်တွင် Boston:Shambhala သည် စိစစ်တည်းဖြတ်ပြီး အဆင့်မြှင့်တင်၍ ထုတ်ဝေခဲ့သည်။ ISBN 1-57062-474-7)

ထူးချွန်မှုများ ပြင်ဆင်ရန်

၁၉၉၉ ခုနှစ်တွင် သူမအား “အနောက်နိုင်ငံများသို့ တရားပျံ့ပွားရေးတွင် ထူးချွန်ပြောင်မြောက်သည့် ဆောက်ရွက်ခဲ့သူ” အဖြစ် နယူးယောက်အိုးပင်းစင်တာက သတ်မှတ်ကာဂုဏ်ပြုဆုပေးခဲ့သည်။

ရာထူးများ ပြင်ဆင်ရန်

  • Minda and Life Institute 2005 Investigating the Mind Conference, ပါဝင်ဆွေးနွေးသူ
  • Oprah Winfrey’s O Magazine, Contributing Editor, ပါဝင်တည်းဖြတ်သူ
  • On Being with Krista Tippett, အပတ်စဉ် ပင်တိုင်ဆောင်းပါးရှင်

ထုတ်ဝေမှုများ ပြင်ဆင်ရန်

အသံဖိုင်ဖြန့်ဝေမှု ပြင်ဆင်ရန်

ဆောင်းပါးများ ပြင်ဆင်ရန်

အင်တာဗျူးများ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. New York Times Best Seller List 3/13/10
  2. Meditation made easyWell & Good NYC
  3. Ricci၊ Claudia။ "How One Book Changed My Life"၊ Huffington Post၊ August 24, 2011။ 
  4. ၄.၀ ၄.၁ Downing၊ Renée (15 September 2005)။ Sharon Salzberg believes in the power of kindnessTucson Weekly။ 28 September 2010 တွင် ပြန်စစ်ပြီး။
  5. "Sharon Salzberg (interview)"၊ CBC Radio၊ November 29, 2009။ 
  6. Insight LAUniversity of the West (April 6, 2011)။ 17 April 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 August 2020 တွင် ပြန်စစ်ပြီး။
  7. "Best Sellers, March 13, 2011"၊ New York Times၊ March 13, 2011။ 
  8. ၈.၀ ၈.၁ ၈.၂ ၈.၃ ၈.၄ To Love Abundantly: Sharon Salzberg's Journey on the PathLion's Roar (January 1, 2003)။ April 16, 2016 တွင် ပြန်စစ်ပြီး။
  9. ၉.၀ ၉.၁ Morris၊ Nomi။ "Through meditation, she makes happiness an "inside job""၊ Los Angeles Times၊ February 19, 2011။ 
  10. Amy Schmidt, Dipa Ma: The Life and Legacy of a Buddhist Master. ISBN 0-9742405-5-9 (USA); ISBN 1-899579-73-7 (Europe), p. 9.
  11. Knaster၊ Mirka (2010)။ Living This Life Fully: Stories and Teachings of MunindraShambhala Publications။ p. xvi။ ISBN 9780834822542
  12. Miller, Andrea (March 2011). "{{{title}}}". Shambhala Sun (B000302EG0): 52. 
  13. Leslie Kaufman။ "A Superhighway to Bliss"၊ New York Times၊ May 25, 2008။