ဂျပန်ကရာတေးဖခင်ကြီး ဟုခေါ်ကြသောဆရာကြီး ဖူနာ့ကိုရှိ ဂီချင်း(၁၈၆၈-၁၉၅၇) သည်ကရာတေး ကိုယ်ခံပညာ သမိုင်း နှင့် ရှိုတိုကန် သမိုင်း တွင် ဩဇာအကြီးမားဆုံးသောဆရာကြီး ဖြစ်သည်။ ၁၉၃၆ တွင် ဆရာကြီး ဖူနာ့ကိုရှိ၊ ဂိချင်း[၁] (the founder of modern Karate-do) ကို ဂျပန်ရိုးရာ ရှိုတိုကန်(松濤館 Shōtōkan) ကရာတေး ကျောင်း ကို စတင်တည်ထောင်သူအဖြစ် ဖော်ပြကြသည်။ [၂]ဂျပန်ကရာတေး အသင်း (Japan Karate Association ) ၏ နည်းပြချုပ် ဆရာကြီး မာဆာတိုရှိ နာကာရားမား(၁၉၁၃-၁၉၈၇)[၃] သည် ဆရာကြီး ဖူနာ့ကိုရှိ ဂီချင်း၏ တပည့်ရင်းတစ်ဦးဖြစ်ပြီး J.K.A ကရာတေး သမိုင်း နှင့် ရှိုတိုကန် သမိုင်း တွင်ဆရာကြီး ဖူနာ့ကိုရှိ ဂီချင်း ပြီးလျှင် ဒုတိယမြောက်အထင်ရှားဆုံးသောဩဇာအကြီးမားဆုံးသောဆရာကြီး ဖြစ်သည်။" ရှိုတို" သည်ဆရာကြီး ဖူနာ့ကိုရှိ ဂီချင်း ၏ စာရေးဆရာကလောင်အမည်ဖြစ်ပြီး ၊" ထင်းရှူးပင်-ရေလှိုင်း " "pine-waves" (the movement of pine needles when the wind blows through them) ဟူ၍လည်း အဓိပ္ပာယ်ရသည်။"ကန်" သည် "အိမ်" (သို့မဟုတ်) "ခန်းမဆောင်" ဟု အဓိပ္ပာယ်ရသည်။ [၄][၅][၆]မြန်မာနိုင်ငံတွင် ရှိုတိုကန် စတိုင်(style)သည် အထင်ရှားဆုံးသော ကရာတေး ကစားသည့် စတိုင် ဖြစ်သည်။ ဆရာတော် ဗောဓိဓမ္မ အစရှိသောဇင်ဗုဒ္ဓဘာသာ အဆုံးအမများ နှင့် ဆရာကြီး ဖူနာ့ကိုရှိ ဂီချင်း တို့သည် ကရာတေး(Karate) ၏ (Kara=Empty) "ဗလာ" ကို ......" မိမိအား နှောက်ယှက်ထိပါး စော်ကားသူများအား မိမိအနေဖြင့်အချိန်မဆိုင်းပဲ ချက်ချင်း လက်ချည်းသက်သက်လက်နက်မဲ့ ဗလာ (" Unarmed Combat ") ဖြင့် ခုခံကာကွယ်ခြင်း " ......ဟုဖော်ပြခဲ့သည်။. ကရာ(Kara) ၏ ဗလာ ကို " ငါ-အတ္တဝါဒစိတ် (Ego/Un-selfish) မရှိခြင်း ၊ အမုန်းတရား (Hatred) နှင့် မကောင်းမှုစိတ်စသောစိတ်အညစ်အကြေး မရှိခြင်း/ ဗလာဖြစ်ခြင်း၊ လောဘစိတ် (Greed / Desire)၊ ဒေါသစိတ် (Anger )၊ မောဟစိတ်(Ignorance/Delusion) စသောစိတ်အညစ်အကြေး မရှိခြင်း/ ဗလာဖြစ်ခြင်း၊ မာနခက်ထန်ယုတ်မာမှုမရှိခြင်း/ ဗလာဖြစ်ခြင်း... ဟုဖော်ပြခဲ့သည်။ မြင့်မြတ်ဖြူစင်သောမေတ္တာစိတ်ရှိခြင်း၊ စိတ်ယဉ်ကျေးမှု ရှိခြင်း၊ တိတ်ဆိတ်ငြိမ်သက်ခြင်း၊ စိတ်ကို အတိတ် (Past) နှင့် အနာဂတ် (Future) သို့ တွေဝေ ငေးမောမနေပဲ ပစ္စုပန် (Present) တည့်တည့်တွင် စိတ်ကိုကောင်းစွာ တည်ငြိမ်စွာ ထားရှိခြင်း...စသည်တို့သည် ကရာတေးပညာရှင်တို့၏ အရေးကြီး သော အကောင်းဆုံးအရည်အချင်း( Ethics of Karate Master) များဖြစ်သည်...ဟုဖော်ပြခဲ့သည်။ မြန်မာနိုင်ငံကရာတေး ကိုယ်ခံပညာသမိုင်း တွင် ဆရာကြီး ဦးကျော်ညွန့်၊ ဆရာကြီး ဦးစိုးတင့်၊ ဆရာကြီး ဦးသောင်းဒင်၊ ဆရာကြီး ဦးရစ်ချတ်၊ စသော နည်းပြချုပ် တို့သည် ဩဇာတိက္ကမ ကြီးမားသော ဆရာကြီး များဖြစ်ကြသည်။

Shōtōkan
(松濤館流)
တည်နေရာ
Okinawa, Japan
သတင်းအချက်အလက်
တည်ထောင်သူGichin Funakoshi (1868–1957)
Yoshitaka Funakoshi (1906–1945)

ကရာတေး 空手 ("empty hand") (လက်နက်မဲ့ ခုခံကာကွယ်ခြင်း) ပြင်ဆင်ရန်

ကရာတေးလက်နက်မဲ့ ခုခံကာကွယ်ခြင်းမှာ မိမိအနေဖြင့် တိုက်ခိုက်သူ၏ မမျှော်လင့်နိုင်သော တိုက်ခိုက်မှုကို ရုတ်တရက် လျင်မြန်စွာ ရှောင်တိမ်းကာ ၎င်းတိုက်ခိုက်သူအား မိမိကို ဆက်လက်မတိုက်ခိုက်နိုင်စေရန် ချက်ချင်း ပြန်လည် ခုခံထိန်းချုပ်ကာကွယ်ခြင်းပင်ဖြစ်သည်။ မိမိမှ ကြိုတင် တိုက်ခိုက်ခြင်း မဟုတ်ပဲ မိမိအား လာရောက်ထိပါးမှသာ တုံ့ပြန်ကာကွယ်ခြင်းပင်ဖြစ်သည်။ ကရာတေးကိုယ်ခံပညာ ဆိုသည်မှာ မိမိ၏ လုံခြုံမှုအတွက် ခုခံကာကွယ်သော နည်းပညာ များကိုဆိုလိုသည်။ တစ်နည်းအားဖြင့် ကိုယ်လုံပညာဟုလည်းခေါ်ဝေါ်သုံးစွဲကြသည်။ မည်သူမဆို မိမိ၏လုံခြုံမှုကို ထိပါးနှောက်ယှက်လာလျှင် ခုခံကာကွယ်ခွင့်ရှိပေရာ ခုခံကာကွယ်မှုနည်းပညာများသည်လည်း နိုင်ငံအလိုက် လူမျိုးစုအလိုက် အမျိုးမျိုး ပေါ်ထွန်းလာကြပေသည်။ ကိုယ်ခံပညာအနေဖြင့် မိမိအား နှောက်ယှက်ထိပါး စော်ကားသူများအား အချိန်မဆိုင်းပဲ ချက်ချင်း ခုခံကာကွယ်ခြင်းဖြစ်ပေရာ မိမိအနေဖြင့် လက်ချည်းသက်သက်(လက်နက်မဲ့) ခုခံကာကွယ်ခြင်း၊ နီးစပ်ရာ လက်နက်ဖြင့် ခုခံကာကွယ်ခြင်း ၊ ကြိုတင်စီမံထားသော လက်နက်ဖြင့် ခုခံကာကွယ်ခြင်း စသည်ဖြင့် အမျိုးအစား ခွဲခြားနိုင်ပေသည်။

 
ဂျပန်လူမျိုး ရှိုတိုကန် ကရာတေးဆရာကြီးများ

ကိုယ်ခံပညာ သမိုင်း နှင့် ဆရာတော်ဗောဓိဓမ္မ ပြင်ဆင်ရန်

ဂျပန်ပြည် တွင် ဆရာတော်ဗောဓိဓမ္မ ကို (達磨 Daruma) ၊ ဇင်(ဈာန်)ဗုဒ္ဓဘာသာ(Zen Buddhism) နှင့် ဂျပန် ကရာတေး ကိုယ်ခံပညာတို့၏ရှေ့ဆောင်ဦးစီးဦးကိုင်စတင်တည်ထောင်သူအဖြစ် ဖော်ပြကြသည်။ ဆရာတော် ဗောဓိဓမ္မ သည် ကိုယ်ခံပညာ သမိုင်းတွင် ဩဇာအကြီးမားဆုံးသော သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ ဇင်ဗုဒ္ဓဘာသာတရားရှုမှတ်ခြင်း Zazen[၇] 坐禅 သည်ထင်ရှားကျော်ကြားသည်။ [၈][၉][၁၀]ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းတွင် စတင်ခဲ့သော ခြေထောက်ဖြင့် တိုက်ခိုက်ခြင်း နည်းပညာကို အခြေခံသည့် ဂျပန်ရိုးရာ ကိုယ်ခံပညာ တစ်ရပ်ဖြစ်သည်။ ကရာတေး ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ ရှင်းလင်းချက် အမျိုးမျိုးရှိသည်။ ယေဘူယျအဖြစ် လူသိများသော ရှင်းလင်းချက်မှာ အိုကီနာဝါဒေသ၏ တိုက်ခိုက်ရေးပညာမှ “လက်”ပိုင်းဆိုင်ရာ နည်းဗျူဟာတွင် တရုတ်ရိုးရာ ကိုယ်ခံပညာကို ပေါင်းစပ်ထားခြင်းဖြင့် တီထွင်အဆင့်မြှင့်ထား သည်ဟု ယူဆနိုင်သည်။ ကြည့်မှန်၏ ရှေ့တွင် ကြည့်သူ၏ကိုယ်နေကိုယ်ထား အမူအရာသည် ပကတိအတိုင်း မိမိတို့ကိုယ်နေကိုယ်ထား အမူအရာကို မိမိတို့ ပြန်မြင်နိုင်သော ကြည့်မှန် (Mirror Reflection Effect) နှင့်တူသော ကံ၊ ကံ၏ အကျိုးနိယာမ(Causality) ဟု ခေါ်ဆိုနိုင်သောအမှန်တရားရှိခြင်း "..... ဟုရှင်းလင်းခဲ့သည်။ [၁၁]

ကရာတေးပညာရှင်တို့အတွက် " (၁) စိတ်ထားဖြူစင်ခြင်း (Purification of Mind)၊ (၂ ) ယဉ်ကျေးခြင်း (Courtesy or politeness) ၊ (၃) ရိုးသားဖြောင့်မတ်ခြင်း (Honesty)၊ (၄) နည်းစနစ်ကျခြင်း (Systematisation) ၊ (၅) ကိုယ်ကျင့်သီလကောင်းခြင်း (Morality) ၊ (၆) မေတ္တာစိတ်ရှိခြင်း (Loving kindness)၊ (၇) ကရာတေးပညာထူးချွန်ခြင်း (Skill in Karate )၊ (၈) သည်းခံခြင်း (Patience or forbearing) ၊ (၉) အကောင်းမြင်ဝါဒကျင့်သုံးခြင်း (Optimism)၊ (၁၀) မိမိကိုယ်မိမိ စိတ်တည်ငြိမ်စွာထိန်းချူပ်နိုင်ခြင်း (self control)၊ (၁၁) ကိုယ်ချင်းစာတရားရှိခြင်း (Sympathy) ၊ (၁၂) သတ္တိကောင်းခြင်း (Courage) (၁၃) နှောက်ယှက်ထိပါးသူ ရန်သူကိုကျွမ်းကျင်စွာလျှပ်တစ်ပြက် တန်ပြန်တိုက်ခိုက်ခြင်း (powerful counter attack and most powerful fight back to enemies effectively) ၊ (၁၄) ခွင့်လွှတ်ခြင်း (Forgiveness) နှင့် (၁၅) သီအိုရီ နှင့် လက်တွေ့ ပေါင်းစပ်လေ့ကျင့်ခြင်း( Theory and practice)၊ ... စသည် တို့သည် မရှိ မဖြစ်လိုအပ်သောအရည်အချင်းကောင်းများ (Essential abilities and eligibility for senior instructors and chief instructors) ဖြစ်သည်."...ဟု ကရာတေးနည်းပြချူပ် ဦးမြင့်ကြွယ် က မှတ်ချက် ပြုခဲ့သည်။ "The best strategy is to prevent or avoid arrogant and confrontation". " 空手に先手なし Karate ni sente nashi" means more than there is no first attack in Karate. By such as simple definition, a karate practitioner could simply wait for an attack and deliver a powerfully counter-attack. But the goal of being able to defend oneself is limited. Then we have to be patient as much as we can. Patience is the best. Patience (သည်းခံခြင်း) is one of the most valuable virtues of life. But, patience (သည်းခံခြင်း) has its limits. Take it too far, and it is cowardice. [၁၂][၁၃][၁၄][၁၅][၁၆][၁၆]

မြန်မာနိုင်ငံကရာတေးအသင်းများ ပြင်ဆင်ရန်

"ဂျပန်ကရာတေးဖခင်ကြီး ဟုခေါ်ကြသောဆရာကြီး ဖူနာ့ကိုရှိ ဂီချင်း(၁၈၆၈-၁၉၅၇) သည်ကရာတေး ကိုယ်ခံပညာ သမိုင်းတွင် ဩဇာအကြီးမားဆုံးသောဆရာကြီး ဖြစ်သည်။" [၁၇] ဒုတိယ ကမ္ဘာစစ်ပြီးသောအချိန်တွင်မူ ကမ္ဘာအရပ်ရပ်သို့ ပြန့်နှံ့သွားခဲ့သည်။ ယခုအခါ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် တိုက်ခိုက်ရေးအတွက်၎င်း၊ ကိုယ်ခံပညာအဖြစ်၎င်း၊ အားကစားပညာအဖြစ်၎င်း လူတိုင်းနှင့် ရင်းနှီးသော ဩဇာအကြီးမားဆုံးသောကိုယ်ခံပညာတစ်ရပ်အဖြစ် နေရာယူထားသည်။ မြန်မာနိုင်ငံ ရှိ ကရာတေး ကလပ်များတွင် အများအားဖြင့် အဖြူ၊ အဝါ၊ အစိမ်း၊ အညို၊ အနက် ဟု ခါးပတ် အရောင်ကို အနိမ့်မှ အမြင့်သို့ (၅) ဆင့် သတ်မှတ်လေ့ ရှိကြသည်။ သို့သော်လည်း အချို့သော ကရာတေး ကလပ်များတွင် အဖြူ၊ အဝါ၊ လိမ္မော်၊ အစိမ်း၊ အပြာ၊ အညို၊ အနက် ဟူ၍ ခုနှစ်ဆင့် သတ်မှတ်လေ့ ရှိကြသည်။ ၁၉၆၅ ခုနစ် နောက်ပိုင်းကာလတွင် ဂျပန် ကရာတေး ပညာရပ်သည် မြန်မာနိုင်ငံသို့လည်း ပျံ့နှံ့ရောက်ရှိခဲ့သည်။ ဒဂုံ ကရာတေး အသင်း၊ အဆာဟိ ကရာတေး အသင်း၊ ဟိုက်ကာရီ ကရာတေးအသင်း၊ ယူနိုက်တက် ကရာတေးအသင်း၊ အိုကီနာဝါ ကရာတေး အသင်း၊တိုက်ဂါး ကရာတေးအသင်း၊ အိုယားမား ကရာတေး အသင်း၊ ဘားမား ကရာတေးအသင်း၊ ဂိုစိုးကု ကရာတေး အသင်း၊ အက်ဆက် ကရာတေးအသင်း၊ တန်ဆိုင်း ကရာတေးအသင်း၊ ဖူနာကိုရှိ ဂီချင်း ကရာတေး အသင်း၊ ဆိုရှိကိ ကရာတေးအသင်း စသော ကရာတေးအသင်းဖွဲ့များ ပေါ်ပေါက်ခဲ့သည်။ ရှိုတိုကန် 松濤館 ကရာတေး စတိုင်နှင့် ကျိုကုရှင်ကိုင်း 極真会館 ကရာတေး စတိုင် တို့ကို အဓိကထားပြီး ကစားကြသည်။ ကျိုကုရှင်ကိုင်း(ကျို့ရှင်း) (Kyokushin) ဆိုသည်မှာ ကရာတေးကစားသည့် စတိုင်(Style) တစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံတွင် ရှိုတိုကန် စတိုင်(Style) ပြီးလျှင် ဒုတိယမြောက်အထင်ရှားဆုံးသော ကရာတေးကစားသည့် စတိုင်ဖြစ်သည်။

မှတ်စု ပြင်ဆင်ရန်

  1. Shotokan served as basis for several styles practiced by number of the original nine Kwans. The kwans eventually united and it led to a unified martial art style that is now known as Taekwondo. The kwans which style had Shotokan heritage include Song Moo Kwan, Chung Do Kwan, Moo Duk Kwan, Jidokwan, Yun Mu Kwan, Han Moo Kwan and Jung Do Kwan.

ကိုးကား ပြင်ဆင်ရန်

  1. မော်ကွန်းတင်ပြီးမိတ္တူ။ 23 November 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 July 2013 တွင် ပြန်စစ်ပြီး။
  2. Shotokan vs. Shotokai။ 26 October 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 July 2013 တွင် ပြန်စစ်ပြီး။
  3. ホーム - JKA 公益社団法人日本空手協会။ 7 April 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 July 2013 တွင် ပြန်စစ်ပြီး။
  4. မော်ကွန်းတင်ပြီးမိတ္တူ။ 21 September 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 July 2013 တွင် ပြန်စစ်ပြီး။
  5. မော်ကွန်းတင်ပြီးမိတ္တူ။ 17 February 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 July 2013 တွင် ပြန်စစ်ပြီး။
  6. Shotokan and the JKA။ 6 December 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 July 2013 တွင် ပြန်စစ်ပြီး။
  7. How To Meditate: Zazen Instructions | Zen Mountain Monastery
  8. Daruma (Bodhidharma) - Patriarch of Zen Buddhism in China and Japan
  9. History - Caledon Karate - Caledon JKA, Albion & Bolton Community Centre, Caledon။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 July 2013 တွင် ပြန်စစ်ပြီး။
  10. မော်ကွန်းတင်ပြီးမိတ္တူ။ 16 July 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 July 2013 တွင် ပြန်စစ်ပြီး။
  11. မော်ကွန်းတင်ပြီးမိတ္တူ။ 21 August 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 July 2013 တွင် ပြန်စစ်ပြီး။
  12. The Buddha (BC 623-BC 543) : Basic Manners and Ethics in Karate by Karate Myint Kywe (Myoma Myint Kywe)
  13. Soshiki Karate 組織 空手 (松濤館) ကရာေတး: ဂျူဒို-ကရာတေး သိုင်းပညာရှင်များ humble & meek ဖြစ်ဖို့လိုပါတယ်။ မြို့မ မြင့်ကြွယ်
  14. Gichin Funakoshi။ 22 December 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 July 2013 တွင် ပြန်စစ်ပြီး။
  15. Aiki-Kuzushi။ 19 February 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 July 2013 တွင် ပြန်စစ်ပြီး။
  16. ၁၆.၀ ၁၆.၁ Description of Karate-do (Budo)။ 26 October 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 July 2013 တွင် ပြန်စစ်ပြီး။
  17. Gichin Funakoshi, the founder of modern karate-do။ 13 October 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 July 2013 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်