လတ်ယေရှဲ ဇူလိုင် ၁၉၊ ၁၉၅၂ တွင် မွေးဖွားခဲ့သည်။ ဆရာလတ်ယေရှဲသည် မိုးကုတ်မြို့သား၊ လူစူးလူမျိုးဖြစ်သည်။ ၁၉၇၉ - ၈၁ အင်းစိန် ကျမ်းစာသင်ကျောင်းတွင် တက်ရောက်အောင်မြင်ခဲ့ပြီးသည့်နောက် မိုးကုတ်မြို့တွင် လီစူးလူမျိုးများအတွက် ခရစ်ယာန် နယ်မြေတာဝန်ခံအဖြစ် တဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် LBC Lisu Baptist Convention လီစူးနှစ်ခြင်းအဖွဲ့ချုပ်တွင် အတွင်းရေးမှူးအဖြစ်၎င်း၊ လူငယ်တာဝန်ခံအဖြစ်၎င်း အမှုတော်ထမ်းဆောင်ခဲ့သည်။ မိုးကုတ်မြိုနယ် အသင်းတော်များအဖွဲ့၏ အတွင်းရေးမှူးအဖြစ် အသင်းတော်ပေါင်း ၃၀ ကျော်အတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့သည်။

၁၉၈၄ ခုနှစ်တွင်ပင် မလေးလေးလတ်နှင့် အိမ်ထောင်ကျခဲ့သည်။ ဇနီး၊သားသမီး ၄ယောက်နှင့် အတူ ဆန်ဖရန်စစ်စကိုတွင် နေထိုင်လျက်ရှိသည်။

၁၉၉၃ တွင် အမေရိကန်နိုင်ငံသို့ ရောက်ရှိလာပြီးသည့်နောက် အိုဟိုင်းယိုးပြည်နယ်တွင် ဓမ်မပညာ မာစတာဘွဲ့ ရရှိခဲ့ပြီး၊ ဒေါက်တာဘွဲ့ကိုလည်း ထိုတက်ကသိုလ်မှ ရရှိခဲ့သည်။

အမေရိကန်ပြည်ရောက်ရှိပြီးနောက် ဆန်ဖရန်စစ်စကိုမြို့ ယခု First Burmese Baptist Church တွင် လက်ထောက်သင်းအုပ်ဆရာအဖြစ် ၁၉၉၆ ခုနှစ်တွင် စတင် အမှုတော် ထမ်းဆောင်ခဲ့ပြီ ၁၉၉၆ခုနှစ်တွင် သင်းအုပ်ဆရာအဖြစ် တာဝန်ယူခဲ့သည်မှ ယခု ၂၀၀၈ အထိပင်ဖြစ်သည်။

အသင်းတော်သည် ဆန်ဖရန်စစ်စကိုတွင် ပထမဆုံးသော မြန်မာအသင်းတော်ဖြစ်သည်။ အသင်းတော်၏ မစ်ရှင်နှင့် ကျမ်းစာသင်တန်း များနှင့် ဆရာလတ်ယေရှဲတရားဒေသနာ (အသံနှင့်ဗွီဒိယို) တို့ကို အသင်းတော် ဝက်ဆိုဒ် http://www.fbbcsf.org တွင် ကြည့်နိုင်သည်။

ကိုးကား ပြင်ဆင်ရန်

Contact: 380 21st Avenue, San Francisco, CA. 94121 (415) 751-3834