လမ်းစဉ်လူငယ်အဖွဲ့သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ လူငယ်အဖွဲ့ဖြစ်ပါသည်။ လမ်းစဉ်လူငယ်အဖွဲ့တွင် တေဇလူငယ်ရှေ့ဆောင်လူငယ်လမ်းစဉ်လူငယ် ဟူသော အသက်အရွယ်အလိုက်ဖွဲ့စည်းသည့်အဖွဲ့ခွဲသုံးဖွဲ့ပါဝင်သည်။[၁]

(ဝဲမှယာသို့) တေဇလူငယ်၊ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ် တံဆိပ်များ

စတင်တည်ထောင်ခြင်း ပြင်ဆင်ရန်

ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီအစိုးရသည် ပြည်ထောင်စုမြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်ကိုဖျက်သိမ်းလိုက်ကြောင်း ၁၉၆၄ခုနှစ် မတ်လ ၁ရက်နေ့တွင် ကင်းထောက်ချုပ် ဦးရဲထွန်း က သတင်းပို့ခဲ့သည်။

တော်လှန်ရေးအစိုးရသည် ကင်းထောက်အဖွဲ့ချုပ်ကို ပြည်သူပိုင်သိမ်းလိုက်ကာ ၎င်းအဖွဲ့ချုပ်၏ပိုင်ဆိုင်မှုများကို ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးလိုက်ပြီး လမ်းစဉ်လူငယ်အဖွဲ့ ကို ဖွဲ့စည်းတည်ထောင်စေခဲ့သည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရန်

လမ်းစဉ်လူငယ်အဖွဲ့ဘောင်အတွင်း၌ပင် အသက်အရွယ်နှင့်အသိအမြင်ကွာခြားမှုပေါ်မူတည်၍ အဖွဲ့ခွဲ၃ဖွဲ့ခွဲကာ ဖွဲ့စည်းခဲ့သည်။[၁]
၁။ တေဇလူငယ်အဖွဲ့ကို အသက်၅နှစ်မှ၁၀နှစ်ရှိ မူလတန်းကျောင်းသားကလေးငယ်များနှင့် ဖွဲ့စည်းသည်။[၁]
၂။ ရှေ့ဆောင်လူငယ်အဖွဲ့ကို အသက်၁၁နှစ်မှ၁၅နှစ်ရှိ အလယ်တန်းနှင့်အထက်တန်းကျောင်းသားများနှင့် ဖွဲ့စည်းသည်။[၁]
၃။ လမ်းစဉ်လူငယ်အဖွဲ့ကို အသက်၁၆နှစ်မှ၁၈နှစ်ရှိ ကောလိပ်နှင့်တက္ကသိုလ်ကျောင်းသားလူငယ်များနှင့် ဖွဲ့စည်းသည်။[၁]
အသက်၁၈နှစ်ပြည့်ပြီးပါက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တွင် အရန်ပါတီဝင် အဖြစ် လျှောက်ထားနိုင်သည်။ အရန်ပါတီဝင်တစ်‌‌ဦးသည် အသက်၂၁နှစ်ပြည့်ပြီးနောက် လိုအပ်ချက်များနှင့်ကိုက်ညီပါက တင်းပြည့်ပါတီဝင် အဖြစ် တိုးမြှင့်ရန် လျှောက်လွှာတင်သွင်းနိုင်သည်။

၁၉၈၁နှစ်၌ အသက်၁၈နှစ်ပြည့်‌သည့် လမ်းစဉ်လူငယ်များ၏ ၆.၁၉%သာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသို့ ဝင်ရောက်ခဲ့သဖြင့် ထိုစဉ်က ပါတီအတွက်တုန်လှုပ်ဖွယ်အခြေအ‌‌နေတစ်ရပ်ဖြစ်ခဲ့သည်။[၂] ထို့‌‌ကြောင့် တက္ကသိုလ်၊ကောလိပ်များ၏ ကျောင်းဝန်းများထဲတွင် လမ်းစဉ်လူငယ်အဖွဲ့စည်းရုံးရေးကော်မီတီများ တည်ထောင်ခဲ့သည်။[၂]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ -၊ ဒေါက်တာညီညီ (၁၉၇၈)။ "၇"။ မြန်မာနိုင်ငံအမျိုးသားမော်ကွန်း(၁၉၇၅) မျက်မှောက်ကာလမြန်မာနိုင်ငံမှတ်တမ်း။ ပုဂံစာအုပ်တိုက်။CS1 maint: numeric names: authors list (link)
  2. ၂.၀ ၂.၁ "Burma in 1981: The Changing of the Guardians Begins" (1982). Asian Survey 22 (2): 185. doi:10.2307/2643945.