လဠိတဂိရိ (လလစ်ဂိရိ) သည် အိန္ဒိယနိုင်ငံ၊ ဩရိသပြည်နယ်တွင် တည်ရှိသည့် ဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ အဓိကစေတီတော်များ၊ နက်နဲသည့် ဗုဒ္ဓရုပ်ပွားတော်များနှင့် ကျောင်းတော်များ (ဝိဟာရများ) စသည်တို့ဖြင့် ပါဝင်ဖွဲ့စည်းထားသည်။ ထိုဒေသတွင် တည်ရှိသည့် ရှေးအကျဆုံးသော နေရာတစ်ခုလည်းဖြစ်သည်။[၁] ထိုနေရာမှ ဗုဒ္ဓ၏ ဓာတ်တော်များကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။ Tantric ဗုဒ္ဓဘာသာကို ဤနေရာတွင် လေ့ကျင့်ခဲ့ကြသည်။

လဠိတဂိရိ
Lalitgiri Mahastupa
လဠိတဂိရိ သည် အိန္ဒိယနိုင်ငံ တွင် တည်ရှိသည်
လဠိတဂိရိ
အိန္ဒိယနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
တည်နေရာIndia
ကိုဩဒိနိတ်20°35′22″N 86°15′02″E / 20.5894°N 86.2506°E / 20.5894; 86.2506ကိုဩဒိနိတ်: 20°35′22″N 86°15′02″E / 20.5894°N 86.2506°E / 20.5894; 86.2506
ဘာသာရေး နှီးနွယ်မှုBuddhism
ပြည်နယ်Odisha
တိုင်းcoastal
နိုင်ငံအိန္ဒိယနိုင်ငံ
လက်ရှိအခြေအနေPreserved

ရတနာဂိရိ (Ratnagiri) နှင့် ဥဒယဂိရိ (Udayagiri) များသည်လည်း ထိုနေရာနှင့် သိပ်မဝေးသည့်နေရာတွင် အတူတကွ တည်ရှိကြပြီး လလစ်ဂိရိနှင့် သုံးမြှောင့်တြိဂံပုံ တည်ရှိသည်။[၂][၃] ရှေးခေတ်မှတ်တမ်းများမှ ၎င်းတို့အားလုံး သို့မဟုတ် တစ်ခုသည် ကြီမားသည့် ပွတ်ပဂီရိဝိဟာရ (Pushpagiri Vihara) ဖြစ်ကြသည်ဟု ဆိုကြသည်။ သို့သော် ယခုအခါတွင် ၎င်းသည် မတူညီသည့်နေရာတွင် တည်ရှိနေသည်။

တည်နေရာ ပြင်ဆင်ရန်

 
Full view of the chaityagriha stupa complex in Lalitgiri

လလစ်ဂိရိသည် သီးခြားရှိနေသည့် Assian တောင်တန်းရှိ Parabhadi နှင့် Landa သဲကျောက်တောင်ကုန်းများ၏ စပ်ဆက်လျက်ရှိသည့်နေရာတွင်တည်ရှိသည့် အဓိကအရေးပါသည့် ဗုဒ္ဓဘာသာနေရာတစ်ခု ဖြစ်သည်။ ၎င်းသည် Cuttack ခရိုင်၊ Mahanga Tahsil တွင် တည်ရှိသည်။ ဩရိသပြည်နယ်၏ မြို့တော်ဖြစ်သည့် Bhubaneswar မှ ၉၀ ကီလိုမီတာ (၅၆ မိုင်) အကွာတွင် တည်ရှိသည်။[၁][၂] ယခင်မြို့တော်ဖြစ်သည် Cuttack သည် ၆၀ ကီလိုမီတာ (၃၇ မိုင်) အကွာတွင် တည်ရှိသည်။ ဥဒယဂိရိ (Udaigiri) သည် လလိတဂိရိမှ ၈ ကီလိုမီတာ (၅ မိုင်) အကွာတွင် တည်ရှိသည်။ ရတနာဂိရိ (Ratnagiri) သည် ၁၂ ကီလိုမီတာ (၇.၅ မိုင်) အကွာတွင်တည်ရှိသည်။ Cuttack မှဆိုပါက လမ်းသည် ကောင်းမွန်ပြီး နိုင်ငံ၏ ကျန်သည့်နေရာဒေသများသို့ ရထားလမ်း၊ ကားလမ်းနှင့် လေကြောင်းလမ်းများဖြင့် ဆက်သွယ်ထားသည်။

သမိုင်း ပြင်ဆင်ရန်

ရှေးဟောင်းသုတေသနဆိုင်ရာ ရှာဖွေမှုများ ပြင်ဆင်ရန်

ပြတိုက် ပြင်ဆင်ရန်

ကျမ်းစာများ ပြင်ဆင်ရန်

ပြင်ပလင့်များ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Excavated Buddhist site, Laitagiri။ Archaeological Survey of India။ 26 September 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 January 2021 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ Lalitgiri။ Government of Odisha: Department of Tourism။ 2015-09-24 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  3. Kumar၊ Arjun။ "Sounds of silence at Buddhist sites in Odisha, Ratnagiri-Udayagiri-Lalitgiri"၊ 22 March 2012။