ရှော့ဘား (အင်္ဂလိပ်: Shock Absorber) သည် အရွေ့စွမ်းအင်ကြောင့် ဖြစ်လာသည့် ဆောင့်ရှိန်ကို ပြေပြစ်/လျော့ပါးအောင် ပြုလုပ်ပေးသည့် စက်မှုပစ္စည်း ဖြစ်သည်။ ဆိုင်ကယ်နှင့် ပြိုင်ဘီးတို့တွင် ရှော့ဘားထုတ်သည့် ကုမ္ပဏီကို အစွဲပြုကာ ဖောက် (Fork) ဟုလည်း ခေါ်လေ့ရှိသည်။

အခြား အသုံးတူ အမည်ကွဲတို့မှာ ဒန်ပါ (Damper) နှင့် ဒက်ပေါ့ (Dashpot) ဖြစ်သည်။

ဖန်တီးပုံ ပြင်ဆင်ရန်

လေအားသုံးနှင့် ဟိုက်ဒရောလစ်သုံး ရှော့ဘားတို့ကို ကူရှင် (Cushion) နှင့် စပရိန် (Spring) တို့ဖြင့် တွဲသုံးသည်။ ကားရှော့ဘားတွင် အတွင်းဘက်ပစ္စတင် (Piston) သို့ ဆီကျွေးခြင်းကို စပရိန်တပ် အထိန်းဘား (Check valve) နှင့် ထိန်းသည်။

အသုံးများ ပြင်ဆင်ရန်

ရှော့ဘားများသည် ကား၊ ဆိုင်ကယ်တို့၏ ဆွဲဆိုင်းစနစ် (Suspension) တွင် အရေးပါသော အပိုင်းဖြစ်သည်။ လေယာဉ်၏ အဆင်းဂီယာတွင်လည်းကောင်း၊ စက်မှုလုပ်ငန်းသုံး စက်များတွင်လည်းကောင်း အသုံးတော်ခံရလေ့ ရှိသည်။

ဘေးတိုက်တပ် ရှော့ဘားကို ယောဒန်ပါ (Yaw Damper) ဟု ခေါ်ပြီး ရထားတွဲများ အရှိန်သတ်ရန် သုံးသည်။