လာပက်မြို့သည် တောင်အမေရိကတိုက်ရှိ ဗိုလစ်ဗီးယားနိုင်ငံ၏ အဓိကမြို့ကြီးဖြစ်၍ မြို့တော်လည်းဖြစ်ပေသည်။ တရားဝင်မြို့တော်မှာ ဆူကရေးမြို့ဖြစ်သော်လည်း အစိုးရ၏ လုပ်ငန်းအဝဝ ကို လာပက်မြို့၌ လုပ်ကိုင်ဆောင်ရွက်ကြသည်။ လာပက်မြို့သည် ဗိုလစ် ဗီးယားနိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေး၊ စက်မှုလုပ်ငန်းနှင့် ယဉ်ကျေးမှုတို့၌ လည်း အချက်အချာဌာနဖြစ်၏။

လာပက်မြို့သည် ကမ္ဘာပေါ်ရှိ မြို့တော်များအနက် အမြင့်ဆုံးသော နေရာ၌တည်ရှိသော မြို့တော်ဖြစ်၏။ အန်းဒီးတောင်များ၏ ချိုင့်ဝှမ်းတစ်ခု တွင် ပင်လယ်ပြင်အထက်ပေ ၁၂၄၅ဝ အမြင့်၌တည်ရှိသည်။ ဆီးနှင်းများ ဖုံးလွှမ်းလျက်ရှိသော တောင်ထွတ်များသည် မြို့ကိုအုပ်မိုးလျက်ရှိသည်။ လာပက်မြို့အနီးရှိ ချာကတ်တယာတောင်သည် တစ်နှစ်ပတ်လုံးစကီးစီးရာ ကစားစခန်းဖြစ်သည်။ စကီးစီးရာ၌ အမြင့်ဆုံးနေရာလည်း ယင်းတောင် ထက်တွင်ရှိ ပေ ၁ရဝဝဝ မျှမြင့်သည်။ လာပက်မြို့သည် တီတီကာကာ အိုင်နှင့် ၄၇ မိုင် ကွာဝေးသည်။

လာပက်မြို့ရှိ လမ်းများသည် ကျဉ်း၍တဖြည်းဖြည်းမြင့်တက်သွား သည်။ မြို့မှာ ခေတ်မီ၍ ခရီးသည်တင်ဓာတ်ရထားများရှိသည်။ အခြားမြို့ ကြီးများနှင့်လည်း လေကြောင်းလမ်း၊ ရထားလမ်းနှင့် ကားလမ်းများပေါက် သဖြင့် အဆက်အသွယ်လွယ်ကူသည်။ မြို့တွင် စည်ကားသောရပ်ကွက်မှာ ပလာဇာမူရီလျှို ပန်းခြံတစ်ဝိုက်ပင်ဖြစ်၏။ ယင်းပန်းခြံတစ်ဝိုက်တွင် အမျိုး သားနန်းတော်၊ ကွန်ဂရက်အဆောက်အအုံ၊ ကသီဒရယ်ဘုရားရှိခိုးကျောင်းနှင့် နာမည်ကြီးဟိုတယ်များကို တွေ့မြင်နိုင်ပေသည်။ လာပက်မြို့ရှိ အချို့ဘုရား ရှိခိုးကျောင်းများသည် ခရစ် ၁၅ဝဝ ပြည့်နှစ်လွန် နှစ်များကပင် တည် ဆောက်ခဲ့သော ဘုရားရှိခိုးကျောင်းများဖြစ်၏။ လာပက်မြို့တွင် စန်အန်ဒရီ တက္ကသိုလ်နှင့် အထက်တန်းပညာသင်ကျောင်းများလည်းရှိသည်။ လာပက်မြို့ရှိ စက်ဂရုံများမှ အရက်၊ စည်သွတ်အစားအစာ၊ စီးကရက်၊ ဘိလတ်မြေ၊ အထည်အလိပ် စသည်တို့ထုတ်လုပ်သည်။ လာပက်မြို့ကို ခရစ် ၁၅၄၈ ခုနှစ်တွင် အာလွန်ဆိုသေမင်ဒိုး ဆားက တည်ထောင်ခဲ့သည်။ မြို့တည်စက လာဆယူးသ်တသေနျူအက်စဘ ရာစီနော်ရာ သေလာပက်ဟူ၍ မှည့်ခေါ်ခဲ့သည်။ 'ကျွန်ပ်တို့၏ ငြိမ်းချမ်းရေး သခင်မ၏မြို့တော်' ဟူ၍ အဓိပ္ပာယ်ရသည်။ ၁၈၂၇ ခုနှစ်တွင် လာပက်သေအာယာကူချိုဟူ၍ အမည်ကိုပြောင်းလိုက်သည်။ အာယာကူချိုမှာ ငြိမ်းချမ်းရေးဟု အဓိပ္ပာယ်ရသည်။ စပိန်တို့၏ လက်အောက်ခံဘဝမှ လွတ် မြောက်ရေးအတွက် ဗိုလစ်ဗီးယန်းတို့တိုက်ခဲ့သော တိုက်ပွဲတစ်ခုကို အမှတ်ရ သောအားဖြင့် ဤသို့ပြောင်းလဲခေါ်ဝေါ်ခြင်းဖြစ်၏။ ၁၈၉၈ ခုနှစ်တွင် ဗိုလစ်ဗီယားနိုင်ငံ၏ မြို့တော်ဖြစ်လာသည်။ ၁၉ဝဝ ပြည့်နှစ်အလွန်တွင် လူဦးရေ အထူးတလည် လျင်မြန်စွာ တိုးတက်လာသည်။ လာပက်မြို့ရှိ လူဦးရေမှာ ၃၆၁ဝဝဝ (၁၉၆၅ ခုနှစ်)ခန့်ဖြစ်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)