လမင်းမိုမို (၂၅ ဇွန် ၁၉၆၆ မွေးဖွား) သည် မြန်မာနိုင်ငံသား အမျိုးသမီး စာရေးဆရာ တစ်ဦးဖြစ်သည်။ အမည်ရင်း လှမြတ်မိုဖြစ်ပြီး ၁၉၆၆ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် မွေးဖွားခဲ့သည်။ မွေးချင်း လေးဦးအနက် အကြီးဆုံး ဖြစ်သည်။

လမင်းမိုမို
မွေးဖွားမလှမြတ်မို
(၁၉၆၆-0၆-၂၅) ဇွန် ၂၅၊ ၁၉၆၆ (အသက် ၅၈)
အလုပ်အကိုင်စာရေးဆရာမ
ဆွေမျိုးသားချင်းဦးဇင်မြင့် (ဖခင်)
ဒေါ်ခင်ထွေးထွေး (နေနွယ်ဇင်မြင့်) (မိခင်)

လမင်းမိုမို

အမည်ရင်း --မလှမြတ်မို

မွေးသက္ကရာဇ် - ၂၅-၆-၁၉၆၆ ( စနေနေ့ )

မိဘ - ဦးဇင်မြင့် + ဒေါ်ခင်ထွေးထွေး ( နေနွယ်ဇင်မြင့် )

မွေးချင်း - ၄ ယောက် ( အကြီးဆုံး )

၁၉၈၂ - ဆယ်တန်းအောင် ၁၉၈၆ - B.Sc ( Zoology) ၁၉၉၅ - M.Sc ( Zoology)

၁၉၈၂ ဒီဇင်ဘာလ - စာပေနယ်ပယ် သို့ ဝင်ရောက် ။ ပထမဆုံးစာအုပ်ထုတ်ေ၀ ။

ပထမဆုံးလုံးချင်းဝတ္ထု - နေလိုအချစ် လလိုအချစ် ..( နေနွယ်ဇင်မြင့်နှင့် အတွဲ ) ။

ထွက်ပြီး ဝတ္ထု စာအုပ်ပေါင်း - ၂၁၅ အုပ်

နောက်ဆုံးထွက်သည့် စာအုပ် - ၂၀၁၁ စက်တင်ဘာ - အဘယ့်ကြောင့်များ


ရုပ်ရှင် - ၅ ကား

- ကိုကိုဘာလို့ မုန်းတာလဲ ( ဒါရိုက်တာ ဒေါ်သင်းသင်းယု )

- ရင်ထဲရှိတာ ( ဒါရိုက်တာ ကိုအောင်မင်းသိမ်း )

- မောင် ( ဒါရိုက်တာ ပန်းချီစိုးမိုး )

- ကိုယ့်အတ္တက ဒုတိယ ( ဒါရိုက်တာ ဆိုးပေ + မောင်မဲ ) ( ရုပ်ရှင်မှာ နာမည် ပြောင်းထားသည်။)

-အမှောင်ထဲမှာ (ဒါရိုက်တာဝိုင်း)

ရင်ဘက်ထဲကဓားအမည်ဖြင့် ရိုက်ရှင်ရိုက်ကူးခဲ့ပြီး အကောင်းဆုံးအမျိုးသမီးဇာတ်‌ေဆာင်အကယ်ဒမီဆုကို ဤရုပ်ရှင်ဖြင့် သရုပ်ဆောင်အိန္ဒြာ‌ေကျာ်ဇင်က ရရှိခဲ့သည်။


DVD - ၂ ကား

- ချစ်သူချန်ရစ်သော ရုပ်ကြွင်းပုစ္ဆာ ( ဘယ်သူကို အချစ်ဆုံးလဲ ) ( ဒါရိုက်တာ ကိုဇော် အရုဏ်ဦး )

- နောက်တရက်ရဲ့ နံနက်ခင်း ( ဗိုက် ဗိုက် ဗိုက် ) ( ဒါရိုက်တာ ကိုဇော် အရုဏ်ဦး )


Video - ၁၆၄ ကား

( အချို့ စာအုပ်များကို ၂ ကြိမ် ၃ ကြိမ် ပြန်ရိုက်ဖြစ်သည်များ ရှိသည်။ )

ငယ်ဘဝနှင့် ပညာရေး

ပြင်ဆင်ရန်

၁၉၈၂ ခုနှစ်တွင် ဆယ်တန်းအောင်မြင်ခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် သတ္တဗေဒအထူးပြုဖြင့် သိပ္ပံဘွဲ့ကိုလည်းကောင်း ၁၉၉၅ ခုနှစ်တွင် မဟာဘွဲ့ကိုလည်းကောင်း ရရှိခဲ့သည်။

စာပေရေးသားခြင်း

ပြင်ဆင်ရန်

၁၉၈၂ ခုနှစ် ဒီဇင်ဘာတွင် ပထမဆုံး စာအုပ်ကို ထုတ်ဝေခဲ့သည်။ ပထမဆုံးလုံးချင်းဝတ္ထုအဖြစ် နေလိုအချစ် လလိုအချစ် စာအုပ်ကို နေနွယ်ဇင်မြင့်နှင့် ပူးတွဲ ထုတ်ဝေခဲ့သည်။