ရှိမိုဂယောရပ်ကွက် (下京区) သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့ရှိ ရပ်ကွက် (၁၁) ခုထဲတွင် ပါဝင်သည့် ရပ်ကွက်တစ်ခု ဖြစ်သည်။ ဤရပ်ကွက်ကို ၁၈၇၉ ခုနှစ်တွင် စတင်အကောင်ထည်ဖော်ခဲ့သည်။ ထိုနောက်ပိုင်းတွင် ရပ်ကွက်အား ပေါင်းစပ်ခြင်း၊ ခွဲထုတ်ခြင်းများကို လုပ်ဆောင်ခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် ဤရပ်ကွက်ကို “မိနမိရပ်ကွက်” အဖြစ်သို့ သီးခြားရပ်ကွက်သစ်တစ်ခု ခွဲထုတ်ခဲ့ပြီး ယခုလက်ရှိကာလ နယ်နိမိတ်အပိုင်းအခြားအတိုင်း ဖြစ်လာခဲ့သည်။

Shimogyō
下京区
Ward of Kyoto
Location of Shimogyō-ku in Kyoto
Location of Shimogyō-ku in Kyoto
Shimogyō သည် ဂျပန်နိုင်ငံ တွင် တည်ရှိသည်
Shimogyō
Shimogyō
Location of Shimogyō-ku in Japan
ကိုဩဒိနိတ်: 34°59′15″N 135°45′20″E / 34.98749°N 135.75547°E / 34.98749; 135.75547ကိုဩဒိနိတ်: 34°59′15″N 135°45′20″E / 34.98749°N 135.75547°E / 34.98749; 135.75547
CountryJapan
PrefectureKyoto
CityKyoto
Founded1879
ဧရိယာ
 • စုစုပေါင်း၆.၇၈ စတုရန်းကီလိုမီတာ (၂.၆၂ စတုရန်းမိုင်)
အမြင့်ဆုံး နေရာ၃၈ မီတာ (၁၂၅ ပေ)
အနိမ့်ဆုံး နေရာ၂၀ မီတာ (၇၀ ပေ)
လူဦးရေ (October 1, 2020)
 • စုစုပေါင်း၈၂၇၈၄
 • ခန့်မှန်း (2021)၈၂၃၉၁
 • သိပ်သည်းမှု၁၂၀၀၀/km (၃၂၀၀၀/sq mi)
အချိန်ဇုန်Japan Standard Time (UTC+9)
ဝက်ဘ်ဆိုဒ်city.kyoto.lg.jp/shimogyo/
Kyoto Tower is a landmark in Shimogyō-ku.

ကျိုတိုတာဝါနှင့် ကျိုတိုဘူတာ တို့သည် ရပ်ကွက်တွင် တည်ရှိသည့် အဓိကအထင်ကရနေရာများ ဖြစ်သည်။ ရပ်ကွက်၏ မြောက်ဘက်အစွန်ဘက်တွင် တည်ရှိပြီး ရှိဂျောခဝရမချိ အပိုင်းရှိ ရှိဂျောလမ်းမသည် ဈေးဆိုင်များဖြင့် စည်းကားသည့် နေရာလည်း ဖြစ်သည်။ ကျိုတိုဘူတာတွင်လည်း ဈေးဝယ်စင်တာပါရှိသည်။ ဘူတာအဆောက်အဦတွင် ကုန်တိုက်တစ်ခုနှင့် မြေအောက်ဈေးဝယ်ရှော့ပင်းမောတစ်ခုလည်း ပါရှိသည်။

ရပ်ကွက်တွင် နေထိုင်သည့် လူဦးရေသည် ၈၂၇၈၄ ဦးရှိပြီး ဧရိယာ ၆.၇၈ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ ဟိုရိခဝခမိုဂဝနှင့် တခဆဲဂဝ စသည့်မြစ်သုံးစင်းသည် ရပ်ကွက်ကို ဖြတ်သန်းကာ စီးဆင်းလျက်ရှိသည်။

လူဦးရေအချက်အလက် ပြင်ဆင်ရန်

သမိုင်းတစ်လျှောက် လူဦးရေများ
ခုနှစ်လူဦးရေ±%
1960 ၁၄၆၁၇၄—    
1970 ၁၁၆၂၀၀−20.5%
1980 ၈၆၈၂၁−25.3%
1990 ၇၃၄၅၇−15.4%
2000 ၇၁၂၁၂−3.1%
2010 ၇၉၂၈၇+11.3%
2020 ၈၂၇၈၄+4.4%
Source: [၁]

စီးပွားရေး ပြင်ဆင်ရန်

  • Omron - နိုင်ငံတကာအီလက်ထရောနစ်ကုမ္ပဏီတစ်ခုဖြစ်ပြီး ရှိမိုဂယောရပ်ကွက်တွင် ရုံးချုပ်တည်ရှိသည်။[၁]
  • တခရဟိုးဒင်း - အဓိကအားဖြင့် အချိယမကာနှင့် ဆေးဘက်ဆိုင်ရာအထောက်ပံ့ပစ္စည်းများထုတ်လုပ်သည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။ [၂]
  • တိုဆဲ - ဗီဒီယိုဂိမ်းနှင့် မိုဘိုင်းဂိမ်းများကို ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သည်။[၃]
  • ကျိုတိုဘဏ် - ကျိုတိုမြို့တွင် အခြေစိုက်သည့် ဘဏ်တစ်ခု ဖြစ်သည်။[၄]

ပညာရေး ပြင်ဆင်ရန်

လည်ပတ်စရာနေရာများ ပြင်ဆင်ရန်

ရုပ်ပုံများ ပြင်ဆင်ရန်

ပြင်ပလင့်များ ပြင်ဆင်ရန်

  Wikimedia Commons ရှိ Shimogyō-ku, Kyoto နှင့်ပတ်သက်သော မီဒီယာများ

ကိုးကား ပြင်ဆင်ရန်

  1. "Basic Corporate Information." Omron. Retrieved on December 3, 2016.
  2. "TAKARA HOLDINGS INC.". Takara Holdings. Retrieved on December 3, 2016.
  3. "Corporate Profile". TOSE CO., LTD. Retrieved on December 3, 2016.
  4. "Annual Report Archived 2015-01-28 at the Wayback Machine.". Bank of Kyoto, Ltd. Retrieved December 3, 2016.