ဒဿနိဗေဒ၏ စရိယဗေဒမဏ္ဍိုင် (ethical philosophy) မှ လက်တွေ့အသုံးကျမှုဝါဒ သို့မဟုတ် ခြုံငုံအကျိုး ဝါဒ (အင်္ဂလိပ်: utilitarianism) ဆိုသည်မှာ - ပတ်သက်ခံစားရသူတို့၏ ရေရှည် ကောင်းမွန်တိုးတက်မှုနှင့် ပျော်ရွှင်မှု ရနိုင်သမျှ များများ ရအောင် အားထုတ်သော လုပ်ရပ်များသဘောကို ဖော်ပြသည့် ကျင့်ဝတ်ရေးရာ သီအိုရီများကို ခြုံငုံညွှန်းဆိုခြင်း ဖြစ်သည်။[၁][၂]

by Thomas Rawson Birks, 1874 ၌ သောမတ်စ် ရော်ဆန် ဘာ့ရ်ခ်စ် (Thomas Rawson Birks) ရေးသားသော ခေတ်သစ် ခြုံငုံအကျိုးဝါဒ အမည်ရှိ စာအုပ် မျက်နှာဖုံး။

တနည်းအားဖြင့်၊ လူအရေအတွက် အများဆုံးနှင့် (ထိုသူတို့အဖို့) ကောင်းကျိုးအများဆုံးကို ချိန်ရွယ်ဆောင်ရွက်ရန်သာ အားပေးသည့် လူစုကြီးကောင်းစားရေး ခြုံငုံအကျိုး အယူအဆများ ဖြစ်သည်။ အသွင်ကွဲ အမျိုးမျိုး ရှိသေးသော်လည်း၊ ခြုံငုံအကျိုး (utility) ပမာဏအများဆုံး ထွက်ပေါ်ရေး အယူအဆများကို အခြေခံသည်ချင်း တူကြသည်။


အကိုးအကား

ပြင်ဆင်ရန်
  1. Duignan, Brian. [1999] 2000. "Utilitarianism" (revised). Encyclopædia Britannica. Retrieved 5 July 2020.
  2. Utilitarianism (in en-US)။ McCombs School of Business။ 2020-05-27 တွင် ပြန်စစ်ပြီး။