ရှောဆဲအန်းဥယျာဉ် (渉成園) သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့တွင် တည်ရှိသည့် ပန်းခြံတစ်ခုဖြစ်သည်။ ပန်းခြံတွင် လက်ဖက်ရည်ဆိုင်များ၊ ဗုဒ္ဓဘာသာဘုရားစင်တစ်ခုနှင့် ရေကန်နှစ်ခုပါဝင်သည်။ ဤဥယျဉ်၏ အမည်သည် ဆင်းနယောရှောနင်း၏ အမည်ကို အစွဲပြုကာပေးခဲ့သည်။ ဆင်းနယောရှောနင်းသည် ၁၆၅၃ ခုနှစ်တွင် အနားယူသည့်အခါတွင် ဤပန်းခြံကို နေထိုင်ရာအိမ်အဖြစ် အသုံးပြုခဲ့သည်။

ရှောဆဲအန်းဥယျာဉ်
Shosei-en Garden
၂၀၁၈ ခုနှစ်တွင် ရိုက်ကူးခဲ့သည့် ဥယျာဉ်အတွင်းရှိ တံတားတစ်စင်း
အမျိုးအစားGarden
တည်နေရာJapan
အနီးဆုံး မြို့ကြီးKyoto
ကိုဩဒိနိတ်34°59′29″N 135°45′48″E / 34.99139°N 135.76333°E / 34.99139; 135.76333ကိုဩဒိနိတ်: 34°59′29″N 135°45′48″E / 34.99139°N 135.76333°E / 34.99139; 135.76333

ဥယျာဉ်သည် ၃၅၀၀၀ စတုရန်းမီတာခန့် ကျယ်ဝန်းသည်။ အလယ်တွင် ကြီးမားသည့် ကန်တစ်ခုရှိပြီး ကန်၏ ပတ်လည်တွင် လူလျှောက်လမ်းများ ပါရှိသည်။ သမိုင်းကြောင်းများအရ ဥယျာဉ်ကို ကျောင်းထိုင်ဆရာတော်များ၏ အနားယူရာနေရာအဖြစ်သုံးပြုခဲ့ကြသည်။ ထို့အပြင် လက်ဖက်ရည်သောက်ပွဲများနှင့် အိုးလုပ်ငန်းပန်းချီရေးဆွဲခြင်းများလည်း ဤဥယျာဉ်တွင် လုပ်ဆောင်ခဲ့ကြသည်။ လက်ရှိအချိန်တွင် ဥယျာဉ်ကို အများပြည်သူ အသုံးပြုနိုင်ရန် ဖွင့်လှစ်ထားရှိသည်။ ဂျပန်အစိုးရသည် သဘာဝအလှတရားများရှိသည့်နေရာအဖြစ် သတ်မှတ်ထားသည်။[၁]

ပြင်ပလင့်များ

ပြင်ဆင်ရန်
  •   Wikimedia Commons ရှိ Shoseien နှင့်ပတ်သက်သော မီဒီယာများ
  1. Shosei-en Garden: Kikoku-tei Villa။ Kyoto, Japan: Temple Services Reception Center, Religious Affairs Department, Shinshu Otani-ha။ 2016။