လမ်ဗာရိန်းမြို့ (အင်္ဂလိပ်: Lambaréné) သည် ဂါဘွန်နိုင်ငံမြို့တစ်မြို့ဖြစ်သကဲ့သို့ ဂါဘွန်နိုင်ငံ၊ မိုယန်-အိုဂွေးပြည်နယ်၏ မြို့တော်လည်း ဖြစ်သည်။ (၂၀ဝ၉)ခုနှစ် လူဦးရေစာရင်းအင်းအရ ၂၅၂၅၇ ရှိသည်။ အီကွေတာ၏တောင်ဘက် ၇၅ ကီလိုမီတာအကွာတွင် တည်ရှိသည်။

ရွိုက်ဇာ ပြင်ဆင်ရန်

ပြင်သစ်-ဂျာမန်နွယ်ဖွား နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါက်တာအဲလဘတ် ရွိုက်ဇာသည် (၁၉၁၃)ခုနှစ်တွင် လမ်ဗာရိန်းမြို့တွင် သူ၏ကမ္ဘာကျော်ဆေးရုံကို တည် ထောင်ခဲ့သည်။