လက်တို့ (အင်္ဂလိပ်: Lactose) သည် ဒိုင်ဆကာရိုက် (disaccharide) ခေါ်သည့် သကြားတစ်မျိုး ဖြစ်သည်။ သကြားတမျိုးပင်ဖြစ်ပြီး ဂလက်တို့နှင့်ဂလူးကို့မှအပိုင်းတချို့ ပေါင်းကာ ဓာတ်တွဲပုံသေနည်း C12H22O11 ဖြစ်လာသည်။ နို့၌ လက်တို့ပမာဏ ၂-၈% ပါဝင်လေသည်။ လက်တို့ဟူသောအမည်ကို လက်တင်ဘာသာအရ နို့ကို လက်တစ် (Lactis) ခေါ်၍ သကြားအဓိပ္ပာယ်ရအောင် -ose နောက်မှ ပေါင်းထည့်လေသည်။ နို့သကြားဟု ယူရန်ရှိသည်။ ဤဓာတ်ပေါင်းသည် ရေတွင်ပျော်နိုင်သော ရေငွေ့မစုပ်သည့် အဖြူရောင်အနှစ်ဖြစ်ပြီး ခပ်ပျော့ပျော့ချိုသည်။ အစားအသောက်လုပ်ငန်းတွင် သုံးသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. Gerrit M. Westhoff, Ben F.M. Kuster, Michiel C. Heslinga, Hendrik Pluim, Marinus Verhage (2014)။ "Lactose and Derivatives"။ Ullmann's Encyclopedia of Industrial Chemistry။ Wiley-VCH။ pp. 1–9။ doi:10.1002/14356007.a15_107.pub2ISBN 9783527306732CS1 maint: uses authors parameter (link)