လက်ဖက်နှင်းဆီ
en:Camellia sasanqua is used as a garden plant, its leaves are used for tea, and its seeds for oil
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Asterids
မျိုးစဉ်: Ericales
မျိုးရင်း: Theaceae
မျိုးစု: Camellia
L.
Species

About 187, see text

Synonyms
  • Sasanqua Nees
  • Calpandria Blume
  • Camelliastrum Nakai
  • Desmitus Raf.
  • Drupifera Raf.
  • Piquetia Hallier f.
  • Salceda Blanco
  • Stereocarpus Hallier f.
  • Thea L.
  • Theaphylla Raf.
  • Theopsis Nakai
  • Tsia Adans.
  • Tsubaki Adans.
  • Yunnanea Hu

လက်ဖက်နှင်းဆီ သို့မဟုတ် လက်ဖက်မျိုးဝင် ကမဲလီးယားချုံပင်သည် လက်ဖက်မျိုးရင်း theaceae အပင်များထဲမှ အပင်တစ်ပင်ဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် Camellia ဟူ၍ ခေါ်ဆိုသည်။ ၎င်းအပင်များကို ဟိမဝန္တာအရှေ့ပိုင်း မှ ဂျပန်နှင့် အင်ဒိုနီးရှား တိုင်အောင် အရှေ့ နှင့် တောင်ပိုင်း အာရှဒေသတွင် အတွေ့ရသည်။ ၎င်းတို့ကို မျိုးစိတ်ပေါင်း ၁၀၀-၃၀၀ အထိဖော်ပြထားပြီး အချို့တွင် တိကျသည့်အရေအတွက်ထက် ပိုနိုင်သေသည်။ ထို့ပြင်စပ်မျိုးပေါင်း ၃၀၀ ခန့်ရှိသည်။ ၎င်းပန်းများသည် အာရှဒေသတွင် အမည်အမျိုးမျိုးဖြင့် ကြော်ကြားလှသည်။ တရုတ်တွင် လဖက်ပန်းcháhuā (茶花, 'tea flower')၊ ဂျပန်တွင် tsubaki (椿)၊ ကိုရီးယားတွင် dongbaek-kkot (동백꽃)၊ နှင့် ဗီယက်နမ်တွင် hoa trà or hoa chè ဟူ၍ အသီးသီးခေါ်ဆိုကြသည်။

ပန်းများပွင့်လာလျှင် နှင်းဆီပန်းနှင့် အလွန်တူသော်လည်း နှင်းဆီပန်းမျိုးရင်းမှာ Rosaceae ဖြစ်ပြီး မျိုးရင်းမတူကြချေ။ ပန်းပွင့်ရန်အချိန်ကြာသည်။ ဆောင်းရာသီတခုလုံးတွင် ပန်းပွင့်လေ့ရှိပြီး အလွန်လှပသည်။

၎င်းမျိုးစိတ်များအတွင်းတွင် Camellia sinensis မျိုးစိတ်သည် အဖြူရောင်ပန်းသာ ပွင့်လေ့ရှိပြီး အရွက်အညွန့်ကို လက်ဖက်ရည်အဖြစ် သောက်သုံးလေ့ သုပ်စားလေ့ရှိသည့် လက်ဖက်ပင်ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်