လန်ကာဆေးရုံ (ယခင် - သီရိလင်္ကာ အပိုလိုဆေးရုံ) သည် သီရိလင်္ကာနိုင်ငံရှိ တတိယအဆင့်ရှိ အထူးကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ဆေးရုံတစ်ခု ဖြစ်သည်။ ၎င်းသည် နိုင်ငံတွင် အကြီးဆုံးဆေးရုံတစ်ခု ဖြစ်သည်။ သီရိလင်္ကာအာမခံကော်ပိုရေးရှင်း၏ လက်အောက်ရှိ ဆေးရုံတစ်ခု ဖြစ်သည်။ ဆေးရုံကို ယခင်က အပိုလိုဆေးရုံများက ပိုင်ဆိုင်သည်။ အိန္ဒိယနိုင်ငံမှ Dr. Pratap C. Reddy က တည်ထောင်ခဲ့သည်။ ကိုလံဘိုမြို့မှ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့တိုက်ရိုက်သွားသည့်လမ်းဖြစ်သည့် Elvitigala Mawatha လမ်းပေါ်တွင် (ဤလမ်းကို ပုံမှန်လမ်း ဟုလည်း ခေါ်) တည်ရှိသည်။ ဆေးရုံသို့ ကိုလံဘိုမြို့လယ်မှ မိနစ်အနည်းငယ်မောင်းရုံဖြင့် ရောက်နိုင်သည်။ ၂၀၀၂ ခုနှစ်အတွင် အိန္ဒိယအပိုလိုဆေးရုံ၏ ဆေးရုံခွဲတစ်ခုအဖြစ် လွှဲအပ်ရယူထားသည်။ ၂၀၀၆ ခုနှစ်တွင် သီရိလင်္ကာအာမခံက ဆေးရုံကို ပြန်လည်လွှဲပြောင်းရယူခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် အပိုလိုဆေးရုံနှင့် သဘောတူထားသည့် လိုင်စင်နှင့် ဝန်ဆောင်မှုလုပ်ငန်းများကို ရပ်တန့်ခဲ့ပြီးနောက်တွင် ဆေးရုံကို လန်ကာဆေးရုံဟု အမည်ပြောင်းလဲခဲ့သည်။[၂]

Lanka Hospitals
အမျိုးအစားSubsidiary
လုပ်ငန်းHealthcare
လွှဲအပ်သူAppollo Hospital Sri Lanak
တည်ထောင်သူများDr. Pratap C. Reddy
အရေးပါ ပုဂ္ဂိုလ်များDr. Bandula Wijesiriwardena (MBBS) (Chairman)
Dr. Prasad Medawatte (MBBS) (CEO)
ထုတ်ကုန်ပစ္စည်းHospitals, Pharmacy, Diagnostic Centre
ဝင်ငွေIncrease Rs 7.549 billion (2020)[၁]
အခွန်မဆောင်မီ ဝင်ငွေIncrease Rs 653 million (2020)[၁]
အသားတင် ဝင်ငွေDecrease Rs 581 million (2020)[၁]
ရင်းနှီးမြှုပ်နှံမှုIncrease Rs 9.427 billion (2020)[၁]
စုစုပေါင်း ရှယ်ယာတန်ဖိုးIncrease Rs 6.629 billion (2020)[၁]
ပိုင်ရှင်များSri Lanka Insurance (51.34%)
Fortis Global Healthcare International (28.66%)
Bank of Ceylon (11.19%)
အလုပ်သမားဦးရေIncrease 2,002 (2020)[၁]
မိခင်ကုမ္ပဏီSri Lanka Insurance

ဆေးရုံတွင် ခုတင် ၃၅၀ တည်ရှိသည်။ အဓိကကျန်းမာရေးစောင့်ရှောက်မှုလေးခုဖြစ်သည် (ဆေးဝါး၊ နှလုံး၊ ကျောက်ကပ်နှင့် ကလေးသူငယ်) စသည်တို့ကို အထူးကုသလျက်ရှိသည်။ ကုသစောင့်ရှောက်မှုဌာနများကို သီးခြားအခန်းများ သို့မဟုတ် သီးသန့်ခန်း ထားရှိပြီး တစ်ခန်းချင်းစီးတွင် ခုတင် ၆ ခုရှိသည်။

ပြင်ပလင့်များ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ Lanka Hospitals PLC Annual Report 2019/20။ Lanka Hospitals (20 July 2020)။ 16 December 2020 တွင် ပြန်စစ်ပြီး။
  2. Sri Lanka hospital ends deal with India's Apollo, LBO, 13-11-09 Archived 2010-01-30 at the Wayback Machine.