ရှောလမုန်သီချင်း နိဒါန်း

စံတော်မီသိသေသလက္ခဏာ ပြင်ဆင်ရန်

“သေသီချင်းတကာ့သီချင်း”ဟုနာမည်ရသော ဤကျမ်းကို ဟေဗြဲဘာသာစကားအားဖြင့် “အကောင်းမွန်ဆုံးသီချင်း” ဟုဆိုသည်။ ယုဒများက “ချီးမွန်းကိုးကွယ်ရာအကောင်းဆုံး၊ ဘုန်းတန်ခိုး ကြွယ်ဝဆုံး၊ တေးတကာတို့တွင် အမြင့်ဆုံး”ဟု သတ်မှတ်ကြသည်။ တေးဂီတဆရာသမားကြီးများက ရှောလမုန်သီချင်းသည် လေးနက်လွန်းသောကြောင့် သမ္မာကျမ်းစာအုပ်တွင် ခက်ခဲ နက်နဲသည်ဟု ဆိုကြသည်။ Franz Delitzsch က “ဓမ္မဟောင်းကျမ်းထဲတွင် ဤသီချင်းသည် အဓိပ္ပာယ်ငုတ်နေသော နားလည်ရခက်ခဲဆုံးကျမ်းဖြစ်သည်” ဟု မှတ်ချက်ပြု့သည်။

ချစ်ခြင်းမေတ္တာ၊ ကဗျာလင်္ကာ နီးစပ်သူများအတွက် ခံစားတတ်လျှင် ခံစားတတ်မည်။ သို့သော် ဤကျမ်း၏ ဆိုလိုချက်ကို နားလည်ဖို့လိုမည်။

ကျမ်းစာပညာရှင်များကလည်း ချစ်ခြင်းမေတ္တာရသစာပေ သို့မဟုတ် ပြဇာတ်တိုဟု သတ်မှတ်ကြသည်။ သို့မဟုတ် “ထူးခြားလေးနက်သော ဇာတ်ထဲမှမေတ္တာစကား” ဟုသတ်မှတ်ကြသည်။ စိတ်ဝင်စားစွာဖြင့် သေသေချာချာ ဖတ်လျှင် ဇာတ်လမ်းထဲတွင် မျှောပါသွားမည်။ တကယ့်ဖြစ်ရပ်လမ်းအမှန်ကို ရေးဖွဲ့ထားသောကြောင့် “တကယ့်ပြဇာတ်” ဟုဆိုလျှင် အကောင်းဆုံးနာမည်ဖြစ်ပေမည်။

သို့သော် ပြဿနာတခုရှိနေသည်။ မည်သို့ဖွင့်ဆိုကြမည်နည်း။ စာဖတ်သူများအနေဖြင့် ထိုခေတ်ကာလအခြေအနေ ပတ်ဝန်းကျင်ကို စိတ်ကူးယဉ်ကြည့်ပါ။ ယုဒများနှင့် ခရစ်ယာန်များ ဣန္ဒြေသိက္ခာကြီးမားစွာဖြင့် အာရုံရသခံစားခြင်း ရှောင်ရှားချိန်ဖြစ်သည်။ အချို့သန့်ရှင်းသူများ၏ ဆက်ကပ်ပုံကို ဤစာမျက်နှာတွင် ဖတ်ရှုတွေ့ရှိနိုင်သည်။

ကျမ်းရေးသူ ပြင်ဆင်ရန်

ယုဒတို့၏ လူမှုရေးထုံးတမ်းစဉ်လာနှင့် အညီရှောလမုန်မင်းက ငယ်ရွယ်နုပျိုစဉ်ကာလတွင် ရေးသားခြင်းဖြစ်သည်။ ပညာရည်မွန်းတည့်ချိန်တွင် သုတ္တံကျမ်းကို ရေးသား၍ ဘ၀နေညိုချိန်တွင် ဒေသနာကျမ်းကို ရေးသားသည်။ ဤကျမ်းစာရေးသူက ဖိုမသံယောဇဉ် ညှိတွယ်ပုံကို ချီးမွမ်းဖော်ကျူးထားသည်။ ရှောလမုန်သည် ပထမဦးစွာ ဇနီးကြင်ယာအမြောက်အများ၊ မောင်းမမိဿံနှင့် မယားငယ်များစွာရှိသည်။ သို့သော်ထိုအကြောင်းအရာသည် အဓိကမဟုတ်။

သီချင်းရေးသားသူ ရှေလမုန်၏နာမည်ကို (၁း၁-၅၊ ၃း၇-၁၁၊ ၈း၁၁-၁၂) တို့တွင် (၇)ကြိမ်တွေ့ရသည်။ ပထမဆုံးကျမ်းပိုဒ်သည် စာရေးသူမှာ ရှောလမုန်မင်းဖြစ်ကြောင်း သိရှိလိုဟန်ရှိသည်။ တေးများ၏ တေးသီချင်းသည် ရှောလမုန်အကြောင်းဖြစ်သည် ( ၃ရာ ၄း၃၃)။ စီးတော်မြင်း၊ ရထားလုံး၊ ‌ဝေါများဖြင့် ဖွဲ့နွဲ့သီကုံးထားသည်။ ရှောလမုန်မင်းလက်ထက် ပထဝီမြေပုံကိုကြည့်လျှင် တိုင်းသူပြည်သားများသည် တစုတစည်းတည်းနေထိုင်ကြကြောင်း တွေ့ရသည်။

ထို့ကြောင့် သီချင်းစာသားတွင် ပါဝင်သော အကြောင်းအရာများနှင့် တိုင်ဆိုင်စစ်ဆေးလျှင် ရှောလမုန်ဘုရင် လက်ရာဖြစ်ကြောင်း သေချာသည်။ အငြင်းအခုန်ပြုမည့်သူလည်းမရှိနိုင်။

အချိန်ကာလ ပြင်ဆင်ရန်

ရှောလမုန်မင်းသည် သီချင်းပေါင်းပုဒ်ရေ ၁၀၀ ပုဒ်(၃ရာ ၄း၄၂) ရေးသားသီကုံးခဲ့သည်။ နန်းစံသက် (၄၀)နှစ်အတွင်းတွင် ရေးသားခဲ့သည်။ ငယ်ရွယ်သော ဘ၀တွင် မိန်းမအများအပြား ရှိသောကြောင့် မရိုးနိုင်မည်မှာ ယုတ္တိကျပါသည်။

နောက်ခံသမိုင်းနှင့် ရည်ရွယ်ချက် ပြင်ဆင်ရန်

ခရစ်ယာန်အများစုက ဤကျမ်းသည် ခရစ်တော်ဘုရားက အသင်းတော်အပေါ်ထားရှိသည့် ချစ်ခြင်းမေတ္တာဖော်ကျူးခြင်းကို ပုံဆောင်သည်ဟု အနက်ဖွင့်ဆိုကြသည်။ ထိုအယူအဆကို အမျိုးမျိုးသော သမ္မာကျန်းစာအုပ်များ၌ တွေ့ရသည်။ ထိုအယူအဆအတိုင်းဆိုလျှင် ရှောလမုန်သည် ခရစ်တော်၊ ရှလမိတ်သည်အသင်းတော်ပုံဆောင်ပေမည်။ သို့သော်ကျမ်းစာပညာ ရှင်များအနေဖြင့် အထူးသတိပြုရမည့် အချက်ရှိသည်။ အသင်းတော်သည်ဓမ္မဟောင်းကာလတွင် မကြားဘူးသေး၊ ကမ္ဘာဦးကာလမှစ၍ ဘုရားသခင်ဝှတ်ထားသော ရတနာဖြစ်သည် (ရော ၁၆း၂၅၊၂၆၊ ဧ ၃း၉)။ ခရစ်တော်အသင်းအပါ်ထားသော မေတ္တာဘွဲ့ယူသော  အယူအဆကို အချို့ခရစ်ယာန်များက သဘောမတူကြပေ။ သို့သော် ထိုအကြောင်း အရာများကို အထူးတလည်ဖော်ပြလိုခြင်းမဟုတ်။ ကျမ်းစာ၏ မူရင်းအနှစ်သာရမှ ဘုရားသခင်နှင့် ဣသရေလလူမျိုးအကြောင်း သံယောဇဉ်မေတ္တာဖွဲ့နှောင်မှု၊ ကြီးမားပုံဖော်ကျူးထားသည်။

ဒုတိယအယူအဆအတိုင်းဆိုလျှင် ဤကျမ်းစာသည်အိမ်ထောင်မိသားစုချစ်ခြင်း မေတ္တာနှင့် ဖီလာဖြစ်နေမည်။ ရှောလမုန်မင်းသည် မိဘုရားမောင်းမသိဿံအများအပြားရှိသည့် အကြားမှ ရှုလမိတ်ဟူသော မိန်မငယ်၏ အချစ်ကိုရဖို့ ပိုးပန်းသည်။ သို့သော်ထိုမိန်းကလေးသည် သိုးထိန်းတစ်ယောက်၏ ရည်းစားဖြစ်နေသည်။ မိမိချစ်သူအပေါ်သစ္စာရှိသူဖြစ်သည်။ ရှောလမုန်အား မြူဆွယ်လှည့်စားခြင်းမပြု။ ရှောလမုန်က ချစ်ခွန်ကားဟတိုင်း သူမတွင်ချစ်သူရည်းစားရှိနေကြောင်း ကိုသာ တတွတ်တွတ်ပြောသည်။ ဤကျမ်းစာအုပ်တွင် ထိုမိန်ကလေးသည် ငယ်ရည်းစားသိုးကျောင်းသား နှင့်  ထိမ်းမြားသွားခြင်းဖြင့် အဆုံးသတ်ထားသည်။ ပြောချင်သည်မှာ ရှောလမုန်မင်းသည် ဟော်နန်းဂေဟာနှင့် မြို့ပြ ပြည်ရွာပိုင်ရှင်ဖြစ်၍ သိုးကျောင်းသားသည် ကျေးလတ်ဇပုဒ်သားဖြစ်သည်။ မြို့ကြီးပြကြီးသားနှင့် တောသားတို့သည် ယောက်ျားချင်းဖြစ်ကြသော်လည်း စရိုက်လက္ခဏာအသွင်အပြင်ခြားနားကြသည်။ ဤအယူအဆကို လူအများက သဘောမတူချင်ကြ အဘယ်ကြောင့်ဆိုသော် ဤအာဘော်အရဆိုလျှင် ရှောလမုန်မင်းသည် မလိုအား မနှစ်သက်ဖွယ်ရာဖြစ်သည်။ သို့သော်လည်း ရှောလမုန်မင်းတွင် ကြင်ယာတော် အများအပြားရှိသည်။ ဘုရားသခင်က သူ့လူများအား အိမ်ထောင်ဘက်တစ်တည်းသာပြုခိုင်းပါသည်။ ဣသရေလူမျိုး၏ ပုံစံကို သရုပ်ဖော်သည်။ ယေဟောဝါ ဘုရားသခင်ပေါ်သစ္စာမရှိကြ။ ချစ်သူရည်းစားရှိလျက်နှင့် အခြားနောက်တစ်ယောက်ရှာကြသည်။  အခြားဘုရားရှာဖွယ်ကြသည်။ ဤသီချင်းတွင် သစ္စာရှိသော ချစ်ခြင်းမေတ္တာ၏ အလှမင်္ဂလာတရားတွေ့ရှိနိုင်သည်။

တတိယအယူအဆမှာ ရှုလမိတ်သည် ခရစ်တော်ဘုရား တဖန်ပြန်လာသည့်အခါ ကိုယ်တော်နှင့် ပေါင်းဖက်ကြမည့် ရွေးနှုတ်ထားသော ဣသရေလလူနည်းစုကို ပုံဆောင်သည်။ ရှောလမုန်သည် ယောရှုခရစ်တော်ကို ပုံဆောင်သည်။ ဤသီချင်းတွင် ချစ်သူနှစ်ဦး ပျော်ရွှင်စွာပေါင်းဖတ်ကြခြင်းဖြင့် ဇာတ်သိမ်းသည်။ ခရစ်တော်ကို မျှော်လင့်သူများသည် ခရစ်တော်ရောက်လာသောအခါ ပျော်ရွင်စွာ ချမ်းမြေ့စွာ ပေါင်းဖက်ကြရမည်။ ရှောလမုန်သည် မယားအများအပြားရှိသော်လည်း ဘုရားသခင်က မပိတ်ပင်ပါဟု ဆိုကြသည်။ ထိုအကြောင်းပြချက်သည် မပြည့်စုံပါ။ အကြောင်းမပြသည့် အချက်က ပိုမိုပြည့်စုံသည်။

အချစ်စစ်အချစ်မုန်နှင့် သန့်ရှင်းသောအိမ်ထောင်ပြုရေးဆိုသော စတုတ္ထအမြင်ကို ယနေ့ကာလတွင် လူကြိုက်များလက်ခံကြသည်။ တရားဝင်လက်ထပ်ထိမ်းမြားစေခြင်းမပြုဘဲ၊ အတူတကွနေထိုင်ကြသည်။ ခေတ်သစ်အချစ်ဒဿနထွဲတွင်ဤ အယူအဆသည် တန်ဖိုးအရှိဆုံးဖြစ်သည်။ က ၁း၂၇ နှင့် ၂း၂၀-၂၄ တွင်ရှင်းပြထားသည့်ကျမ်းချက်များနှင့်လည်း ကိုက်ညီပြည့်စုံသည်။

မသည်သည့်အတွေးအခေါ် မည်သည့်ဒဿနအမြင်ဖြင့် ဖြစ်စေ၊ ဤ”သီချင်းများ၏ သီချင်းသည်” ကျယ်ပြန့်သည်။ မှန်ကန်သည်ဟု ယူဆအပ်သည်။ ယုံကြည်သူစုံတွဲအိမ်ထောင်ဦးညမှ စ၍ တသက်တာကျင့်သုံးအပ်သည်။

ပါဝင်သောအချက်များ ပြင်ဆင်ရန်

၁။           ခေါင်းစဉ်

၂။            ချစ်သူသိုးထိန်းနှင့် ကင်းေ၀းသော ရှောလမုန်ထံရောက် ရှုလမိတ်အား နန်းတွင်းသူများက ဖျောင်းဖျ  ပုံ (၁း၂-၈)

၃။           ရှောလမုန်ကရှာလမိတ်အား ပိုးပန်းသော်လည်းခွန်းတုံ့ပြန်ရန် ဆွံ့ခြင်း (၁း၉-၂း၆)

၄။           ယေရှုရှလင်သမီးပျိုးများအား အပျိုမက သတိပေးချက် (၂း၇)

၅။           ရှုလမိတ်ရှေးဟောင်းနှောင်းဖြစ်သတိရခြင်း၊ မောင်တော်များက အလုပ်ခိုင်းကြသောကြောင့် အတွေးမျှင်ပြတ်ခြင်း (၂း၈-၁၇)

၆။           အပျိုမ၏ မိုးကောင်းကင်ချစ်အိပ်မက် (၃း၁-၄)

၇။           ယေရုရှလင်းသမီးပျိုများအား ထပ်မံသတိပေးခြင်း (၃း၅)

၈။           ယေရုရှလင်တွင် ရှောလမုန်တိုင်းခန်းလှည့်လည်ခြင်း (၃း၆-၁၁)

၉။           ရှေလမုန်က ထပ်မံပိုးပန်းခြင်း၊ အပျိုမ အချော့မခံခြင်း (၄း၁-၆)

၁၀။        အိုးထိန်းကျောင်းသားချစ်သူနှင့် အတူနေဖို့ယေရုရှလင်သို့ လိုက်လာခြင်း၊ အပျိုမက စိတ်ဆန္ဒဖွင့်ပြခြင်း (၄း၇-၅း၁)

၁၁။        ရှုလမိတ်ငေးမှိုင်သဖြင့်စိတ်ကူးယဉ်ပြောပြဖို ့မေ့ခြင်း (၅း၂-၈)

၁၂။         သူမ၏အလှရှုပကာသည် ချစ်သူအတွက်သာ (၅:၉-၆:၃ )

၁၃။        ရှောမုန်အချစ်အတွက် တဖန်ဖွေးဖွားခြင်း (၆း၄-၁၀)

၁၄။        သူ့အချစ်အား နန်းတော်က မဆွဲဆောင်နိုင်ကြောင်းတုံ့ပြန်ခြင်း (၅း၁၁-၁၃)

၁၅။        ရှောလမုန်၏ ချဉ်းကပ်မှုအရှုံးဖြင့်ပွဲသိမ်းခြင်း (၇း၁၁-၈း၂)

၁၆။        အသဲစွဲချစ်သူသိုးထိန်းနှင့် ပေါင်းဖက်ထွက်ခွာကြခြင်း (၇း၁၁-၈း၂)

၁၇။        ယေရုသမီးများသို့ နောက်ဆုံးသတိပေးချက် (၈း၃-၄)

၁၈။        ချစ်သူစုံတွဲမွေးရပ်ရွာသို့ ရောက်ရှိ၍ တသက်လုံးရွှင်ပျော်ပျော်နေကြခြင်း (၈း၅-၁၄)

TAGS: ရှောလမုန်သီချင်း