လောရင့် ဂျိုးဇက် လယ်ရီ အယ်လစ်ဆင်ကို ၁၉၄၄ ဩဂတ် ၁၇ နေ့တွင်မွေးဖွားခဲ့သည်။ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်သော အယ်လစ်ဆင်သည် ဆော့(ဖ်)ဝဲ အဓိကထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းစုတခုဖြစ်သော Oracle Corporation ကို အခြားလုပ်ငန်းရှင်များနှင့် ပူးပေါင်းတည်ထောင်ခဲ့ပြီး၊ Chief Executive Officer အဖြစ်တာဝန်ယူလုပ်ကိုင်နေသူဖြစ်သည်။ ဒေါ်လာ ၂၇ ဘီလီယံပိုင် ဆိုင်ပြီး ၂၀၁၀ တွင် ကမ္ဘာ႔အဆင့် ၆ ရှိ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည်။

လယ်ရီ အယ်လစ်ဆင်
လယ်ရီ အယ်လစ်ဆင်
မွေးသက္ကရာဇ် ၁၇၊ ၈၊ ၁၉၄၄

လူမျိုး အမေရိကန်
ပညာရေး ချီကာဂိုတက္ကသိုလ် (ကျောင်းထွက်ခဲ့)
အာဘန်နာ ရှိ အီလီနွိုက်တက္ကသိုလ် (ကျောင်းထွက်ခဲ့)
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၂၇ ဘီလျံ
မွေးရပ်ဇာတိ မယ်ဟင်တန်နယူးယောက် အမေရိကန်
ကြင်ဖော် Adda Quinn ၁၉၆၇-၁၉၇၄
Nancy Wheeler Jenkins ၁၉၇၇-၁၉၇၈
Barbara Boothe ၁၉၈၃-၁၉၈၆
Melanie Craft ၂၀၀၃
သားသမီး ၅ဦး
ဝက်ဘ်ဆိုက် Ellison at Oracle.com

ငယ်ဘဝ ပြင်ဆင်ရန်

လယ်ရီအယ်လစ်ဆင်၏ မိခင်မှာ Florence Spellman ဖြစ်သည်။ လယ်ရီအယ်လစ်ဆင်ဖခင်မှာ အီတလီနှင့် အမေရိကန်သွေးစပ်ပြီး အမေရိကန်လေတပ်မှ လေယာဉ်မှူးတဦးဖြစ်သည်။ Florence Spellman မှာ အသက် ၁၉ နှစ် အရွယ်တွင် အယ်လစ်ဆင်ကို နယူးယောက်မြို့တွင် မွေး ဖွားခဲ့ပြီး အယ်လစ်ဆင်ဖခင် သည် Florence Spellman တွင် သူ၏ ကိုယ်ဝန်ရှိမှန်းမသိခဲ့ပဲ တရားဝင် လက်ထပ်ထိမ်းမြားခြင်း လဲ မလုပ်ခဲ့ပေ။ လယ်ရီအဲလစ်ဆင် အသက် ၉ လသားအရွယ်တွင် အဆုတ်အမြှေးရောင်ရောဂါခံစားခဲ့ရနောက် သူ၏အမေသည် သူမအနေဖြင့် အယ်လစ်ဆင်အားကြပ်ကြပ်မတ်မတ် ကြည့်ရူစောင့်ရှောက်ရန် မဖြစ်နိုင်ဟုဆုံးဖြတ်ပြီး သူမ၏အဒေါ်နှင့် ဦးလေး ထံသို့မွေးစားရန် ပေးပို့ခဲ့သည်

၉လသားအရွယ် လယ်ရီအစ်လစ်ဆင်ကို Lillian Spellman Ellison နှင့် Louis Ellison တို့ကမွေးစားခဲ့ပြီး အယ်လစ်ဆင်၏ အသက် ၄၈ နှစ်အရွယ်အထိ မိခင်အရင်းကိုပြန်မတွေ့ခဲ့ရပေ။ ဇန်နဝါရီ ၁၉၅၈ တွင် Chicago မြောက်ပိုင်းရှိ Eugene Field Elementary School မှ ဘွဲ့ရရှိခဲ့ပြီး Chicago တောင်ပိုင်းကမ်းခြေ သို့မပြောင်းရွှေ့မှီအချိန်အထိ (၁၉၅၉ နှစ်ကုန်ပိုင်းတွင်) Sullivan High School တွင်နှစ်ဝက်ခန့်တက်ရောက်ခဲ့သည်။ လယ်ရီအယ်လစ်ဆင် သည် ချီကာဂို တောင်ပိုင်းကမ်းခြေရှိ အလယ်အလတ်တန်းစား ဂျူးလူမျိုးများနေထိုင်ရာအရပ် ရှိ အိပ်ခန်း ၂ ခန်းပါအိမ်တွင် ကြီးပြင်းခဲ့သည်။ Crimea မှ တဆင့် အမေရိကန်နိုင်ငံသို ့စတင်ရောက်ရှိ ခဲ့ရာ နေရာဖြစ်သည့် Ellis Island ကို အစွဲပြုပြီး Ellison ဟုမှည့် ခေါ်ထားသော ရှရှားမှ ဂျူးလူမျိုး အယ်လစ်ဆင်၏ မွေးစားဖခင်မှာ စည်းကမ်းကြီးလွန်းပြီး သူ့ကိုမည်သည့် အကူအညီ မှ မပေးခဲ့ပေ။ သူ၏ မွေးစားမိခင်နှင့် ရင်းနှီးခဲ့ပြီး မွေးစားမိခင်၏ မေတ္ကာနှင့် နွေးထွေးမှုများကို သတိရနေမိသလောက် သူ့မွေးစားဖခင်ကိုမှု အမှတ်တရမရှိခဲ့ပေ။

သူ၏မွေးစားဖခင်မှာ ရိုးရိုးကုပ်ကုပ် အစိုးရဝန်ထမ်းတဦးဖြစ်ပြီး ချီကာဂိုမြို့တွင် အိမ်ရာအရောင်းအဝယ် လုပ်ငန်းကို လုပ်ကိုင်ရာမှ စီးပွားပျက်ပြီး စိတ်ကျရောဂါ ဝေဒနာကို အကြီးအကျယ်ခံစားခဲ့ရသည်။ အယ်လစ်ဆင်သည် ဉာဏ်ရည်ထက်မြက်သော်လည်း စာသင်ကြားရာတွင်စိတ်မပါပေ။ ။ Urbana Champaign ရှိ အီလီနွိုက် တက္ကသိုလ်တွင် ဒုတိယ နှစ်တက်နေစဉ်သူမွေးစားမိခင်သေဆုံးခဲ့သည်။ ထို့ကြောင့် နောက်ဆုံးစာမေး ပွဲကိုပင် မဖြေတော့ပဲ ဒုတိယနှစ်အပြီးတွင် ကျောင်းထွက်ခဲ့သည်။ သူငယ်ချင်းဖြစ်သူ Chuck Weiss နေထိုင်ရာ California မြောက်ပိုင်းတွင် နွေရာသီအချိန်ဖြုန်းပြီးနောက် ချီကာဂိုတက္ကသိုလ်တွင် Computer Designing ပညာကိုတနှစ်သင်ယူခဲ့သည်။ ၁၉၆၄ တွင် သူ ့အသက် ၂၀ အရွယ်တွင် California မြောက်ပိုင်းသို့ အပြီးအပိုင်ပြောင်းရွှေ့ခဲ့သည်။

အလုပ်အကိုင် ပြင်ဆင်ရန်

၁၉၇၀ တွင် Ampex Corporation တွင်အလုပ်လုပ်ခဲ့သည်။ သူလုပ်ရသောအလုပ်မှာ CIA အတွက် အသင့်သုံးနိုင်ရန် အချက်အလက်များထည့်ပေးရသောအလုပ်ဖြစ်ပြီး Oracle ဟုအမည်ပေးခဲ့သည်။ Ellison သည် Edgar F. Codd ရေးသော “A Relational Model of Data for Large Shared Data Banks” ဆိုသည့်စာအုပ်ဖတ်ပြီးနောက် datebase နှင့်သက်ဆိုင်သောကိုယ်ပိုင်လုပ်ငန်းပြုလုပ်ရန် စိတ်အားထက်သန်လာခဲ့သည်။ ၁၉၇၇ တွင် Software Development Laboratories လက်အောက်တွင် Oracle ကိုစတင်တည်ထောင်ခဲ့သည်။ ၁၉၇၉ တွင် ကုမ္ပဏီနာမည်ကို Relational Software Inc., ဟုပြောင်းလဲခေါ်ဝေါ်ခဲ့ပြီး နာမည်ကျော် Oracle Datebase ကိုထုတ်လုပ် ပြီးသည့်နောက်တွင် Oracle ဟုပြန်လည်ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။

အယ်လစ်ဆင်သည် Codd’s Theories ကိုအခြေခံထားသော IBM System R Datebase နဲ့တွဲဖက်အသုံးပြုနိုင်မည့် Oracle system မျိုးကို ထုတ်လုပ်ချင်ခဲ့သည်။ သို ့သော် IBM R’s Code System နှင့် တွဲဖက်သုံးရန်မဖြစ်နိုင်ခဲ့ပေ။ Oracle မှစတင်ထုတ်လုပ်ခဲ့သော product မှာ Oracle 2 ဖြစ်ပြီး Oracle 1 ကိုမထုတ်လုပ်ခဲ့ပေ။ ပထမဆုံးထုတ် လုပ်ခဲ့သော Oracle – 2 မှာ အစောပိုင်းထုတ်လုပ်ခဲ့သောစက်ပုံစံများနှင့် အဆင်ပြေစေရန်ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ ၁၉၉၀ တွင် Oracle မှ ဝင်ငွေနှင့်အခွန် ကွာဟချက်ကြောင့် ဝန်ထမ်းအင်အားကို ၁၀% ခန့်(ဝန်ထမ်း ၄၀၀ခန့်) လျှော့ချခဲ့သည်။ Oracle ဒေဝါလီခံရတော့နီးပါး အကျပ်အတည်း ဖြစ်ခဲ့ရခြင်းမှာ Oracle ၏ ကြိုတင်ငွေသွင်းရသော ဈေးကွက်နည်းဗျူဟာကြောင့်ဖြစ်သည်။ အရောင်းစာရေးများသည် ဝယ်ယူနိုင်မည်ဟုထင်သော ဝယ်သူများကို တကြိမ် တည်းဖြင့် ဆော့ဝဲအများဆုံးဝယ်ယူရန် တိုက်တွန်းခဲ့သောကြောင့် ဖြစ်သည်။

အရောင်းစာရေးများသည် ကုန်ပစ္စည်းများကို လက်ရှိ ၃ လပတ်ကာလအတွင်း၌ပင် ကြိုတင်မှာယူနိုင်ခဲ့ကြသဖြင့် သူတို့ရရှိမည့် ဆုကြေးငွေများလဲ တိုးလာခဲ့သည်။ သို့သော် ကြိုတင်မှာယူထားသည့်အတိုင်း မထုတ်လုပ်နိုင်ခဲ့သောအခါ ထိုအချက်သည်အဓိက ပြသာနာဖြစ်လာခဲ့သည်။ နောက်ဆုံး မှာတော့ Oracle ကသူရဲ့ဝင်ငွေကို ၂ ကြိမ်တိုင်တိုင်ပြင်ခဲ့ရပြီး ဝင်ငွေကိုပုံကြီးချဲ့ခဲ့သည့်အမှုကိုလည်း တရားရုံးအထိ လိုက်လံဖြေရှင်းခဲ့ရသည်။ အယ်လစ်ဆင် က “Oracle သည် အလွန့်အလွန် မှားယွင်းသော လုပ်ငန်း တခုလုပ်ခဲ့မိသည်” ဟုနောင်တွင် ပြော ကြားခဲ့သည်။

IBM က DB2 နှင့် SQL / DS အစရှိသည်တို့ကိုထုတ်လုပ်ပြီး စွမ်းအားကြီး ကွန်ပျူတာနှင့် ဆက်စပ် database ဈေးကွက်ကို ချုပ်ကိုင်ထားသောကြောင့် ဆက်စပ် database စနစ်များဖြစ်သော UNIX နှင့် Window Operating Systems တို့သည် ဈေးကွက်ထဲသို့ဝင်ရောက်ရာတွင်နှောင့်နှေးခဲ့သည်။ ထိုသို့ နှောင့်နှေးခဲ့ခြင်းသည် Sybase, Oracle နှင့် Informix ( နောက်တွင် Microsoft ဖြစ်လာသည် ) တို့အား အိမ်သုံး၊ ရုံးသုံး ကွန်ပျူတာ လောကနှင့် အလယ်အလတ် ကွန်ပျူတာ စနစ်အား လွှမ်းမိုးနိုင်ရန် အထောက်အကူ ပြုခဲ့သည်။ Sybase ထွက်ပြီးနောက်တွင် Oracle သည် နောက်တွင် ကျန်ရစ်ခဲ့သည်။ ၁၉၉၀ - ၁၉၉၃ တွင် Sybase သည် အလွန်လျင်မြန်စွာပင် ကြီးထွားတိုးတက်လာခဲ့ပြီး database လုပ်ငန်း၏ အလွန်ကောင်းမွန်သော ရောင်းကုန်တခုဖြစ်ခဲ့သည်။ သို့သော် မကြာခင်မှာပင် အတူပူးတွဲဆောင်ရွက်သူ၏ လှည့်စားသစ္စာဖောက်ခြင်းကို ခံခဲ့ရသည်။

Sybase သည် ၁၉၉၃ တွင် Powersoft နှင့် ပူးပေါင်းခဲ့သည့် အတွက် Sybase ၏ Datebase နည်းပညာအပေါ်အာရုံစိုက်မှု လျော့နည်းခဲ့ရသည်။ ထိုကြောင့် ထိုနှစ်မှာပင် Window Operating System ၏ အောက်၌ လည်ပတ်နေသော Sybase ၏ ကိုယ်ပိုင် Database Software ရှိ လုပ်ပိုင်ခွင့်အားလုံးကို Microsoft Corporation အားရောင်းချခဲ့ရသည်။ ယခု အခါ SQL Server အမည်ဖြင့် Microsoft Corporation ကဈေးကွက်ထဲတွင် ဖြန့်ဖြူးလျက်ရှိသည်။ ၁၉၉၄ တွင် Informix Software ပေါ်ထွက်လာပြီး Sybase ကိုပင် ကျော်လွန်အောင် ကောင်းမွန်သဖြင့် Oracle ၏ အရေးအကြီးဆုံးနှင့် အဓိက ပြိုင်ဘက် ဖြစ်လာခဲ့သည်။ Informix ၏ CEO ဖြစ်သူ Phil White နှင့် Ellison တို့ ၏ ပြင်းထန် သော ပြိုင်ဆိုင်မှုသည် ၃ နှစ်ခန့်ကြာအောင် Silicon Valley သတင်းစာ ၏ အဓိကသတင်းတပုဒ်ဖြစ်ခဲ့သည်။

၁၉၉၇ ဧပြီ ၌ Informix က အဓိကအခွန်လိုငွေပြမှု ရှိနေကြာင်းနှင့် ဝန်ထမ်းများ၏ ဝင်ငွေကို ပြန်လည် သတ်မှတ်ပြဋ္ဌာန်းကြောင်းကြေညာခဲ့သည်။ ထို့နောက်တွင် Informix မှ CEO Phil White သည် ထောင်ဒဏ်ကျခံခဲ့ရပြီး ၂၀၀၀ခုနှစ်တွင် Informix ကို IBM က လွှဲပြောင်းရယူခဲ့သည်။ ၁၉၉၇ တွင် Apple Computer Company သို့ Steve Jobs ပြန်လာပြီးနောက်တွင် အယ်လစ်ဆင်သည် ထိုကုမ္ပဏီ ၏ ဒါရိုက်တာအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ပုံမှန်သမားရိုးကျ ပြုလုပ်သော ကုမ္ပဏီအုပ်ချုပ်ရေးအဖွဲ့ ၏ အစည်းအဝေးများကို တက်ရန် အချိန်မရှိဟူသော အကြောင်းပြ ချက်ဖြင့် ၂၀၀၂ ခုနှစ်တွင် Apple Computer Company မှ နုတ်ထွက်ခဲ့သည်။ Informix နှင့် Sybase တို့အရေးနှိမ့်ခဲ့ပြီး ၁၉၉၀ နောက်ပိုင်းနှစ်များတွင် Microsoft SQL Server မပေါ်ထွက်ခင်အချိန် နှင့် ၂၀၀၁ ခုနှစ် IBM မှ DB 2 database ကို Informix Software တွင်ဖြည့်စွက်ခဲ့ပြီး IBM ၏ နည်းပညာတက်ကျွမ်းမှု မြင့်တက်မလာခင်အချိန်အထိ database လုပ်ငန်းကို Oracle မှ လွှမ်းမိုးထားနိုင်ခဲ့သည်။

ယနေ့ Oracle ၏ database ထုတ်ကုန်များဖြစ်သော UNIX, Linux နှင့် Windows Operating Systems တို့ ၏အဓိက ပြိုင်ဘက်များမှာ IBM ၏ DB 2 နှင့် Microsoft SQL Server တို့ဖြစ်သည်။ IBM ၏ DB 2 မှာလက်ရှိ database ဈေးကွက် ကို ကြီးစိုးထားသည်။ ၂၀၀၉ ဧပြီ တွင် Oracle က IBM နှင့် Hewlett-Packard တို့ ၏ ယှဉ်ပြိုင်မှု အပြီးတွင် Sun Microsystems ကို ဝယ်ယူ မည်ဟု ကြေညာခဲ့သည်။ Sun Microsystems ကို Oracle မှ ရယူပိုင်ဆိုင်ခဲ့ခြင်းသည် နိုင်ငံပိုင်အဖိုးတန်သည့် ဆန်းသစ်တီထွင်ထားသော ထုတ်ကုန်တခု ဖြစ်လာနိုင်ရန် အလားအလားရှိသည် ဟုသတ်မှတ်ပြီး ၂၀၁၀ ဇန်နဝါရီ ၂၁ နေ့တွင် ဥရောပသမ္မဂမှ လက်ခံ သဘောတူခဲ့သည်။ ၂၀၁၀ ဩဂုတ် ၉ နေ့တွင် အယ်လစ်ဆင်က CEO Mark Hurd ကို အလုပ်မှ ထုတ်ပယ်ခဲ့သည့်အတွက် Hewelett – Packard အုပ်ချုပ်ရေးအဖွဲ့အား ပြစ်တင်ရူတ်ချခဲ့သည်။

“ Apple ရဲ့အုပ်ချုပ်ရေးအဖွဲ့မှာရှိတဲ့ အရူးတွေက ဟိုးအရင် နှစ်ပေါင်းများစွာက Steve Jobs ကို အလုပ်က ထုတ်ပယ်ခဲ့တယ်။ အခု တခါ ပုဂ္ဂိုလ်ရေးအရ ဆုံးဖြတ်ချက်အမှားတခုကို ထပ်လုပ်ကြပြန်ပြီ” ဟူ၍ရေးသားရူတ်ချခဲ့သည်။

Ellison သည် Hurd နှင့် မကြာခဏ တင်းနစ် ကစားလေ့ရှိပြီး Ellison ၏ ရင်းနှီးသောသူငယ်ချင်းလဲ ဖြစ်သည်။ ၂၀၁၀ စက်တင်ဘာ ၆ တွင် Mark Hurd ကို Oracle ၏ တွဲဖက်ဥက္ကဋ္ဌအဖြစ် Chief Excuetive Officer Safra A. Catz. Ellison နှင့်အတူ ခန့်အပ်ခဲ့သည်။ အယ်လစ်ဆင်သည် Salesforce.com, NetSuite, Quark Biotechnology Inc နှင့် SuperGen တို့တွင် ကိုယ်ပိုင်ရင်းနှီး မြုပ်နှံငွေများ ထည့်ဝင်ခဲ့သည်။

နစ်နာကြေး ပြင်ဆင်ရန်

၂၀၀၅ တွင် Oracle မှ အယ်လစ်ဆင်ကို လစာဒေါ်လာ ၉၇၅၀၀၀၊ အပိုဆုကြေး ဒေါ်လာ ၆၅၀၀၀၀၀၊ အခြား နစ်နာကြေး အနေဖြင့် ဒေါ်လာ ၉၅၅၁၀၀ ပေးခဲ့သည်။ ၂၀၀၇ တွင် အခြေခံလစာဒေါ်လာ ၁၀၀၀၀၀၀၊ အပိုဆုကြေးငွေသား ဒေါ်လာ ၈၃၆၉၀၀၀၊ တရားဝင်အကျိုးခံစားခွင့် အနေဖြင့် ဒေါ်လာ ၅၀၀၈၇၁၀၀ စုစုပေါင်းနစ်နာကြေး ဒေါ်လာ ၆၁၁၈၀၅၂၄ ရခဲ့သည်။ ၂၀၀၈ တွင် သူ၏ နစ်နာကြေးစုစုပေါင်းဒေါ်လာ ၈၄၅၉၈၇၀၀ ရရှိခဲ့ပြီး အခြေခံလစာ ၁၀၀၀၀၀၀၊ အပိုဆုကြေးငွေသား ဒေါ်လာ ၁၀၇၇၉၀၀၀၊ တရားဝင်အကျိုးခံစားခွင့် ဒေါ်လာ ရ၁၃၇၂၇၀၀ ပါဝင်သည်။ ရှယ်ယာ ခံစားခွင့်မပါဝင်ပေ။ ၂၀၀၉ မေလ ၃၁ နေ့စာရင်းပိတ်ချိန်တွင် ထိုနှစ်အတွက်သူ၏ နစ်နာကြေးစုစုပေါင်းမှာ ဒေါ်လာ ၅၆.၈ သန်းရရှိခဲ့သည်။ အချိန်တိုအတွင်းမှာပင် အယ်လစ်ဆင် သည် ၂၀၀၀ ခုနှစ်၏ အချမ်းသာဆုံးပုဂ္ဂိုလ်တယောက် ဖြစ်လာခဲ့သည်။

Forbes Magazine က အယ်လစ်ဆင်သည် ၂၀၀၆ တွင် အချမ်းသာဆုံးကယ်လီဖိုးနီးယားပြည်နယ်သား ဟုသတ်မှတ်ခဲ့သည်။ လေးနှစ်ဆက်တိုက်ပါဝင်ခဲ့သည့်အတွက် ၂၀၀၉ ဇူလိုင် ၂ ရက်နေ့တွင် Oracle အုပ်ချုပ်ရေးအဖွဲ့မှ အယ်လစ်ဆင်အား ရှယ်ယာခံစားခွင့် ဒေါ်လာ ရ သန်းထပ်မံ ချီးမြှင့်ခဲ့သည်။၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် အယ်လစ်ဆင်၏ အခြေခံလစာ ဒေါ်လာ ၁၀၀၀၀၀၀ ကို ၁ ဒေါ်လာထိ လျှော့ ချလိုက်ပြီ ဖြစ်ကြောင်း ၂၀၀၉ ဩဂုတ် ၂၂ တွင် ကြေညာခဲ့သည်။ ၂၀၁၀ မတ် ၁၀ နေ့တွင် Forbes Magazine မှ အယ်လစ်ဆင်သည် ကမ႓ာ အဆင့် ၆ အချမ်းသာဆုံး ဘီလီယံနာ တယောက်ဖြစ်သည်ဟု သတ်မှတ်ခဲ့သည်။ သူသည် အသားတင်အမေရိကန်ဒေါ်လာ ၂၈ ဘီလီယံခန့် ကြွယ်ဝပြီး အမေရိကန်နိုင်ငံတွင် တတိယမြောက်အချမ်းသာဆုံးဖြစ်သည်။ ၂၀၁၀ ဇူလိုင် ၂၇ နေ့တွင် The Wall Street ဂျာနယ်မှ နစ်နာကြေးစုစုပေါင်း အမေရိကန်ဒေါ်လာ ၁.၈၄ ဘီလီယံ ရရှိသောအယ်လစ်ဆင်သည် ယခုဆယ်စုနှစ်တွင် လစာအများဆုံးရရှိသော အလုပ်အမှုဆောင်တယောက်ဖြစ်သည်ဟု ကြေညာခဲ့သည်။

ပုဂ္ဂလိကဘဝ ပြင်ဆင်ရန်

Adda Quinn နှင့် ၁၉၆၇ တွင်လက်ထပ်ခဲ့ပြီး ၁၉၇၄ တွင်ကွာရှင်းခဲ့သည်။ ၁၉၇၇ တွင် Nancy Wheeler Jenkins နဲ့လက်ထပ်ခဲ့ပြီး ၁၉၇၈ တွင် ကွာရှင်းခဲ့သည်။ ၁၉၈၃ တွင် Barbara Boothe နှင့်လက်ထပ်ခဲ့ပြီး သား David နှင့် သမီး Megan တို့ရရှိခဲ့သည်။ ၁၉၈၆ တွင် Barbara Boothe နှင့် ကွာရှင်းခဲ့သည်။ ၂၀၀၃ ဒီဇင်ဘာ ၁၈ တွင် အချစ်စာရေးဆရာမ Melanie Craft နှင့် သူ၏ Woodside ခြံတွင် လက်ထပ်ခဲ့သည်။ သူငယ်ချင်းဖြစ်သူ Steve Jobs ( CEO of Apple, Inc ) က သူ၏မင်္ဂလာဆောင်တွင် တရားဝင်ဓာတ်ပုံဆရာအဖြစ် ကူညီပေးခဲ့ပြီး ကိုယ်စားလှယ် Tom Lantos ကကြီးမှူးကျင်းပပေးခဲ့သည်။

ရွက်လှေစီးခြင်း ပြင်ဆင်ရန်

အယ်လစ်ဆင်သည် မကြာသေးမှီကပင် Rising Sun အမည်ရှိ ကမ္ဘာ့နံပါတ် ၆ အကြီးဆုံးရွှက်လှေ ရှိသူ၏ ပိုင်ဆိုင်မှုကို အဆုံးသတ်ခဲ့သည်။ ထိုရွက်လှေရှိ ကျန်ရှိသော သူ၏ ရှယ်ယာများကို ဂီတနှင့်အနုပညာဆိုင်ရာ နာမည်ကြီးပုဂ္ဂိုလ် David Gaffen သို့ရောင်းချခဲ့သည်။ Rising Sun ရွှက်လှေသည် ၄၅၃ ပေ (၁၃၈ မီတာ) (၂၄)ရှည်ပြီး အမေရိကန်ဒေါ်လာ သန်း ၂၀၀ အကုန်အကျခံကာဆောက်လုပ်ထားခြင်းဖြစ်သည်။ အယ်လစ်ဆင်သည် 2010 အမေရိကန်ဖလား ရွှက်လှေ ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သော BMW Oracle Racing Team(၂၅) ကို ငွေကြေးအမြောက်အမြားထောက်ပံခဲ့သူလဲဖြစ်သည်။

၂၀၀၇ အမေရိကန် ဖလား ရွက်လှေပြိုင်ပွဲ ပြင်ဆင်ရန်

အယ်လစ်ဆင်၏ BMW Oracle Racing Team သည် စပိန်နိုင်ငံ၊ ဗလင်စီယာတွင် ကျင်းပခဲ့သော ၂၀၀၇ အမေရိကန် ဖလား တွင် San Francisco ရှိ Golden Gate Yacht Club ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး 2007 Louis Vuitton Cup တွင် semi-finals အဆင့်ရောက်မှ ပြိုင်ပွဲမှ ထွက်ခဲ့ရ သည်။

၂၀၁၀ အမေရိကန် ဖလား ရွက်လှေပြိုင်ပွဲ ပြင်ဆင်ရန်

၃၃ ကြိမ်မြောက် အမေရိကန်ဖလားပြိုင်ပွဲတွင် အယ်လစ်ဆင်၏ USA 17 ရွှက်လှေသည် ပထမပွဲစဉ်ကိုအနိုင်ရရှိပြီး ၂ ရက်အကြာ ၂၀၁၀ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ဒုတိယပွဲစဉ်တွင်ထပ်မံအနိုင်ရခဲ့သည်။ အယ်လစ်ဆင်နှင့်သူ၏ BMW Oracle Team သည် “Deed of Gift” ပွဲစဉ်တွင် ပထမဆုံးအနိုင်ရရှိသူ အဖြစ်သမိုင်းဝင်ခဲ့ သည်။ အနိုင်ရခဲ့သည့် ဖလားအား ၁၉၉၅ ခုနှစ်နောက်ပိုင်းတွင် အမေရိကန်နိုင်ငံသို့ပထမဆုံးအကြိမ်အဖြစ် ပြန်လည် ယူဆောင် နိုင်ခဲ့သည်။ အယ်လစ်ဆင်သည် ဒုတိယပွဲစဉ်တွင် ရွှက်လှေအဖွဲ့သားတယောက်အဖြစ်ပါဝင်ခဲ့သည်။

၂၀၀၇ ခုနှစ်တွင် အနိုင်ရ Bertarelli's team Alinghi အသင်းမှ 33 ကြိမ်မြောက် အမေရိကန် ဖလား ပြိုင်ပွဲ ကို ဦးဆောင်ကျင်းပပေးရန် တောင်းဆိုခံခဲ့ရခြင်းနှင့် ဆန့်ကျင်စွာ အစောပိုင်း၌ အလ်လစ်ဆင်သည် Golden Gate Yacht Club တည်ထောင်စဉ် တလျှောင်တွင် ဥပဒေ ဘောင်အတွင်းမှ စိန်ခေါ်မှု အမျိုးမျိုးကို တွေ့ကြုံခဲ့ရသည်။ Bertarelli's team Alinghi အသင်းကို ပိုင်ဆိုင်သူ Ernesto Bertarelli သည် ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင်တစ်ဦး လည်းဖြစ်သည်။ နောက်ဆုံးတွင် ပြိုင်ပွဲကို ၂၀၁၀ ဖေဖော်ဝါရီ တွင် ဗလင်စီယာ၊ စပိန် တွင်ကျင်းပခဲ့သည်။

အယ်လစ်ဆင်၏ ကိုယ်ပိုင်လေယာဉ် ပြင်ဆင်ရန်

အယ်လစ်ဆင်သည် လိုင်စင်ရလေယာဉ်မှူးတဦးဖြစ်ပြီး တိုက်လေယာဉ်ကဲ့သို့တမူထူးခြားသောလေယာဉ်ပေါင်းများစွာကို ပိုင်ဆိုင်သည်။ (စစ်ဘက်ဆိုင်ရာ အထောက်အထားလိုသည်) အယ်လစ်ဆင်သည် San Jose, California တရားရုံးမှဆင့်ခေါ်ပြီး အကြမ်းဖက်မှုမှ ကာကွယ်ရန် ညဘက်လေယာဉ်ပျံတက်ခြင်းနှင့် ပေါင် ရ၅၀၀၀ ထက်ပို၍သယ်ဆောင်ပြီး San Jose Mineta နိုင်ငံတကာလေဆိပ်သို့ဆင်းသက်ခြင်း တို့ကိုတားမြစ်ခြင်းခံရသည်။ ၂၀၀၀ ဇန်နဝါရီတွင် အယ်လစ်ဆင်က ”သူ၏ လေယာဉ်သည် ထုတ်လုပ်သူကပေါင် ရ၅၀၀၀ နှင့်ပေါင် ၉၀၀၀၀ တွင် ပျံသန်းနိုင်သည်၊ ထိုထက်ပိုသော အလေးချိန်နှင့် ခရီးရှည်များအတွက် လောင်စာဆီ ပိုလိုအပ်သည်ဟု တရားဝင်ဖော်ပြထားသည်” ဟူသောအချက်ကို အခိုင်အမာပြောကြားပြီး လေဆိပ်မှချမှတ်ထားသော စည်းကမ်းချက် ဥပဒေများအပေါ် တရားစွဲခဲ့သည်။

“San Jose လေယာဉ်ကွင်းတွင် ပေါင် ရ၅၀၀၀နှင့် အောက်အလေးချိန်ရှိသောလေယာဉ်များသာဆင်းသက်ခွင့်ရှိပြီး မှတ်တမ်းရေးသွင်းရမည် “ဟု အမေရိကန်ပြည်နယ်တရားသူကြီး Jeremy Fogel က ၂၀၀၁ ဇွန်လတွင် ထည့်သွင်း ပြဠာန်းခဲ့သည်။ အယ်လစ်ဆင်က သူ့ လေယာဉ်အားချွင်းချက်ပေးရန် တောင်းဆိုခဲ့သော်လည်း ခွင့်မပြုခဲ့ ပေ။

အယ်လစ်ဆင်၏ ကားများ ပြင်ဆင်ရန်

အယ်လစ်ဆင် ၌ Audi R8 နှင့် McLaren F1 တို့ကဲ့သို့ နှစ်သက်ဖွယ်ကောင်းသောကားမျိုးစုံရှိသည့်အနက် သူ့အ ကြိုက်ဆုံးမှာ ထုတ်လုပ်မှု အတွင်းမှာပင် သူ႔အား လက်ဆောင်အဖြစ်ပေးခဲ့သည့် Acura NSX ဖြစ်သည်။

အယ်လစ်ဆင်၏ အိမ် ပြင်ဆင်ရန်

အယ်လစ်ဆင်သည် သူပိုင်ဆိုင်သော သန်း ရ၀ တန် Woodside, California ရှိခြံကို မြေရှင်ပဒေသရာဇ်ခေတ် နောက်ပိုင်း ဂျပန် ဗိသုကာလက်ရာအတိုင်း မွန်းမံခဲ့ပြီး ၂.၃ ဧကကျယ်သော လူလုပ်ရေကန်အပါအဝင် မြေငလျင်ဒဏ်ခံ နိုင်အောင်ထပ်မံတိုးချဲ့ခဲ့သည်။ ၂၀၀၄ - ၂၀၀၅ နှစ်များတွင် အဲလစ်ဆင်သည် မာလီဘူး၊ ကယ်လီဖိုးနီးယား စသည့်နေရာများတွင် ဒေါ်လာသန်း ၁၈၀ ကျော် အသုံးပြုကာ မြေ ၊ အိမ်ရာ စသည်တို့ကို ၁၂ ခုထက်မနည်း ဝယ်ယူတိုးချဲ့ခဲ့သည်။ ဒေါ်လာ ၆၅ သန်းကျော်သုံးပြီး မာလီဘူးကမ်းခြေတွင် ၅ ခန်းတွဲ အိမ်ရာအရောင်းအဝယ်လုပ်ငန်းတစ်ခု ပြုလုပ်ခဲ့သည်။ ထိုနှစ်မှာပင် Ron Perelman က Palm Beach ရှိ Florida Compound ကို သန်း ၇၀ ဖြင့် အရောင်းအဝယ်မလုပ်ခင်အထိ အယ်လီဆင် မာလီဘူးမှာပြု လုပ်ခဲ့သည့် အရောင်းအဝယ်က အမေရိကန်ပြည်ထောင်စု သမိုင်းတွင် ငွေကုန်ကြေးကျအများဆုံး အရောင်းအဝယ်တခု ဖြစ်ခဲ့သည်။ သူ၏ အိမ်တွင်းဖျော်ဖြေရေးစနစ်မှာ Rock တေးဂီတပွဲသုံး ရုပ်ရှင်ပြစက်များ၊ အလွန်ကြီးမားသော အသံချဲ့စက်များ ၊ sound box များ တပ်ဆင်ထားပြီး ရေထုတ်မြောင်းပါရှိသော ရေကူးကန်နှင့် ဒေါ်လာ ၁ သန်း ခန့်အကုန်အကျ ခံကာပြုလုပ်ထားခြင်းဖြစ်သည်။

၂၀၁၀ နှစ်စပိုင်းတွင် Newport, Rhode Island ရှိ Astor Beechwood Mansion ကို ဒေါ်လာ ၁၀.၅ သန်းဖြင့်ဝယ်ယူခဲ့ သည်။ ထို Astor Beechwood Mansion မှာယခင်က ကျော်ကြားသော Astor မိသားစု၏ နွေရာသီအပန်းဖြေစခန်းအဖြစ် အသုံးပြုခဲ့သည့်အိမ်ဖြစ်သည်။

ပရဟိတလုပ်ငန်းများသို့လှူဒါန်းခြင်း ပြင်ဆင်ရန်

Oracle ရဲ့ရှယ်ယာတန်ဖိုးသည် ဒေါ်လာ ၁ဘီလီယံနီးပါး မြင့်တက်ခဲ့ရခြင်းမှာ အယ်လစ်ဆင်၏ ရောင်းအားမှု ဖြစ်ကြောင်း အတွင်းသတင်း ပေါက်ကြားခဲ့မှုကြောင့် ဒေါ်လာ သန်း ၁၀၀ သူ႔ကိုယ်ပိုင် ပရဟိတလုပ်ငန်း အဖွဲ့အစည်းကို လှူဒါန်းရန် အမိန့်ချခြင်းခံခဲ့ရသည်။ California မှ ရှေ့နေတဦးက အယ်လစ်ဆင်၏ ဥပဒေရေးရာ ဝန်ဆောင်ခအဖြစ် ဒေါ်လာ ၂၄ သန်းကို Oracle မှ ပေးချေ ခွင့်ကို ငြင်းပယ်ခဲ့သည်။ အယ်လစ်ဆင်၏ ရှေ့နေက “ အကယ် ၍ ထိုအခကြေးငွေကို ပေးချေခဲ့လျှင် အယ်လစ်ဆင်က အပြစ်လုပ်ခဲ့သည် ဟူသော ဝန်ခံချက်တခု အဖြစ် အဓိပါ္ပယ်ကောက်ယူကြလိမ့်မည်” ဟုဆိုကာ ထိုငွေကို ပေးချေရန် ငြင်းဆိုခဲ့သည်။

Ellison ၏ Standford တက္ကသိုလ်သို့ ပရဟိတ အလှူငွေ လှူဒါန်းမှုသည် အဆိုပါ ကိစ္စရပ်များနှင့် ပက်သက်ပြီး Oracle ၏ ကောင်းမှုကို အကဲဖြတ် တိုင်းတာခဲ့ကြသည့် Standford တက္ကသိုလ်သို့မှ ပါမောက္ခနှစ်ဦး ၏ လွပ်လပ်ခွင့်အပေါ် တွင်ပြသာနာ တစ်ခုဖြစ်ခဲ့သည်။ စက်တင်ဘာ ၁၁ အကြမ်းဖက်တိုက်ခိုက်မှု ့ကိုတုန် ့ပြန်သောအားဖြင့် နိုင်ငံသားများ၏ အချက်အလက်များကို database တခုတည်ဆောက်ပြီး ထိုအချက်အလက်များနှင့်အလုပ်လုပ်နိုင်သည့် သက်သေခံ ကဒ်ပြားများထုတ်လုပ်ပေးနိုင်မည့် ဆော့ဝဲတခုလှူဒါန်းရန် အမေရိကန် ဗဟိုအစိုးရသို႔ကမ်းလှမ်းမှု ပြုလုပ်ခဲ့သည်။

၂၀၀၂ တွင် အယ်လစ်ဆင်၏ ဇရာကိုဆန်႔ကျင်သည့် ဆေးဝါးသုတေသနလုပ်ငန်း ခေါင်းဆောင်ပိုင်းက အယ်လစ်ဆင်သည် နှစ်အလိုက် သတ်မှတ်ထားသည့်အသုံးစရိတ်ကို ဒေါ်လာ ၃၅ သန်းမှ သန်း ၁၀၀ အထိ မြှင့်တင်ပေးနိုင်မည်ဟု ယုံကြည်ကြောင်းဖော်ပြခဲ့သည်။ ၂၀၀၄ Forbes Magazine မှ အမေရိကန်မှအချမ်းသာဆုံးပုဂ္ဂိုလ် ၄၀၀ ၏ ပရဟိတလုပ်ငန်းများအတွက် လှူဒါန်းသော အလှူငွေများကို ဖော်ပြရာတွင် အယ်လစ်ဆင် ယမန်နှစ် (၂၀၀၃)က လှူဒါန်းခဲ့သောငွေမှာ သူ၏ချမ်းသာကြွယ်ဝမှုအား လုံး၏ ၁ % ဖြစ်သော ဒေါ်လာ ၁၅၁,၀၉၂,၁၀၃ ဖြစ်သည်ဟုဖော်ပြခဲ့သည်။ ၂၀၀၆ ဂျွန်တွင် အယ်လစ်ဆင်က ဟားဗတ်တက္ကသိုလ်သို႔ ဒေါ်လာ ၁၁၅ သန်းပေးလှူမည့် အစီအစဉ်မှာ သမ္မတ လောရင့် ဆန်းမား ထွက်သွားသောကြောင့် ပျက်ပြယ်ခဲ့ပြီဖြစ်ကြောင်း ကြေညာ ခဲ့သည်။၂၀၁၀ ဩဂုတ်တွင် “ အယ်လစ်ဆင်သည် ဘီလီယံနာ အယောက် ၄၀ တွင် တယောက်အပါအဝင်ဖြစ်ပြီး ပေးလှူမည်ဟု ကတိပေး လက်မှတ်ရေးထိုးခဲ့ကြောင်း “ ကြေညာခဲ့သည်။

အယ်လစ်ဆင်ကသူ႔ရဲ့စာထဲမှာ “ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ယုံကြည်အပ်နှံထားခဲ့တဲ့ ငါပိုင်ဆိုင်တဲ့ ပစ္စည်း ဥစ္စာအားလုံးရဲ့အနဲဆုံး ၉၅ % ကိုပရဟိတလုပ်ငန်း များမှာပေးလှူမယ်လို႔ သန္နိဋ္ဌာန်ချထားခဲ့တယ်။ ဆေးဘက်ဆိုင် ရာသုတေသန လုပ်ငန်းများ၊ ပညာရေးနဲ့ဆိုင်သည့် လုပ်ငန်းများကို ဒေါ်လာသန်းပေါင်းများ စွာပေးလှူခဲ့ပြီးပြီ။ အခု ဒေါ်လာဘီလီယံ ပေါင်းများစွာ ထပ်ပြီးတော့ပေးလှူဦးမယ်။ အခုချိန်ထိ ငါ ပေးလှူတဲ့အလုပ်ကို တိတ်တိတ်ဆိတ်ဆိတ် သိုသိုသိပ်သိပ် နဲ႔လုပ်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပရဟိတလုပ်ငန်းတွေကိုပေးလှူတဲ့ အလုပ်ဟာ ကိုယ်ပိုင်ကိုယ်တိုင်လုပ်ရမဲ့ အလုပ်ဖြစ်တယ်လို့ ဟိုးအရင်ကတည်းကယုံကြည်ခဲ့လို့ပဲ။ ” လို့ရေးသားခဲ့သည်။

အပိုဆောင်းကြည့်ရှုစရာများ ပြင်ဆင်ရန်