လမ်းမထက် စတိုင်
လမ်းမထက် စတိုင်သည် စတူဒီယိုများ၊ ဒီဇိုင်နာများထံမှမဟုတ်ဘဲ လူအများကြားမှ ထွက်ပေါ်လာသည်ဟု ယူဆရသော ဖက်ရှင် ဖြစ်သည်။ လမ်းပေါ်ဖက်ရှင်သည် ယေဘူယျအားဖြင့် လူငယ်ယဉ်ကျေးမှု နှင့် ဆက်စပ်နေပြီး မြို့ကြီးပြကြီးများတွင် အများဆုံးတွေ့ရတတ်သည်။ မဂ္ဂဇင်းများနှင့် သတင်းစာများတွင် အများအားဖြင့် မြို့ပြအဝတ်အစားများ ၀တ်ဆင်ထားသည့် လူတစ်ဦးချင်းစီ၏ ပြတ်သားသော ဓာတ်ပုံများကို ဖော်ပြလေ့ရှိသည်။[၁] ခေတ်ရေစီးကြောင်းဖက်ရှင်သည် မကြာခဏဆိုသလို လမ်းပေါ်ဖက်ရှင်ရေစီးကြောင်းများကို လွှမ်းမိုးမှုရှိလေသည်။ အဓိက လူငယ်ယဉ်ကျေးမှု အများစုသည် လမ်းမထက် စတိုင် ဖက်ရှင်နှင့် ဆက်စပ်မှုရှိလေသည်။ လမ်းမထက် စတိုင် ဖက်ရှင်ပုံစံများသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံတူညီမှု မရှိကြပဲ သက်ဆိုင်ရာ နေရာဒေသနှင့် လိုက်လျောညီထွေမှုရှိသည့် သီးခြားပုံစံတစ်မျိုးစီဖြင့် ထွန်းကားလျက်ရှိလေသည်။
လမ်းမထက် စတိုင် ဖက်ရှင်၏ အဓိကပုံစံများ
ပြင်ဆင်ရန်- အမေရိကန် ဟစ်ဟော့ (Hip-hop) စတိုင်: ဦးထုပ်၊ ကွန်ဗတ်၊ ဘီဂျင်၊ နှင့် အခြားသော အဝတ်အစားများဖြင့် ပေါင်းစပ်ဝတ်ဆင်လေ့ရှိသော စတိုင်ဖြစ်သည်။
- ဂျပန် ဟာရာဂျူကူ (Harajuku) စတိုင်: အရောင်စုံသော အဝတ်အစားများနှင့် ပေါင်းစပ်ဝတ်ဆင်လေ့ရှိသော စတိုင်ဖြစ်သည်။
- ကေဘီစတိုင်: အလွန်ကျစ်သိပ်သော ဘောင်းဘီနှင့် ရှပ်အင်္ကျီကို ပေါင်းစပ်ဝတ်ဆင်လေ့ရှိသော စတိုင်ဖြစ်သည်။
အားကစားဝတ်စုံများ၏ လွှမ်းမိုးမှု
ပြင်ဆင်ရန်လမ်းမထက် စတိုင်တွင် အားကစားဝတ်စုံကို ပုံမှန်ဝတ်ဆင်သော သာမန်လူများ ပါဝင်သည်။ သို့သော်လည်း အားကစားဝတ်စုံ အမှတ်တံဆိပ်အမျိုးမျိုးအတွက် အလုပ်လုပ်သော စူပါမော်ဒယ်များ၏ လွှမ်းမိုးမှုသည်လည်း အရေးပါလေသည်။ ထို့ကြောင့် သာမန်လူများကို အားကစားအဝတ်အစား ခံစားမှုဖြင့် လွှမ်းမိုးရန် ပိုမိုလွယ်ကူလာသည်။[၂]
စကိတ်စီးအားကစားဓလေ့သည် အထူးသဖြင့် အချို့သော လမ်းမထက် စတိုင်များ၏ အသွင်အပြင်ကို လွှမ်းမိုးခဲ့သည်။ လမ်းမထက် စတိုင် ရေစီးကြောင်းပုံရိပ်သည် စကိတ်စီးခြင်းနှင့် မကြာခဏသက်ဆိုင်မှုရှိနေသည်ကို တွေ့မြင်နိုင်သည်။ စကိတ်စီးသူများအတွက် ခြေထောက်ချော်ခြင်းမှ ကင်းဝေးစေမည့် စကိတ်စီးဖိနပ်များကိုပင် လမ်းမထက် စတိုင် ဖက်ရှင်သို့ အမွေဆက်ခံ၍ အသုံးပြုခဲ့ကြသည်။[၃]
လမ်းမထက် စတိုင် ဖက်ရှင်၏ အရေးပါမှုများ
ပြင်ဆင်ရန်- ပုဂ္ဂိုလ်ရေးအထောက်အထား: လမ်းမထက် ဖက်ရှင်သည် လူအများအကြား မိမိကိုယ်ကိုယ်ပြသရန် အသုံးပြုသည့် အစိတ်အပိုင်းတစ်ခုဖြစ်လေသည်။ မိမိတို့၏ စိတ်ကြိုက်နှင့် ကိုယ်ပိုင်စတိုင်ကို ဖော်ပြနိုင်စေလေသည်။
- ပေါ်လွင်စေမှု: လမ်းမထက် ဖက်ရှင်သည် လူငယ်များအကြား အလွန်လူကြိုက်များပြီး၊ ပေါ်လွင်စေလေသည်။
- တစ်နိုင်ငံခြင်း စနစ်ကိုက်မှု: လမ်းမထက် ဖက်ရှင်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မတူညီသော ဖက်ရှင်စတိုင်များ ဖြစ်နိုင်၏။ အရင်အချိန်မှ ဖက်ရှင်များသည် ဖက်ရှင်ဒီဇိုင်နာများထံမှသာ ထွက်ပေါ်လာကာ လူထုအကြား ပျံ့နှံ့သွားလေ၏။ လမ်းမထက် ဖက်ရှင်တွင်မူ ဖက်ရှင်စတိုင်များသည် လူအများကြားကနေ ပေါ်ထွက်လာခြင်းမျိုးဖြစ်လေသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ "Today's Fashion"၊ Revolt Magazine၊ Public Art Squad Project၊ 2012။ Archived from the original on 20 November 2014။ "Cindy Hinant, a visual artist whose daily trek through Soho makes her a regular target for amateur blogarazzi stalking women for photo copy, remarks, "Street fashion has made me both paranoid and vain. Last week I had my photo taken twice in one day by two different magazines for their street fashion whatever. Now when I'm wearing something that I think is awesome I'm disappointed not to be stopped to have my picture taken."
- ↑ When Clothes Become Fashion: Design and Innovation Systems။ Oxford။ 2009။ p. 120။
- ↑ Skateboarding Street Style။ Minneapolis, MN။ 2008။ p. 12။