လက်စွပ်ကွင်း ဂလက်ဆီ
စက်ဝန်း ပုံသဏ္ဌာန်ရှိ နဂါးငွေ့တန်း
လက်စွပ်ကွင်း ဂလက်ဆီ သည် စက်ဝိုင်းကဲ့သို့ ပုံစံရှိသည့် ဂလက်ဆီဖြစ်ပြီး ၁၉၅၀ ခုနှစ်တွင် Art Hoag ဆိုသူမှ ရှာဖွေတွေ့ရှိခဲ့သည့် Hoag's Object သည် နမူနာတစ်ခုပင်ဖြစ်သည်။[၁] ကွင်းထဲတွင် နုပျိုကြီးမားသော ကြယ်ပြာများ တည်ရှိပြီး ယင်းတို့သည် အင်မတန် တောက်ပကြသည်။ အလယ်ဗဟိုတွင် အနည်းငယ်တောက်ပသည့် အရာဝတ္ထုများ တည်ရှိကြသည်။ နက္ခတ္တဗေဒပညာရှင်အချို့က လက်စွပ်ကွင်း ဂလက်ဆီများသည် ဂလက်ဆီကြီးတစ်ခု၏ ဗဟိုအား ဂလက်ဆီငယ်တစ်ခုမှ ဖြတ်ကျော်သွားသောကြောင့် ဖြစ်တည်လာသည်ဟု ယုံကြည်ကြသည်။ ဂလက်ဆီတစ်ခုတွင် များသောအားဖြင့် ဟင်းလင်းပြင်နေရာလွတ်များ တည်ရှိပေရာ ကြယ်တစ်ခုနှင့်တစ်ခု တိုက်မိသည်ဆိုသည်မှာ ရှားပါးလှသည်။
ပြခန်း
ပြင်ဆင်ရန်-
Ring Galaxy - Zw II 28[၃]
ကိုး
ပြင်ဆင်ရန်- ↑ Hoag's Object: A Strange Ring Galaxy။ Astronomy Picture of the Day။ NASA (September 9, 2002)။ March 31, 2012 တွင် ပြန်စစ်ပြီး။
- ↑ A Cosmic Hit and Run။ 9 May 2016 တွင် ပြန်စစ်ပြီး။
- ↑ "One ring to rule them all"။ 2 April 2013 တွင် ပြန်စစ်ပြီး။ Archived from the original on 7 January 2018။