လဇ္ဇီ ဆိုသည်မှာ ပညတ်တော်ကို သိသောစိတ်နှင့် စေ့ဆော်၍ အာပတ်ကို မလွန်ကျူး၊ ပုထုဇဉ်ဂတိဖြင့် စွန်းညိသော အာပတ်ကို မဖုံးလွှမ်း၊ အဂတိလေးပါးသို့ မလိုက်စားသော သဘောရှိသည့် ပုဂ္ဂိုလ်ကို "လဇ္ဇီပုဂ္ဂိုလ်" ဟု ဆိုသည်။[၁]

လဇ္ဇီရဟန်း၏ လက္ခဏာ ပြင်ဆင်ရန်

အောက်ပါ သုံးပါးသော လက္ခဏာတို့နှင့် ပြည့်စုံသည့်ရဟန်းကို "လဇ္ဇီရဟန်း" ဟု ဆိုအပ်သည်။ ၎င်းတို့မှာ -

  1. ဤအမှုကို ပြုလျှင် ဧကန်အာပတ်သင့်သည်ဟု သိလျှင် ထိုအမှုကို မပြုခြင်း လက္ခဏာတစ်ပါး
  2. မသိ၍သော်လည်းကောင်း၊ ပြုမိ၍ မိမိ၌ အာပတ်ရှိနေမှန်း သိခဲ့လျှင် ထိုအာပတ်ကို လျှို့ဝှက်၍ နေ့ကူးအောင်မထားခြင်း လက္ခဏာတစ်ပါး
  3. ပစ္စည်းဘဏ္ဍာကို ဝေဖန်ရာဌာန စသည်၌ အဂတိလေးပါးသို့ မလိုက်မစား တရားသဖြင့် ပြုခြင်းသည်လည်း လက္ခဏာတစ်ပါး။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ လယ်တီဆရာတော် (သာသနာ ၂၅၅၀၊ ကောဇာ ၁၃၆၈၊ ခရစ် ၂၀၀၆ (ဒုတိယအကြိမ်))။ မုံရွာမြို့ ကျမ်းပြုအကျော် ကမ္ဘာကျော် လယ်တီဆရာတော်ဘုရားကြီး ပြုစုရေးသားတော်မူသော ဓမ္မဒီပနီ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)