ကိုဩဒိနိတ်: 8°22′N 80°23′E / 8.367°N 80.383°E / 8.367; 80.383

လင်္ကာရာမ သည် သီရိလင်္ကာနိုင်ငံအနုရာဓပူရမြို့ရှိ Galhebakada တွင် တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။ Valagamba မင်းက တည်ခဲ့သည်။ စေတီတော်နှင့် ပတ်သက်၍ မည်သည့်အကြောင်းကိုမှ သိရှိရခြင်း မရှိပေ။ စေတီတော်ကို နောက်ပိုင်းအချိန်များတွင် ပြုပြင်မွမ်းမံမှုများ ရှိခဲ့သည်။ အပျက်အစီးများကို ကြည့်ခြင်းဖြင့် ကျောက်တိုင်အတန်များ ရှိသည်ကို သိနိုင်သည်။ ထို့အပြင် စေတီတော်ကို ဝန်းရံကာ တည်ဆောက်ခဲ့ကြသည့် အဆောက်အဦတစ်ခု တည်ရှိခဲ့သည်ကိုလည်း ယုံမှားသံသယရှိစရာ မရှိပေ။ စေတီတော်၏ ဝင်းအဝိုင်းသည် မြေပြင်အပေါ်၌ ၁၀ ပေ (၃ မီတာ) ရှိသည်ဟု ထင်ရသည်။ စေတီတော်၏ အချင်းသည် ၄၅ ပေ (၁၄ မီတာ) ရှိသည်။ ဝင်းအဝိုင်းသည် ဝိုင်းစက်သည့်ပုံစံရှိပြီး အချင်းသည် ၁၃၃၂ ပေ (၄၀၆ မီတာ) ရှိသည်။

လင်္ကာရာမ
Eth Pokuna (ဆင်ရေကန်.
Lankarama in a dilapidated state 1927.

ဆင်ရေကန် ပြင်ဆင်ရန်

ဆင်ရေကန်သည် လင်္ကာရာမနှင့် နီးကပ်စွာတည်ရှိပြီး လူလုပ်ရေကန်တစ်ခု ဖြစ်သည်။ ၎င်းသည် အလျား ၁၅၉ မီတာ၊ အနံသည် ၅၂.၇ မီတာနှင့် အနက်သည် ၉.၅ မီတာ ရှိသည်။ ၎င်းကန်သည် ရေ ၇၅၀၀၀ ကုဗမီတာ ဝင်ဆံ့သည်။

မြေအောက်တူးမြောင်းမှတစ်ဆင့် ဆက်သွယ်ကာ Periyamkulama ကန်မှ ရေကို ဤကန်အတွင်းသို့ ဖြည့်သွင်းသည်။ ဤမြေအောက် တူးမြောင်းသည် နှစ်ရာနှင့်ချီသည့်တိုင်အောင် အလုပ်လုပ်သေးသည်။ ဤကန်ကို အဘယဂီရိဗုဒ္ဓကျောင်းတော်ရှိ ရဟန်းများသည် အသုံးပြုလျက်ရှိသည်။ ရဟန်းများသည် ၅၀၀၀ ကျော်ရှိသည်။

ပြင်ပလင့်များ ပြင်ဆင်ရန်

  • This page incorporates content from Dr. Rohan Hettiarachchi's [၁] used with permission of website owner.

ကိုးကား ပြင်ဆင်ရန်