လက္ခဏဆိုသည်မှာ မြန်မာလို အမှတ်အသားဟု အဓိပ္ပာယ် ရ၏၊ ပါဠိသက်အားဖြင့် လက္ခဏာဟု ရှေးထုံးပြုကြ၏ ဤနေရာ၌ ပရမတ်တရားတို့၏ အမှတ်အသားကို လက္ခဏာဟု ခေါ်၏။ ထိုအမှတ်အသားလက္ခဏာသည် –

  • (၁) တရားအများနှင့် သက်ဆိုင်သည့် သာမညလက္ခဏာ
  • (၂) အများနှင့်မဆိုင် ကိုယ်ပိုင်သီးခြား အမှတ်အသားဖြစ်သော သဘာဝလက္ခဏာ

ဟု နှစ်မျိုးရှိ၏။

သာမညလက္ခဏာ

ပြင်ဆင်ရန်

ထိုတွင် မမြဲခြင်း(အနိစ္စ)၊ ဆင်းရဲခြင်း(ဒုက္ခ)၊ အစိုးမရခြင်း(အနတ္တ)၊ လက္ခဏာအမှတ်အသားများသည် ရုပ်တရား နာမ်တရား အားလုံးတို့နှင့် သက်ဆိုင်သောကြောင့် သာမညလက္ခဏာ မည်၏။ ရုပ်တရားအားလုံးတို့နှင့် သက်ဆိုင်သော(ရုပ္ပန) လက္ခဏာနှင့် နာမ်တရား အားလုံးတို့နှင့် သက်ဆိုင်သော အာရုံသို့ သွတ်ကိုင်းခြင်း(နမန) လက္ခဏာတို့သည်လည်း “သာမညလက္ခဏာ”များဖြစ်ကြသည်။

သဘာဝလက္ခဏာ

ပြင်ဆင်ရန်

ရုပ်တရားများတွင် ခက်မာမှုသဘောသည် ပထဝီဓာတ်၏ ကိုယ်ပိုင် သီးခြားလက္ခဏာဖြစ်၏။ ဖွဲ့စည်းမှု့ ယိုစီးမှုသဘောသည် အာပေါဓာတ်၏ ကိုယ်ပိုင်လက္ခဏာဖြစ်သည်။ နာမ်တရားများတွင်လည်း အာရုံကို သိခြင်း ယူခြင်းသည် စိတ်၏ သီးခြားလက္ခဏာဖြစ်၍ အာရုံကိုတွေ့ထိခြင်းသည် ဖဿစေတသိက် တမျိုးတည်းနှင့်သာ ဆိုင်သော ကိုယ်ပိုင်လက္ခဏာဖြစ်သည်။ ထိုကိုယ်ပိုင် သီးခြားလက္ခဏာများကို “သဘာဝလက္ခဏာ” ဟု ခေါ်သည်။ []

  1. ကျမ်းပြုမှူး ဦးအေးနိုင်၊ ဒု-ကျမ်းပြုမှူး ဦးညွန့်ဇော်။ ဗုဒ္ဓအဘိဓမ္မာ စေတသိက်များအဖွင့်