လမ်းအန္တရာယ်ကာကွယ်ရေး

လမ်းမပေါ်တွင် သေဆုံးမှူနှင့် ဒဏ်ရာရမှူကို လျော့ကျစေရန် တိုင်းတာသည့် နည်းလမ်း

လူတိုင်းယာဉ်ဘေး ကင်းဝေးချမ်းသာ ပြင်ဆင်ရန်

စက်တပ်ယာဉ်များပေါ်သည့်အချိန်မှစ၍ လူတို့ သက်သောင့်သက် သာ သွားလာနိုင်ခဲ့သလောက် အသက်အန္တရာယ်လည်း အလွန်ကြုံတွေ့ခဲ့ရ လေသည်။ ယင်းအန္တရာယ်မှ ကင်းဝေးချမ်းသေားရန် နိုင်ငံတိုင်း၌လိုပင် နည်းအမျိုးမျိုးဖြင့် ဖြေရှင်းလျက်ရှိကြသည်။

လမ်းအန္တရာယ်ကာကွယ်ရေး ပြင်ဆင်ရန်

လမ်းအန္တရာယ်ဖြစ်ပွားမှု၏ အဓိက အကြောင်းခံသည် များသောအားဖြင့် မော်တော်ယာဉ်များပင်ဖြစ်သည်ကိုတွေ့ ရသည်။ မော်တော်ယာဉ် တစ်စီးနှင့်တစ်စီးတိုက်မှု၊ ခြေလျင်ခရီးသွားများကို ယာဉ်များကဝင်တိုက်မှု စသည်ဖြင့် မြို့ကြီးများ၌ နေ့စဉ်နှင့်အမျှ ယာဉ် တိုက်မှုများ ဖြစ်ပွားလျက်ရှိလေသည်။ ရန်ကုန်မြို့တွင် ယာဉ်တိုက်မှု မရှိ သည့်လဟူ၍မရှိချေ။ ၁၉၆၂ ခုနှစ်တွင် ယာဉ်တိုက်မှုပေါင်း ၁ဝ၂၈ မှု ဖြစ်ပွား၍ ဒဏ်ရာရသူပေါင်း ၁ဝ၃၂ ယောက်၊ သေဆုံးသူပေါင်း ၇၄ ယောက်ရှိလေသည်။ အမေရိကန်ပြည်ထောင်စုတွင် ၁၉၆၂ ခုနှစ်က ယာဉ် တိုက်ခံရသူပေါင်း တစ်သန်းကျော်ရှိခဲ့၍ ယာဉ်တိုက်မှုကြောင့် လူပေါင်း ၃၈ဝဝဝ ကျော် သေဆုံးခဲ့သည်ဟုဆိုသည်။ အသေအပျောက်များသည်ဟု ဆိုသောနှလုံးရောဂါ၊ ကင်ဆာရောဂါတို့ဖြင့် သေဆုံးသူဦးရေထက်ပင် ပိုမို များပြားစေသော လမ်းပေါ်မှ လူသတ်မှုကြီးဟုပင် ဆိုစရာဖြစ်ခဲ့လေသည်။

အထူးသဖြင့် လူဦးရေ ထူထပ်များပြားသော မြို့ကြီးများ၌ ထို အမှုမျိုး ပိုမိုများပြားလေရာ တိုင်းပြည်တိုင်းမှ မြို့ကြီးတိုင်း၌ လမ်းအန္တရာယ် ကာကွယ်ရေးများကို အမျိုးမျိုးဆောင်ရွက်ကြရလေသည်။ လမ်းများကို အမျိုးမျိုးပြုပြင်ပေးကြသည်။ ကျဉ်းမြောင်းသော လမ်းများကိုချဲ့ထွင်ခြင်း၊ လမ်းကောက်များကို တတ်နိုင်သမျှဖြောင့်ပေးခြင်း၊ လမ်းပေါ်ရှိ ချိုင့်ဝှမ်းများ ကိုဖို့ပေးခြင်း၊ ခရီးရှည်လမ်းများတွင် ယာဉ်မောင်းသူများ ငြီးငွေ့ထိုင်းမှိုင်း ခြင်း မဖြစ်စေရန် ရှုခင်းအမျိုးမျိုး ဖန်တီးပေးခြင်း၊ သာယာသော စခန်း ထောက်များ ပြုစုပေးခြင်း စသည်ဖြင့် ကောင်းသည်ထက်ကောင်းအောင် ငွေ ကုန်ကြေးကျခံ၍ ပြုပြင်ပေးလေသည်။ လမ်းပေါ်၌လည်း အမျိုးမျိုးသော အထိမ်းအမှတ် မှတ်တိုင်များဖြင့် မော်တော်ယာဉ်မောင်းသူနှင့် ခြေလျင်ခရီး သွားသူများအား လမ်း၏အခြေအနေကို ကြိုတင်သိစေသည်။ ဘေးအန္တရာယ် ထူပြောသောလမ်း၊ အကွေ့အကောက်ရှိသောလမ်း၊ တစ်ဖက်သွားလမ်း၊ မီး ရထားလမ်းနှင့်ဆုံသောလမ်း စသည်ဖြင့် မှတ်တိုင်များစိုက်ထူ၍ သတိပေး ထားလေသည်။ ယင်းသို့ သတိပေးချက်များကို နိုင်ငံရင်းသားများသာမက တိုင်းတစ်ပါးမှ ရောက်လာသော နိုင်ငံခြားသားများပါ လွယ်ကူစွာ နားလည် ၍ လိုက်နာနိုင်အောင် ကမ္ဘာ့စံတင် လမ်းမှတ်တိုင်နှင့် အချက်ပြနည်းများကို ၁၉၅၉ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂမှ ကျင်းပသော လမ်းနှင့် မော်တော်ယာဉ် သယ်ယူပို့ဆောင်ရေး ညီလာခံကြီးက တီထွင်ထုတ်ပြန်ထားလေသည်။ ဤ သို့ဖြင့် မော်တော်ယာဉ်မောင်းသူတို့သည် မည်သည့်နိုင်ငံသို့ ရောက်စေကာမူ အမှတ်အသား အချက်ပြတိုင်များကိုကြည့်၍ လိုက်နာပါက ဘေးကင်းစွာ မောင်းနှင်ကြလေသည်။

ရှေးအခါက လက်ပြရဲများက ယာဉ်အသွားအလာကို ထိန်းသိမ်းခဲ့ ကြသော်လည်း ယခုမူ ခေတ်မှီနည်းများအရ အလိုအလျောက် မီးရောင် ပြောင်း၍ဖြစ်သော မီးတိုင်များကိုစိုက်ထူ၍ ယာဉ်အသွားအလာ အန္တရာယ် ကင်းအောင် ထိန်းသိမ်းပေးလေသည်။

ထိုသို့ လမ်းပေါ်တွင် ယာဉ်တိုက်မှုများမရှိအောင် ဆောင်ရွက် ရာတွင် အချို့နိုင်ငံများ၌ နိုင်ငံအစိုးရကို အေအေခေါ် မော်တော်ယာဉ်အဖွဲ့ များက ကူညီယိုင်းပင်းကြသည်။ လမ်းအန္တရာယ် ကင်းရှင်းရန် နိုင်ငံတိုင်း လိုလိုတွင် ယာဉ်းထိန်းရဲများသည် ကျောင်းသွား ကျောင်းပြန်ကလေးများ၊ သက်ကြီးရွယ်အိုများ၊ လမ်းမကူးတတ်သူများကို စောင့်ရှောက်ပေးကြရလေ သည်။ လမ်းများတွင်လည်း ဖြတ်ကူးရန်နေရာများ သတ်မှတ်ထားသည်။ လမ်းကျယ်ကြီးများ၊ ကျောင်းများ၊ ဈေးများနှင့် လူစည်ကားသောနေရာများ တွင် ခြေလျင်ခရီးသွားများ အန္တရာယ်ကင်းစွာ ဖြတ်ကူးနိုင်ရန် လမ်းပေါ်၌ လူကူးမျဉ်းကျားများ ဆွဲပေးထားလေသည်။ မျဉ်းကျားပေါ်၌ လူသွားနေလျှင် ယာဉ်များကရပ်ပေးရသည်။ လမ်းဆုံများ၌ လမ်းဖြတ်ကူးသူတို့အတွက် အချက်ပြမီးများလည်း တပ်ဆင်ထားလေသည်။ အချက်ပြမီးတွင် လူပုံ သဏ္ဌာန် မီးစိမ်းပေါ်မှ လမ်းကိုဖြတ်ကူးရလေသည်။

လမ်းပေါ်၌ ထိခိုက်မှုများ မဖြစ်ပွားစေရန် ခြေလျင်ခရီးသွားသူ များက စည်းကမ်းများကို လိုက်နာရန်လိုအပ်သကဲ့သို့ မော်တော်ယာဉ် မောင်းနှင်သူများ၌လည်း တာဝန်ရှိသည်။ မော်တော်ယာဉ်မောင်းသူသည် အမြဲတမ်း မျက်စိရှင်နေရ၍ လမ်းပြရဲ၏ အချက်ပေးချက်များကို အတိအကျ လိုက်နာရလေသည်။ မော်တော်ယာဉ်မောင်းသူများအတွက် ရည်စူးထုတ်ဝေ သော စာအုပ်စာတန်းများကို အမြဲတမ်းဆောင်ထားရ၍ အတွင်း၌ပါသော စည်းကမ်းများကို လိုက်နာရလေသည်။ ယင်းသို့ လမ်းအသုံးပြုသူတိုင်း စည်းကမ်းများကို လိုက်နာကြမှသာလျှင် ယာဉ်တိုက်မှုများ လျော့ပါးနိုင်ပေ မည်။

ယာဉ်တိုက်မှု လျော့ပါးသွားစေရန် ယာဉ်မောင်းသူတို့သည် မော် တော်ယာဉ်ကို ကောင်းစွာထိန်းသိမ်းမောင်းနှင်ခြင်း၊ မော်တော်ယာဉ်စည်း ကမ်းကို နားလည်ခြင်း၊ လမ်းစည်းကမ်းကို ကောင်းစွာနားလည် သဘော ပေါက်ခြင်း၊ သည်းခံမှု စိတ်ရှည်မှုရှိခြင်း၊ အာရုံထွေပြားမှုမရှိခြင်းတို့နှင့် အဓိကအားဖြင့် ပြည့်စုံဖို့လိုသည်။

မော်တော်ယာဉ်ကို ကောင်းစွာထိန်းသိမ်းရာ၌ မော်တော်ယာဉ်တွင် ဓာတ်ဆီ၊ အချက်ပြလက်နှင့် အချက်ပြမီး၊ ရေ၊ စတီယာရင်ဗရိတ်၊ နောက် ကြည့်မှန်၊ စက်ဆီ၊ ဟွန်း၊ မီးလုံး၊ ကားနံပါတ်ပြား၊ တာယာ၊ ဝိုက်ပါခေါ် ရေသုတ်တံ၊ ယာဉ်မောင်းလိုင်စင်နှင့် ယာဉ်လိုင်စင်တို့ ကောင်းမွန်စွာရှိ မရှိ စစ်ဆေးပြီးမှ မော်တော်ယာဉ်ကို မောင်းနှင်ရန် အရှိန်ကိုထိန်းတတ်ဖို့ အရေး ကြီးသည်။ မည်သည့်အကွာအဝေးလောက်မှစ၍ အရှိန်သတ်ရန် လိုအပ် သည်ကို သိသင့်သည်။ ခြောက်သွေ့သောလမ်းတွင် တစ်နာရီမိုင် ၃ဝ နှုန်း နှင့်သွားသောယာဉ်သည် ဗရိတ်အုပ်သင့်ပြီဟု ဆုံးဖြတ်သည့်အချိန်မှစ၍ ဗရိတ်ကို ခြေနှင့်တော့လိုက်ပါက ၇၈ ပေ လိမ့်သွားပြီးမှ ရပ်နိုင်၍ စိုစွတ် သောလမ်းပေါ်တွင် ၁ဝ၈ ပေ လိမ့်သွားပြီးမှ ရပ်နိုင်သည်။ ထို့ကြောင့် ယာဉ်မောင်းသူသည် အချိန်အဆ အလွန်လိုလေသည်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို နားလည်နိုင်ရန်လည်း သက်ဆိုင်ရာ ယာဉ်ဌာနများက အခါအားလျော်စွာ ထုတ်ပြန်သော စည်း ကမ်းဥပဒေများကို လေ့လာထားဖို့လိုသည်။ လမ်းအန္တရာယ်ကင်းရှင်းရန် လမ်းအသုံးပြုသူတိုင်း လမ်းစည်းကမ်းကို အဓိကနားလည်လိုက်နာဖို့ လိုလေ သည်။ လမ်းစည်းကမ်းဟူသည်မှာ သက်ဆိုင်ရာအပြစ်ဒဏ်များနှင့်တကွ ချမှတ်ထားသော ဥပဒေရပ်ကား မဟုတ်ချေ။ ပိုင်းခြားဝေဖန်တတ်သောဉာာဏ် နှင့် လူ့ယာဉ်ကျေးမှု ဆက်ဆံရေးပေါ်တွင် အခြေတည်၍ လမ်းအသုံးပြုသူ များလုပ်သင့်သော အချက်များကို စုပေါင်းရေးဆွဲထားခြင်းဖြစ်သည်။ ထို ကြောင့် ယာဉ်အမျိုးမျိုးကို မောင်းနှင်သူများ၊ လမ်းပေါ်တွင်ခြေလျင်လျှောက် သူများ၊ လူကြီး လူငယ်၊ ကျောင်းသူ ကျောင်းသား၊ ယောက်ျား မိန်းမ များပါမကျန် အားလုံးသောသူတို့အား လမ်းပေါ်၌ ဘေးရန်မတွေ့စေရန် ကျောင်းများ၌လည်းကောင်း၊ မော်တော်ယာဉ်ဌာန၌လည်းကောင်း၊ နွေရာသီ သင်တန်းစခန်းများ၌လည်းကောင်း လမ်းစည်းကမ်းများကို သင်ကြားပေးလေ သည်။

လမ်းများပေါ်၌တွေ့ရှိရသော ညွှန်ကြားချက်မှတ်တိုင်အမျိုးမျိုး၊ ယာဉ် မောင်းနှင်သူများလိုက်နာရန် စည်းကမ်းအမျိုးမျိုး၊ ခြေလျင်ခရီးသွားများ လမ်းဖြတ်ကူးသည့်အခါ သတိထားရမည့်အချက်များ၊ လမ်းပြရဲ၏ အချက် ပေးပုံအမျိုးမျိုးကို နားလည်စေရန် ဆောင်ရွက်ပေးလေသည်။ အချို့နိုင်ငံများ ၌မူ လမ်းအန္တရာယ်ကာကွယ်ရေးကို ကျောင်းများ၌ ဘာသာတစ်ရပ်အနေဖြင့် သင်ကြားပေးလေသည်။

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် လမ်းအန္တရာယ် ပိုမိုနည်းပါးသွား စေရန် ၁၉၇ဝ ပြည့်နှစ်၊ မေလ ၂၄ ရက်နေ့မှစ၍ တစ်လမ်းမောင်းစနစ်ကို ကျင့်သုံးလိုက်ခြင်းဖြင့် မျက်နှာချင်းဆိုင်မှလာသော ယာဉ်မရှိသောကြောင့် မျက်နှာချင်းဆိုင်တိုက်ခိုက်မှု နည်းပါးလာနိုင်ခြင်း၊ ဂငယ်ကွေ့ မကွေ့ရတော့ သဖြင့် ဂငယ်ကွေ့တိုက်ခိုက်မှု လျော့ပါးနိုင်ခြင်း၊ လမ်းဆုံများတွင် ယာဉ် ဖြတ်သန်းမှုလမ်းကြောင်း နည်းပါးသည့်အတွက် လမ်းဆုံတိုက်ခိုက်မှု လျော့ ပါးနိုင်ခြင်း၊ လမ်းဖြတ်ကူးသူတို့သည် ယာဉ်များဦးတည်ရာ တစ်ဖက်တည်း ကိုသာ ကြည့်၍ကူးရသောကြောင့် ယာဉ်နှင့်လူတိုက်ခိုက်မှုတို့ လျော့နည်းနိုင် ခြင်းတို့ဖြစ်နိုင်ရာ လမ်းအန္တရာယ် လျော့လာနိုင်သည်။

ရန်ကုန် မြူနီစီပယ်အဖွဲ့ လမ်းအင်ဂျင်နီယာဌာနနှင့် ပြည်သူ့ရဲတပ်ဖွဲ့ ယာဉ်ထိန်းဌာနကလည်း လမ်အန္တရာယ်ကို တတ်နိုင်သမျှ ကာကွယ် ရန်ညွှန်ကြားချက် မှတ်တိုင်များချပေးခြင်း၊ လမ်းပေါ်အမှတ်အသားများ ရေး ဆွဲပေးခြင်း၊ မီးအချက်ပြများ စိုက်ထူပေးခြင်း၊ စိတ်ချရသော ယာဉ်မောင်းသူ များဖြစ်အောင် ယာဉ်မောင်းသူများကို အခါအားလျော်စွာ သင်တန်းများပို့ချ ခြင်း၊ လမ်းအန္တရာယ် သတိပေးချက်များကို ရိုက်နှိပ်ဝေငှခြင်းတို့ကို ပြလုပ် ပေးလေသည်။ ပြည်သူ့ရဲအဖွဲ့က လမ်းအသုံးပြုသူများအတွက် အောက်ပါ သတိပေးချက်များဝေငှ၍ လမ်းအန္တရာယ်ကို ကာကွယ်ပေးလေသည်။


မော်တော်ယာဉ် မောင်းသူများအတွက် လမ်းအန္တရာယ်သတိပေးချက် - (၁) လမ်းပြရဲ၏ အချက်ပြခြင်းကို အမြဲ လေးစားပါ။
(၂) ယာဉ်၏ ဘရိတ်၊ တက်မနှင့် မီးလုံးများကောင်းပါစေ။
(၃) ခွင့်ပြုသောမိုင်နှုန်းထက် ပို၍မမောင်းပါနှင့်။
(၄) မူးလျှင်မမောင်းနှင့်၊ မောင်းလျှင်မမူးနှင့်။
(၅) ကျောင်းများအနီး ပို၍သတိနှင့်မောင်းပါ။
(၆) အခြားယာဉ်နောက်မှ ကပ်မလိုက်ပါနှင့်။
(၇) ရှေ့ကိုကြိုကြည့်တတ်သည့်အလေ့ လေ့ကျင့်ပါ။
(၈) ရှေ့မှသွားနေသောယာဉ်က ကျော်တက်နိုင်ခွင့်အချက်မပြမီ ကျော်မတက် ပါနှင့်။
(၉) အကွေ့လမ်းထောင့်လမ်းဆုံတွင် ဖြတ်ကျော်မတက်ပါနှင့်။
(၁ဝ) အခြားယာဉ်မောင်းသူက မထင်မဲ့မြင်ပြုသည်ကို တုံ့ပြန်မပြုပါနှင့်။
(၁၁) အပြိုင်မောင်းလိုသော စိတ်ကိုဖယ်ရှားပါ။
(၁၂) ရပ်လိုလျှင်၊ နှေးလိုလျှင်၊ ကွေ့လိုလျှင် အချက်ပြပါ။
(၁၃) ညဉ့်အခါ ရှေ့မှယာဉ်လာနေလျှင် သို့မဟုတ် မိမိရှေ့၌ ယာဉ်ရှိလျှင် မီးမှိန်ကို အသုံးပြုပါ။
(၁၄) ယာဉ်မောင်းနေလျှင် အခြားအာရုံများကို လုံးဝဖယ်ရှားပါ။
(၁၅) လက်ပြရဲနှင့် အချက်ပြမီးမရှိလျှင် လက်ပြတိုင်ကို ပတ်၍ကွေ့ပါ။
(၁၆) လမ်းဘေးမှ လမ်းမကြီးသို့မထွက်မီ ယာဉ်ကိုရပ်၍ ဝဲယာကြည့်ပြီးမှ ထွက်ပါ။
(၁၇) လမ်းမှတ်တိုင်မှ သတိပေးချက်၊ ညွှန်ကြားချက်များကို လေးစားပါ။
(၁၈) လက်ဝဲဘက် ကွေ့လိုသည့်အခါနှင့် ရှေ့မှယာဉ်ကို ကျော်တက်သည့် အခါမှလွဲ၍ ယာဉ်များကို ယာဘက်မှကပ်၍မောင်းပါ။
(၁၉) တစ်လမ်းမောင်းစနစ် ကျင့်သုံးရန်သတ်မှတ်ထားသော နယ်နိမိတ် အတွင်းသို့မဝင်မီ မိမိသွားရမည့် ခရီးလမ်းကို ကြိုတင်စီစဉ်ထားပါ။
(၂ဝ) ယာဉ်ကြောတစ်ခုမှ တစ်ခုပြောင်းရန် လိုအပ်လျှင် ကြိုတင်အချက်ပြပြီးမှ ပြောင်းပါ။
(၂၁) ယာဉ်ကြောကူးပြောင်းရန် သတ်မှတ်ထားသော မျဉ်းပြတ်နေရာမှ ယာဉ်ကြောကူးပါ။
(၂၂) လူစည်ကားသော နေရာများ၌ ယာဉ်ကိုနောက်ဆုတ် မမောင်းပါနှင့်။


မော်တော်ဆိုင်ကယ်နှင့် စက်ဘီးစီးသူများအတွက် လမ်းအန္တရာယ် သတိပေးချက် - (၁) စက်ဘီးသည် ယာဉ်တစ်စီးဖြစ်သည်ကို သတိပြုပါ။
(၂) ရပ်လို၊ ကွေ့လို၊ ကျော်တက်လိုလျှင် အချက်ပြပါ၊
(၃) အခြားယာဉ်များနည်းတူ ညွှန်ကြားသည်ကို လိုက်နာပါ။
(၄) လူပိုနှစ်ယောက် မတင်ပါနှင့်။
(၅) ကြီးလေးသောပစ္စည်းများ မတင်ပါနှင့်။
(၆) အခြားယာဉ်များကို တွယ်၍မလိုက်ပါနှင့်။
(၇) ရှေ့မှသွားနေသောယာဉ်နှင့် ကပ်မလိုက်ပါနှင့်။
(၈) လမ်း၏ လက်ယာဘက်ကပ်၍စီးပါ။
(၉) ညဉ့်အခါ မီးထွန်း၍စီးပါ။
(၁ဝ) အရှိန်ပြင်းစွာ မစီးပါနှင့်။

[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)