လက်ထုတ်ပင်သည် တရုတ်စကားပန်းပင်တို့နှင့် အတူ အဲ့ပေါ့ဆီနေးစီအီး(Apocynaceae)မျိုးရင်းတွင် ပါဝင်၍ ယင်းကို ရုက္ခဗေဒအမည်ဖြင့် အော်လစတိုးနီးယားစကော်လားရစ်(Alstonia scholaris)ဟုခေါ်သည်။ လက်ထုတ်ပင်ကို တောင်မဲ အုပ်၊ တောင်မရိုး၊ ဆေးခါးပင်၊ တောင်စကားပင်ဟူ၍လည်း အမျိုမျိုးခေါ်ကြ သည်။ လက်ထုတ်ပင်သည် တောသစ်ပင်မျိုးဖြစ်၍ မြန်မာနိုင်ငံရှိ သစ်တော များတွင် မြေပြင်အမြင့် ပေ ၃၅ဝဝ အထိ အနှံ့အပြားပေါက်ရောက်သည်။ လက်ထုတ်သားသည် ဖြူ၍ပျော့သည်။ အကြောအမျှင် ညီညာ သဖြင့် ပြုပြင်ရလွယ်ကူသည်။ အလွန်ပေါ့ပါးသော သစ်သားဖြစ်သည်။ သို့ သော် ခိုင်ခံ့သောသစ်မျိုမဟုတ်ဘဲ စွန်းကွက်လွယ်သော သစ်သားဖြစ်သည်။ သစ်ခွဲပြီးလျှင် အထူးဂရုစိုက်၍ ခြောက်သွေ့အောင်ပြုလုပ်ရသည်။ ပန်းပုထု လုပ်ရန် သင့်လျော်သော သစ်သားဖြစ်သည်။ မီးခြစ်များပြုလုပ်ရန် လက် ထုတ်သားကို ရန်ကုန်မြို့သို့ တင်ပို့ကြသည်။ ကုန်ပစ္စည်းများထည့်ပို့ရန် သေတ္တာများ၊ အိမ်အသုံးအဆောင် အညံ့စားများ၊ ဓားအိမ်များ၊ မြေဖြူနှင့် ရေးရန် သင်ပုန်းကြီးများ စသည်တို့ကို လက်ထုတ်သားဖြင့် ပြုလုပ်ကြ သည်။

တနင်္သာရီတောင်ပိုင်း၌ လက်ထုတ်ပင်ကို ကြည်ဆယ်ကလဝ ဟူ၍လည်းကောင်း၊ ရှမ်းဘာသာစကားဖြင့် မဲ့ရွခေါင် ဟူ၍လည်းကောင်း၊ ကချင်ဘာသာဖြင့် ဖွန်းဒေါ်ဒေါ် ဟူ၍လည်းကောင်း ဒေသအလိုက် အမျိုး မျိုး ခေါ်ကြသည်။

လက်ထုတ်ခေါက်ကို ဝမ်းကိုက်ရောဂါအတွက် ဆေးအဖြစ်ဖြင့် လည်းကောင်း၊ အစေးကို ယဉ်းသောအနာများအတွက်လည်းကောင်း၊ အရွက်ကို အနာအုံရန်အတွက်လည်းကောင်း အမျိုးမျိုးအသုံးချနိုင်သည်။ လက်ထုတ်မျိုးထဲတွင် လက်ထုတ်ကြီး၊ လက်ထုတ်သိမ်ဟူ၍ ရှိပေ သေးသည်၊ လက်ထုတ်ကြီးပင်များသည် တောသစ်ပင်ငယ်များဖြစ်၍ မြန်မာ နိုင်ငံ သစ်တောများ၌ မြေပြင်အမြင့် ၃၅၁ဝ အထိ အနှံ့အပြား တွေ့မြင်ရ သည်။ အသားမှာ လက်ထုတ်သားကဲ့သို့ပင်ဖြစ်၍ ထွန်ထယ်များ၊ ဆံပင်ဖြီး ရန် ဘီးများ၊ ကလေးကစားစရာများ၊ ယောက်ချိုများ စသည်တို့ကို ပြုလုပ် ရာ၌ အသုံးချသည်။ အသားပျော့သစ်မျိုးဖြစ်၍လည်း ပန်းပုထုလုပ်ရန် သင့် တော်သည်။ အထူးသဖြင့် ပွတ်တိုက်ပွတ်ခံရန်အတွက် အလွန်သင့်တော် သော သစ်သားဖြစ်သည်။

လက်ထုတ်သိမ်ပင်များကို မြန်မာနိုင်ငံ မြေညီသစ်တောများနှင့် တောင်နိမ့်ပိုင်းရှိ သစ်တောများ၌တွေ့နိုင်သည်။ အမြင့် ပေ ၄ဝ အထိ ရှိကြ သည်။ အသားမှာ ဖြူ၍ အတော်အသင့်မာသည်။ အိမ် အသုံးအဆောင်များ၊ ကုန်ပစ္စည်းများ ထည့်ပို့ရန် သေတ္တာများ၊ ဆံပင်ဖြီးရန် ဘီးများစသည်တို့ကို လက်ထုတ်သိမ်သားဖြင့်ပြုလုပ်ကြသည်။ လက်ထုတ်ကြီး သစ်သားနည်းတူ လက်ထုတ်သိမ်သားသည်လည်း ပန်းပုထုလုပ်ရန်နှင့် ပွတ်ခံရန် အလွန် ကောင်းသောသစ်သားဖြစ်သည်။ လက်ထုတ်သိမ်ပင်ကို တောင်ဇလပ်ပင် ဟူ၍လည်းခေါ်ကြသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)