လဟုဘဏ်ဟူသည် ရဟန်းတော်များအတွက် ပေါ့ပါးသော အသုံးအဆောင်များ ဖြစ်၍ ခွဲဝေ ပေးကောင်းသော ပစ္စည်းများ ဖြစ်သည်။ ဒါယကာတို့က ပစ္စည်းတစ်ခုခု ပေးလှူလျှင် လဟု ဘဏ် ပရိက္ခရာဖြစ်က မိမိကိုယ်တိုင် ပုဂ္ဂလိကအဖြစ် သုံး ဆောင်လိုက သုံးဆောင်နိုင်သည်။ သံဃာများအတွက် သံဃိက ပစ္စည်းအဖြစ် ထားလိုကလည်း ထားနိုင်သည်။ အခြားသံဃာ များအား ခွဲဝေပေးလိုကလည်း ပေးဝေနိုင်သည်။ ထိုကြောင့် ပေါ့ပါးသော အသုံးအဆောင် ဟုခေါ်သည်။

ဂရုဘဏ်ကား ဤကဲ့သို့ မဟုတ်ပေ။ မဝေဖန်ကောင်းသော ပစ္စည်းများ ဖြစ်သည်။ အချို့က ဂရုဘဏ်ပစ္စည်းများသည် မိမိရသော်လည်း စောင့်ရှောက်ရုံသာ စောင့်ရှောက်နိုင်သည်။ မိမိလည်း မယူနိုင်၊ သံဃာလည်း မပိုင်ဆိုင်။ အချို့ ဂရုဘဏ် ပစ္စည်းများသည် မိမိအား လှူသော်လည်း မိမိမပိုင်၊ သံဃာနှင့် သာ ဆိုင်၏။ အချို့ ဂရုဘဏ်ပစ္စည်းများသည့် လူ့ဥစ္စာအဖြစ် ဖြင့်သာ သုံးဆောင်ရ၏။ မည်သူမျှ မပိုင်ဆိုင်။ အချို့ ဂရုဘဏ် ပစ္စည်းများသည် ကျောင်းအသုံးအဆောင် အဖြစ်ဖြင့်သာ အမှတ် ထား၍ သုံးဆောင်ရ၏။ မည်သူမျှ မပိုင်ဆိုင်။

လဟုဘဏ် ပစ္စည်းများကား အထက်ပါ ဂရုဘဏ် ပစ္စည်း များကဲ့သို့ ခွဲဝေမပေးကောင်းသောပစ္စည်းများ မဟုတ်၊ ပေါ့ပါး သောပစ္စည်းများ ဖြစ်သောကြောင့် ခွဲဝေပေးကောင်းသော ပစ္စည်း များဟု ဆိုလိုသည်။ ဂရုဘဏ်ပရိက္ခရာ ၂၅ ပါးမှတစ်ပါး အခြားသော သင်္ကန်း၊ သပိတ်၊ ခါးပန်းကြိုး၊ စိတ်ပုတီး၊ ထီး၊ ဘိနပ်၊ ခြင်ယပ်၊ မွေးညပ် စသော ရဟန်းပရိက္ခရာ ဟူသမျှမှာ လဟုဘဏ်ပရိက္ခရာများဖြစ်သည်။ []

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)