ရှောခိုခုဂျိ (相国寺) သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့မြောက်ဘက်ပိုင်းတွင် တည်ရှိသည့် ဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ ယခင်က “မန်းနင်း-ဇန် ရှောခိုခု ရှောတန်းဇန်းဂျိ” ဟူသည့် အမည်ရှိခဲ့သည်။ ဤကျောင်းတော်ကို ၁၃၈၂ ခုနှစ်တွင် “အရှိခဂယောရှိမိဆွတ်” က ပထမဆုံး တည်ထောင်ခဲ့သည်။ လက်ရှိတည်ရှိနေသည့်ကျောင်းတော်ကို နောက်ပိုင်းရာစုနှစ်များတွင် ပြန်လည်မွမ်းမံမှုများ၊ ပြုပြင်တည်ဆောက်မှုများရှိခဲ့သည်။

ရှောခိုခုဂျိ
Shōkoku-ji
相国寺
အချက်အလက်များ
တည်နေရာ701 Shōkokuji Monzen-chō, East of Karasuma and Imadegawa Street, Kamigyō-ku, Kyōto, Kyoto Prefecture
ကိုဩဒိနိတ်35°1′59″N 135°45′44.45″E / 35.03306°N 135.7623472°E / 35.03306; 135.7623472ကိုဩဒိနိတ်: 35°1′59″N 135°45′44.45″E / 35.03306°N 135.7623472°E / 35.03306; 135.7623472
ဘာသာရေး နှီးနွယ်မှုShōkoku-ji Rinzai
နတ်ဘုရားShaka Nyorai (Śākyamuni)
နိုင်ငံJapan
လက်ရှိအခြေအနေHead Temple, Five Mountain Temple (Kyoto)
ဝက်ဘ်ဆိုဒ်https://www.shokoku-ji.jp/en/
ဗိသုကာ
တည်ထောင်သူAshikaga Yoshimitsu and Musō Soseki
စတင်သည့်နှစ်1382
ပြီးစီး1807

သမိုင်းကြောင်း

ပြင်ဆင်ရန်

ရှောခိုခုဂျိကို မုရိုမချိကာလအလယ်ပိုင်းတွင် တည်ဆောက်ခဲ့သည်။ ပင်မကျောင်းဆောင်၏ ကနဦးတည်ဆောက်မှုများကို ၁၃၈၃ ခုနှစ်တွင် စတင်ခဲ့သည်။[၁]

ဟတ်တိုးကျောင်းဆောင်၏ မျက်နှာကြက်တွင် ကြီးမားသည့် နဂါးပုံပန်းချီရှိသည်။ ထိုပန်းချီကို ခန်းအိုးမိဆွတ်နိုဘု (၁၅၆၅ - ၁၆၀၈) က ရေးဆွဲခဲ့သည်။ ပန်းချီသည် ဗုဒ္ဓဘာသာ၏ သင်ကြားပြသမှုများကို သရုပ်ဖော်ထားသည်။ ပန်းချီ၏ အဓိပ္ပါယ်သည် လက်ခုပ်နှစ်ဖက်တီးလိုက်ပါက အသံသည် နံရံနှင့် ကျောက်တုံးကြမ်းပြင်ကို ရိုက်ခေတ်မိကာ အသံပဲ့တင်မှုများ ဖြစ်ပေါ်လာပြီး ခန်းမတစ်လျှောက် ပျံ့နှံ့သွားသည်။ ဤသည်ကို နဂါး၏ မိုးကြိုးခြိမ်းသံဟု ဖော်ပြထားသည်။

ကျိုတိုမြို့ရှိ ခန်းနင်းဂျိ၏ ပင်မကျောင်းဆောင်တွင်လည်း ကြီးမားသည့် နဂါးပုံမျက်နာကြက်ပန်းချီတစ်ခု ရှိသည်။

ဗုဒ္ဓဘာသာစင်တာ

ပြင်ဆင်ရန်

ရှောခိုခုဂျိသည် ကျိုတိုမြို့တွင် တည်ရှိသည့် “ခယောတိုဂေါ့ဇန်း” (ကြီးကျယ်မြင့်မြတ်သည့် ဇင်ကျောင်းတော် (၅) ခု) ထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။ ဤကျောင်းတော်သည် အလယ်ခေတ်ကာလက တည်ဆောက်ခဲ့သည့် ဒုတိယမြောက်ကျောင်းတော်လည်း ဖြစ်သည်။[၂] ၁၃၉၂ ခုနှစ်တွင် ရှောခိုခုဂျိကို “ဂေါ့ဇန်” ထဲတွင် ပါဝင်သည့် ကျောင်းတော်အဖြစ် သတ်မှတ်ခဲ့သည်။[၃]

ကျောင်းတော်သည် ဂျပန်ဇင်ဘာသာ၏ ရင်းဇိုင်းကျောင်းခွဲ ၁၄ ခုထဲတွင် ပါဝင်သည်။ လက်ရှိအချိန်တွင် ရင်းဇိုင်းဇင်၏ ရှောခိုခုဂျိရုံးခွဲအဖြစ် ကျောင်းတော်ကို သတ်မှတ်ထားသည်။ ဂျောတန်းခခုပြတိုက်သည် ကျောင်းတော်ပရဝုဏ်အတွင်းတွင် တည်ရှိသည်။[၄]

ပြင်ပလင့်များ

ပြင်ဆင်ရန်
  1. Ponsonby-Fane, Richard. (1956). Kyoto: The Old Capital of Japan, 794-1869, p. 200.
  2. Titsingh, Isaac. (1834). Annales des empereurs du japon, p. 317.
  3. Dumoulin, p. 174.
  4. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named joint1