လက်ဒိုကန်
လက်ဒိုကန် သည် ကင်မရွန်းနိုင်ငံ၊ မြောက်ပိုင်းစီရင်စုနယ်တွင် တည်ရှိသည့် ကန်တစ်ခု ဖြစ်သည်။ ကန်သည် ဧရိယာ ၅၈၆ စတုရန်းကီလိုမီတာ ရှိသည်။ တည်နေရာမှာ 8°53′N 13°58′E ဖြစ်သည်။ လက်ဒိုဆည်ကို ၁၉၇၇ နှင့် ၁၉၈၂ အကြားတွင် အင်ဂျင်နီယာများနှင့် တရုတ်လုပ်သားများ ပူးပေါင်းလုပ်ဆောင်ကာ တည်ဆောက်ခဲ့သည်။ တည်ဆောက်မှုကို China International Water & Electric Corp က ဦးစီးခဲ့သည်။
Lagdo Reservoir | |
---|---|
တည်နေရာ | North Province |
ကိုဩဒိနိတ် | 8°53′N 13°58′E / 8.883°N 13.967°Eကိုဩဒိနိတ်: 8°53′N 13°58′E / 8.883°N 13.967°E |
အမျိုးအစား | reservoir |
ပင်မ ရေဝင်စီးကြောင်း | Benue River |
ပင်မ ရေထွက်စီးကြောင်း | Benue River |
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများ | Cameroon |
တည်ဆောက်ခြင်း | 1977–1982 |
မျက်နှာပြင် ဧရိယာ | ၅၈၆ km2 (၂၂၆ sq mi) |
ဆည်သည် ဘီနူးမြစ်ပေါ်ရှိ (Benue river) Garoua မြို့၏ တောင်ဘက် ၅၀ ကီလိုမီတာအကွာတွင် တည်ရှိသည်။ ဤတည်ဆောက်မှုသည် နိုင်ငံ၏ မြောက်ပိုင်းရှိ ဒေသများကို လျှပ်စစ်ထောက်ပံ့ပေးရန်နှင့် စိုက်ပျိုးမြေ ၁၅၀၀၀ ဟက်တာအတွက် ရေပေးဝေနိုင်ရန် ဖြစ်သည်။ ဆည်သည် ၃၀၈ မီတာ ရှည်ပြီး၊ အမြင့် ၄၀ မီတာ၊ အထူ ၉ မီတာ ရှိသည်။